ကျိုက်ထိုမြို့၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၃)ဦးအပါအဝင် (၆)ဦးထိခိုက်ဒဏ်ရာရ
NP News - ဇွန် ၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၃)ဦးအပါအဝင် လူ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၃၁ ရက်)၊ မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဥ်သည် အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် လှည်းလမ်းကူးကျေးရွာရှိ ဦးစောထွန်း၏ နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဖြစ်စဥ်ဖြစ်သွားတာက မှန်ပါတယ်။ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာမှာဖြစ်တာ။ ရွာမှာရှိနေတဲ့အချိန်မှာ သောင်းကျန်းသူအဖွဲ့ရဲ့လက်နက်ကြီးကျည်က ကျရောက်ပေါက်ကွဲပြီးဖြစ်တာပါ”ဟု မွန်ပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ဦးစောထွန်း(၃၃)နှစ်၊ ဦးထွန်းထွန်းလင်း(၃၇)နှစ်၊ ဒေါ်ဝင်းစန္ဒာမြင့်(၃ဝ)နှစ်၊ မောင်မြင့်မြတ်လင်း(၁၃)နှစ်၊ မောင်သိမ်းပိုက်စိုးစံ (၁၅)နှစ်နှင့် မယွန်းရတီထွန်း(၆)နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသူ (၈)သိန်းကို သုံးလစာ အရေးပေါ်စားနပ်ရိက္ခာနှင့် ငွေသားထောက်ပံ့ပေးရန် စီစဥ်နေဟု WFP ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း