နစက၏ ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီပေါင်း(၅ဝ) မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ရာ (၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုထား
မျိုးကြီး (NP News) - ဇွန် ၆
နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီပေါင်း(၅ဝ) မှတ်ပုံတင်ပြန်လည်လျှောက် ထားခဲ့ရာ လက်ရှိ၌ (၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သတင်းရရှိသည်။
ထိုသို့ မှတ်ပုံတင်ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီများအနက် လတ်တလောကာလအထိ ပါတီပေါင်း(၂၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကော်မရှင်၏ အချက်အလက်များအရ သိရသည်။
မှတ်ပုံတင်ခွင့်ပြုချက်ရထားသော ပါတီများထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦး ဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအသစ်အဖြစ် မှတ်ပုံတင်လျှောက်ထားသော အဖွဲ့အစည်းစုစုပေါင်း(၁၃)ဖွဲ့ရှိပြီး ၎င်းအဖွဲ့များအနက်(၆)ဖွဲ့ကို နိုင်ငံရေးပါတီများအဖြစ် ကော်မရှင်ကမှတ်ပုံတင်ခွင့်ပြုပေးထားကြောင်း သိရသည်။
၎င်းကဲ့သို့ ခွင့်ပြုပေးခဲ့သော နိုင်ငံရေးပါတီအသစ်(၆)ပါတီထဲတွင် နှင်းဆီပါတီဟု လူသိများသောပြည် ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ပါဝင်ကြောင်း ကော်မရှင်၏အချက်အလက်များအရ သိရသည်။
သို့သော် နစက၏ ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်မလျှောက်ထားခဲ့သော နိုင်ငံရေးပါတီအများအပြားရှိခဲ့ပြီး လက်ရှိတွင် ၎င်းပါတီများသည် ဥပဒေအရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံထားရသည်။
ထိုသို့ ဖျက်သိမ်းခြင်းခံထားရသည့် နိုင်ငံရေးပါတီများထဲတွင် လူအများအပြား၏ထောက်ခံမှု ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန်လ ၆ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ