မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် လစ်လပ်လျက်ရှိသော ကြီးကြပ်ရေးမှူးနှင့်ဒုကြီးကြပ်ရေးမှူး ရာထူးများကို လျှောက်ထားနိုင်ဟုဆို
စော (NP News) - ဇွန် ၆
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၌ လစ်လပ်လျက်ရှိသော ကြီးကြပ်ရေးမှူးနှင့် ဒုတိယကြီးကြပ်ရေးမှူး ရာထူးနေရာများကို လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ယမန်နေ့(ဇွန်လ ၅ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
လျှောက်ထားလိုသူများသည် ဇွန်လ (၃ဝ)ရက် နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ Email ဖြင့်လည်းပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် အင်ဂျင်နီယာဘွဲ့နှင့် နည်းပညာဘွဲ့ရရှိသူများလည်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ ကွန်ပျူတာနှင့်ပတ်သတ်သည့် အခြားကျွမ်းကျင်မှုနှင့် English 4 skills ကျွမ်းကျင်ရန်လိုအပ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစက၏ ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီပေါင်း(၅ဝ) မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ရာ (၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုထား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း