Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ပူးတွဲစီမံကိန်းများအတွက် ဖုန်းဆက်ဆွေးနွေးမှု ပြုလုပ်

ရောင်နီ (NP News) - ဇွန် ၈ 

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမတ်ဘင်းဆယ်လ်မန်ဟာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၇ ရက်) က ဖုန်းခေါ်ဆို စကားပြောခဲ့ပြီး စွမ်းအင်စျေးနှုန်းနဲ့ တခြားအရေးကြီး ကိစ္စရပ်တွေအတွက် ဆွေးနွေးခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ 

အဲဒီဖုန်းခေါ်ဆိုမှုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် ဆော်ဒီအာရေးဗီးယားကို အင်္ဂါနေ့( ဇွန်လ ၆ ရက်) က ရောက်ရှိခဲ့ပြီး အိမ်ရှေ့မင်းသားဆယ်လ်မန်နဲ့ တွေ့ဆုံမှုအပြီးမှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။        

အဆိုပါ ဖုန်းခေါ်ဆိုမှုကို ရုရှားမှ စတင်ခေါ်ဆိုခဲ့တာဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးလုံးက "ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး ပိုမိုတည်ဆောက်ဖို့၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး ထောက်ပံ့ရေးနဲ့ စွမ်းအင်နယ်ပယ်မှာ အလားအလာရှိတဲ့ ပူးတွဲပရောဂျက်များ အကောင်အထည်ဖော်ဖို့အတွက် အထူးအာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

၎င်းတို့ဟာ “ကမ္ဘာ့စွမ်းအင်ဈေးကွက် တည်ငြိမ်မှု ရှိစေရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး OPEC+ မှာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်တင်ရေးနဲ့ မကြာသေးမီက ရေးရိုက်မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးအဆင့် အစည်း အဝေးမှ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၇ ရက်) က အဆိုပါ ခေါင်းဆောင်နှစ်ဦးရဲ့ဖုန်းခေါ်ဆိုမှုမတိုင်ခင် ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးရိုက်ကော့ဟာ ဆော်ဒီနိုင်ငံ၊ ရေးရိုက်မှာ  ဆော်ဒီနိုင်ငံခြားရေးဌာနရဲ့ မူဝါဒရေးဆွဲရေး ဒါရိုက်တာ ရေးကရင်မလီ နဲ့တွေ့ဆုံခဲ့ပြီး အစုလိုက်အပြုံလိုက် အပျက်အစီးမဲ့ လက်နက်မပြန့်ပွားရေးပြဿနာ အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနေ့မတိုင်ခင် အင်္ဂါနေ့(ဇွန်လ ၆ ရက်) ကတော့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကို ဂျဒ်ဒါမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မတ်လက  ဆော်ဒီအာရေဗီးရားနဲ့ အီရန်ရဲ့ဆက်ဆံရေးကို ပုံမှန်ဖြစ်စေဖို့ တရုတ်နိုင်ငံက ကူညီပေးခဲ့ပြီးနောက်ပိုင်း  ဘလင်ကန်ရဲ့ပထမဆုံးအကြိမ် ဆော်ဒီခရီးစဉ်ပဲဖြစ်ပါတယ်။ 

၄င်းတို့ဆွေးနွေးပွဲဟာ မိနစ် ၁ဝဝ ခန့်ကြာမြင့်ပြီး ဆူဒန်နဲ့ ယီမင်ရှိ ပဋိပက္ခများ၊ အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြန် ဖြစ်နိုင်ခြေနဲ့ ဆော်ဒီအာရေးဗီးယားရှိ လူ့အခွင့်အရေးတို့ကို ထိထိရောက်ရောက် ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဆော်ဒီအစိုးရက အဆိုပါတွေ့ဆုံမှုကို အသိအမှတ်ပြုခဲ့ပေမယ့်  အသေးစိတ်အချက်အလက်တွေ ပြောကြားခြင်း မရှိခဲ့ပါဘူး။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းရွှေဈေး နှင့် ဒေါ်လာဈေး အမြင့်ပိုင်းတွင်ရှိနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved