မြန်မာနိုင်ငံ၌ အွန်လိုင်းထီစနစ်ကို စတင်ကျင့်သုံးမည်
Pearl (NP News) - ဇွန် ၈
မြန်မာနိုင်ငံ၌ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက် အရသိရသည်။
အဆိုပါ ဖွင့်လှစ်ပွဲအခမ်းအနားအား ယနေ့ (ဇွန်လ ၈ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်တွင် ပါတနာအဖြစ် Telecom International Myanmar Co,ltd (Mytel) က လုပ်ဆောင်မည် ဖြစ် ကြောင်း သိရသည်။ အောင်ဘာလေထီလက်မှတ်ကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရေးအတွက် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Service Provider လုပ်ငန်းတစ်ခုကို ရွေးချယ်ငှားရမ်းခြင်းဆောင်ရွက်သွားရန် ပြီးခဲ့ သည့် ၂ဝ၂၁ ခုနှစ် စက်တင်ဘာလကတည်း စိတ်ပါဝင်စားမှုဖော်ပြချက်(EOI) အဆိုပြုလွှာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ခေါ်ယူခဲ့သည်။
အွန်လိုင်းထီလက်မှတ် တန်ဖိုးသည် တစ်စောင်လျှင် ငွေကျပ် (၁ဝဝဝ)ကျသင့်မည်ဖြစ်ပြီး ကံစမ်းထားသည့် ထီလက်မှတ်စောင်ရေနှင့် ကျသင့်တန်ဖိုးကို ထီကံစမ်းသူ၏ အောင်ဘာလေ အက်ပလီကေးရှင်း မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သည့် ဖုန်းနံပါတ်သို့ စာတို (SMS) ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆုမဲအမျိုးအစားတစ်ခုခု ကံထူးခဲ့ပါကလည်း အပလီကေးရှင်းမှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သည့် ဖုန်းနံပါတ် သို့ ထီကံထူးရှင်ဖြစ်ကြောင်း လျှို့ဝှက်ကုဒ်ပါဝင်သော စာတို (SMS) ပေးပို့၍ အကြောင်းကြားမည်ဖြစ်ကြောင်း သိရ သည်။
သို့သော် လျှို့ဝှက်ကုဒ်ပါဝင်သော စာတို (SMS) အား အထောက်အထားအဖြစ် တင်ပြနိုင်သူကိုသာ ထီဆုငွေ ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ငွေကျပ် (၁ဝ)သိန်းနှင့်အောက် ဆုမဲများ၏ ထီဆုငွေကို ထီကံထူးရှင်(ကိုယ်တိုင်) အသုံးပြုသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအသိအမှတ်ပြုထားသည့် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ အီလက်ထရောနစ်ငွေပေး ချေမှုစနစ်များသို့ တိုက်ရိုက် လွှဲပြောင်းခြင်းဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆုငွေကျပ် (၁ဝ)သိန်းအထက်ရရှိသူများသည် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲရုံးနှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ရုံးခွဲ) တို့တွင် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ဆုငွေများကို အောင်ဘာလေသိန်းဆုထီပေါက်စဉ်ကြေညာသည့်နေ့မှ တစ်နှစ်အတွင်း တောင်းခံနိုင်ပြီး သတ်မှတ် ကာလအတွင်း တောင်းခံခြင်းမရှိသည့် ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ဒဂုံတွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားရာ ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း