နိုင်ငံအတွင်း၌ ကျန်းမာရေးဝန်ထမ်း (၁)သိန်းကျော်သာရှိပြီး CDM ပြုလုပ်ခဲ့သူသည် (၅)သောင်းနီးပါးအထိရှိခဲ့
မျိုးကြီး (NP News) - မေ ၂၉
နိုင်ငံအတွင်း၌ ကျန်းမာရေးဝန်ထမ်း တစ်သိန်းကျော်သာရှိပြီး CDM ပြုလုပ်ခဲ့သူသည် ငါးသောင်းနီးပါးအထိရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းများသည် ၎င်းတို့၏လုပ်ငန်းခွင်များကို စွန့်ခွာကာ CDM ပြုလုပ်မှုများ ရှိခဲ့သည်။
၎င်းနိုင်ငံရေးဖြစ်စဉ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးဝန်ကြီးဌာနတွင် အရာထမ်း၊ အမှုထမ်း ကျန်းမာ ရေးဝန်ထမ်း (၁ဝ၃၂၁၄)ဦးရှိသည့်အနက် CDM ပြုလုပ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းဦးရေသည် (၄၇၂၅၄)ဦးအထိရှိခဲ့ကြောင်း နစက၏ အချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ဆေးရုံ၊ ဆေးပေးခန်းများ၌ တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်းဦးရေသည် (၅ဝဝဝဝ) ကျော်သာရှိခဲ့ကြောင်း နစကမှ ဆိုထားသည်။
ထို့ပြင် အဆိုပါနိုင်ငံရေးပဋိပက္ခဖြစ်စဉ်များအတွင်း နိုင်ငံအတွင်း၌ ဆေးရုံ၊ ဆေးပေးခန်းစုစုပေါင်း (၁၂၅ဝ၄)ခုရှိခဲ့ရာမှ စုစုပေါင်း (၈၁၉၅)ခု (၆၅ ရာခိုင်နှုန်းကျော်)သာ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူလူထုအား ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တပ်မတော်က နိုင်ငံတော်အာဏရယူပြီးနောက် ကျန်းမာရေးဝန်ထမ်းအများအပြားမှ CDM ပြုလုပ်ခဲ့မှုနှင့်အတူ ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်း မြန်မာနိုင်ငံ၌ ကူးစက်ပြန့်ပွားခဲ့သည့်အတွက် ပြည်သူ လူထုအများအပြား သေဆုံးခဲ့ရသည်။
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်အချိန် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့်အချိန်တွင် CDM ပြုလုပ်သည့်ကျန်းမာရေးဝန်ထမ်းများကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရကြောင်းလည်း နစကဘက်မှ ပြောဆိုမှုများ ရှိခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါလှိုင်းများအနက် တတိယလှိုင်းတွင် မြန်မာပြည်သူ လူထုအများဆုံးခဲ့ပြီး အောက်စီဂျင်ပြတ်လပ်မှု၊ ဆေးရုံဆေးခန်းမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုစသည့် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။
နိုင်ငံတော်တာဝန်ယူခဲ့သော နစကအနေဖြင့်လည်း CDM ဝန်ထမ်းများကို ဖိတ်ခေါ်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်များရှိခဲ့သော်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဝင်ရောက်လာမှုနည်းပါးခဲ့ကြောင်း သိရှိရသည်။
zawgyi version
ႏိုင္ငံအတြင္း၌ က်န္းမာေရးဝန္ထမ္း (၁)သိန္းေက်ာ္သာရွိၿပီး CDM ျပဳလုပ္ခဲ့သူသည္ (၅)ေသာင္းနီးပါးအထိရွိခဲ့
မ်ိဳးႀကီး (NP News) - ေမ ၂၉
ႏိုင္ငံအတြင္း၌ က်န္းမာေရးဝန္ထမ္း တစ္သိန္းေက်ာ္သာရွိၿပီး CDM ျပဳလုပ္ခဲ့သူသည္ ငါးေသာင္းနီးပါးအထိရွိခဲ့ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ပညာေရးဝန္ထမ္း၊ က်န္းမာေရးဝန္ထမ္းမ်ားသည္ ၎တို႔၏လုပ္ငန္းခြင္မ်ားကို စြန႔္ခြာကာ CDM ျပဳလုပ္မႈမ်ား ရွိခဲ့သည္။
၎ႏိုင္ငံေရးျဖစ္စဥ္အတြင္း တစ္ႏိုင္ငံလုံး၌ က်န္းမာေရးဝန္ႀကီးဌာနတြင္ အရာထမ္း၊ အမႈထမ္း က်န္းမာ ေရးဝန္ထမ္း (၁ဝ၃၂၁၄)ဦးရွိသည့္အနက္ CDM ျပဳလုပ္ခဲ့သည့္ က်န္းမာေရးဝန္ထမ္းဦးေရသည္ (၄၇၂၅၄)ဦးအထိရွိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
အဆိုပါကာလအတြင္း ေဆး႐ုံ၊ ေဆးေပးခန္းမ်ား၌ တာဝန္ထမ္းေဆာင္သည့္ က်န္းမာေရးဝန္ထမ္းဦးေရသည္ (၅ဝဝဝဝ) ေက်ာ္သာရွိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ျပင္ အဆိုပါႏိုင္ငံေရးပဋိပကၡျဖစ္စဥ္မ်ားအတြင္း ႏိုင္ငံအတြင္း၌ ေဆး႐ုံ၊ ေဆးေပးခန္းစုစုေပါင္း (၁၂၅ဝ၄)ခုရွိခဲ့ရာမွ စုစုေပါင္း (၈၁၉၅)ခု (၆၅ ရာခိုင္ႏႈန္းေက်ာ္)သာ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ျပည္သူလူထုအား ေဆးကုသေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ တပ္မေတာ္က ႏိုင္ငံေတာ္အာဏရယူၿပီးေနာက္ က်န္းမာေရးဝန္ထမ္းအမ်ားအျပားမွ CDM ျပဳလုပ္ခဲ့မႈႏွင့္အတူ ကိုဗစ္-၁၉ ကပ္ေရာဂါတတိယလႈိင္း ျမန္မာႏိုင္ငံ၌ ကူးစက္ျပန႔္ပြားခဲ့သည့္အတြက္ ျပည္သူ လူထုအမ်ားအျပား ေသဆုံးခဲ့ရသည္။
ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေနသည့္အခ်ိန္ ျပည္သူမ်ားက်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ေနသည့္အခ်ိန္တြင္ CDM ျပဳလုပ္သည့္က်န္းမာေရးဝန္ထမ္းမ်ားေၾကာင့္ ျပည္သူတို႔၏ အသက္အိုးအိမ္စည္းစိမ္မ်ား ဆုံးရႈံးခဲ့ရေၾကာင္းလည္း နစကဘက္မွ ေျပာဆိုမႈမ်ား ရွိခဲ့သည္။
ထိုသို႔ ျမန္မာႏိုင္ငံ၌ ျဖစ္ပြားခဲ့သည့္ ကိုဗစ္ကပ္ေရာဂါလႈိင္းမ်ားအနက္ တတိယလႈိင္းတြင္ ျမန္မာျပည္သူ လူထုအမ်ားဆုံးခဲ့ၿပီး ေအာက္စီဂ်င္ျပတ္လပ္မႈ၊ ေဆး႐ုံေဆးခန္းမလုံေလာက္မႈ၊ က်န္းမာေရးဝန္ထမ္းနည္းပါးမႈစသည့္ ျပႆနာမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။
ႏိုင္ငံေတာ္တာဝန္ယူခဲ့ေသာ နစကအေနျဖင့္လည္း CDM ဝန္ထမ္းမ်ားကို ဖိတ္ေခၚခဲ့ၿပီးေနာက္ ျပန္လည္ဝင္ေရာက္လာသည့္ ႏိုင္ငံ့ဝန္ထမ္မ်ားရွိခဲ့ေသာ္လည္း က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ ဝင္ေရာက္လာမႈနည္းပါးခဲ့ေၾကာင္း သိရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက ပဉ္ဓမမြောက်လူလိုက်ပါတဲ့ အာကာသမစ်ရှင် Shenzhou-16 ကို မနက်ဖြန်တွင် တရုတ်အာကာသစခန်းသို့လွှတ်တင်မည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ