အင်အား (၅ ဒသမ ၆) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မိုးညှင်းမြို့နယ်တစ်ဝိုက်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့
မျိုးကြီး (NP News) - ဇွန် ၁
အင်အားရစ်(ခ)တာစကေး (၅ ဒသမ ၆)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တစ်ဝိုက်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(မေလ ၃၁ ရက်)၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်-အ နောက်မြောက်(၆၈)မိုင်ခန့်ကွာ ဟိုပင်မြို့၏ အနောက်မြောက်(၂၂)မိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အားရစ်(ခ)တာစကေး(၅ ဒသမ ၆) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
“ကသာမြေငလျင်စခန်းကနေ မြောက်အနောက်ဘက် (၆၈)မိုင်ခန့်အကွာမှာ လှုပ်တာပေါ့။ အနီးဆုံးက တော့ ဟိုပင်မြို့ရဲ့အနောက်မြောက်ဘက် (၂၂)မိုင်ခန့်အကွာကို အင်းအားရစ်(ခ)တာစကေး (၅ ဒသမ ၉)နဲ့ပေါ့ အင်အားအနေနဲ့ကတော့ အသင့်အတင့်ရှိတာပေါ့။ အင်အားအသင့်အတင့်ရှိတဲ့အတွက်ကြောင့်မိုလို့ အဲဒီအနီးတစ်ဝိုက် ကသာတို့၊ မိုးညှင်းတို့၊ မိုးကောင်းတို့၊ ကန့်ဘလူတို့မှာတော့ သတိပြုမိတာမျိုးရှိတယ်”ဟု ငလျင်ဌာနခွဲမှ ဒုညွှန်မှူး ဒေါက်တာယဉ်မျိုးမင်းထွေးက NP News ကိုပြောသည်။
ထို့သို့ လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတစ် ဝိုက်တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“လူထိခိုက်တဲ့ သတင်းတော့ တက်မလာသေးဘူးဗျ။ ပစ္စည်းထိခိုက်တဲ့ သတင်းတွေကတော့ ရှိပါတယ်။ ရှိတယ်ဆိုတာက အသေးစိတ်တော့ ဘယ်မှတ်မိမလဲ။ ဘုရားတစ်ချို့ ထိခိုက်ခဲ့တာရှိတယ်။ နောက် စာသင် ကျောင်းတွေ၊ နောက်ရွာမုခ်ဦးတွေ အဲဒါလေးတွေတော့ ထိခိုက်ခဲ့တာရှိပါတယ်”ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းက NP News ကို အတည်ပြုပြောဆိုထားသည်။
လက်ရှိတွင် မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို အမြန်ဆုံးပြင်ဆင်နေကြောင်းလည်း ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ပြောခွင့်ရက ဆက်လက်ပြောဆိုထားသည်။
“မိုးညှင်းမှာတော့ အရမ်းကြီးထိခိုက်တာမျိုးမရှိဘူး။ အင်းတော်ကြီးဘက်ပဲ ထိခိုက်တာ များတယ်။ လမ်းတွေ အက်ခွဲကုန် တာရှိတယ်။ အုတ်တံတိုင်းတွေလည်း ပြိုကျတာတွေ ရှိတယ်။ ငလျင်လှုပ်တာက အ တော် ကြမ်းတယ်။ တော်တော်လေးခါတယ်။ လှုပ်တာတော့ အရမ်းကြီး မကြာပါဘူး” ဟု မိုးညှင်းဒေသခံတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။
မြေငလျင်သည် အချိန်မရွေးဖြစ်ပေါ်နိုင်သော သဘာဝဘေးတစ်မျိုးဖြစ်သည့်အတွက် ငလျင်ဘေးနှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားသင့်ကြောင်းလည်း ဒုညွှန်မှူးဒေါက်တာယဉ်မျိုးမင်းထွေးက အကြံပြုတိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထိုမြို့၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၃)ဦးအပါအဝင် (၆)ဦးထိခိုက်ဒဏ်ရာရ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း