နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ဝမ်ငွေ(၄၈ဝဝဝ)ကို ပြောင်းလဲကောက်ခံမည်ဟု ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးအသိပေး
စော (NP News) - ဇွန် ၈
နိုင်ငံကူးလက်မှတ် လုံခြုံရေးအဆင့်အတန်းအား မြှင့်တင်ထားသည့်အတွက် ဝမ်ငွေ(၄၈ဝဝဝ)ကို ပြောင်း လဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့(ဇွန်လ ၇ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းတိုးမြှင့်ခြင်းကို ကိုရီယားဝမ်ငွေ (၄ဝဝဝဝ)ကောက်ခံကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုအခါတွင် မြန်မာနိုင်ငံကူးလက်မှတ်များ၏ လုံခြုံရေးအား အဆင့်မြှင့်တင်ထားပြီး မြန်မာနိုင်ငံကူးလက်မှတ် MH ဖြင့် စတင်မည်ဖြစ်သောကြောင့် စာအုပ်တန်ဖိုးအား တိုးမြှင့်ကောက်ခံရန် သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် အဆိုပါ MHဖြင့် ထုတ်ပေးမည့် မြန်မာနိုင်ငံကူးလက်မှတ်များကို (ဇွန်လ ၁၁ ရက်)မှ စတင်၍ ကိုရီးယားဝမ်ငွေ(၄၈ဝဝဝ)သို့ ပြောင်းလဲကာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် သက်တမ်းလွန်ဒဏ်ကြေး၊ နှစ်ကျော်ဒဏ်ကြေးနှင့် စာအုပ်ပျောက်ဆုံးမှုဒဏ်ကြေးများကို ယခင်ဈေးအတိုင်းပြောင်းလဲမှုမရှိဘဲ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် (မေလ ၃ဝ)ရက်တွင် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ယန်းငွေ (၅ဝဝဝ)ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေဘေးသင့်ဒေသများအတွက် ထိုင်းနိုင်ငံအခြေစိုက် The First Good Man Group ကုမ္ပဏီမှဘတ်ငွေ (၂)သိန်း လှူဒါန်း
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း