မုံရွာ၌ ဘတ္ထရီအားသွင်းရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၈)လုံးဆုံးရှုံး
NP News - ဇွန် ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၌ ယနေ့ (ဇွန်လ ၇ ရက်)တွင် ဘတ္ထရီအိုးအားသွင်းရာမှ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၁၈)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုသည် ယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီးရှိ (၂)ထပ်နေအိမ်၏ အပေါ်ထပ်ရှိ အင်ဗာတာ ဘတ္ထရီအိုးကို အားသွင်းထားချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံရံကိုမီးကူးစက်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့မီးသတ်တပ်ဖွဲ့မှသိရသည်။
"ဘတ္ထရီပေါက်ကွဲတော့ အိမ်နံရံကလည်း ကျူထရံကာဆိုတော့ မီးကူးသွားတယ်။ အများစုကတော့ (၁ဝ) ပေပတ်လည်တဲ အများဆုံးလောင်သွားတာပါ။ အိမ်တွေကလည်းစိတ်တော့ နေအိမ်(၁၈)လုံးမီးလောင်သွားတယ်။ level 3 သတ်မှတ်ပြီးမီးငြိမ်းခဲ့ပါတယ်"ဟု မုံရွာမြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မီးလောင်၍ နေအိမ်(၁၈)လုံးပျက်စီးခဲ့ပြီး အများစုသည် ကျူထရံကာအိမ်များဖြစ်ခြင်းကြောင့် ကာလ တန်ဖိုး ကျပ်သိန်း(၁ဝဝ)ကျော်ဆုံရှုံးခဲ့ကြောင်း သိရသည်။ သို့သော် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခြင် မရှိကြောင်းသိရသည် ။
မီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ် နှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့သည့်အတွက် မီးလောင်ပြီး (၁)နာရီအကြာခန့်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုကြောင့် အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၇ဝ)ခန့် မီးဘေးသင့်ခဲ့ရပြီး နီးစပ်ရာနေအိမ်များတွင် ခေတ္တနေထိုင်နေကြရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့၌ အဆောက်အအုံများထိခိုက်ပျက်စီးမှုရှိခဲ့ သည့်အပြင် (၂)ဦးထက်မနည်းသေဆုံးခဲ့
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း