မုန်တိုင်းဘေးသင့်ဒေသများအတွက် ကိုရီယားနိုင်ငံရှိ The Asian Union Forum နှင့် THL Networks ကုမ္ပဏီတို့က ဝမ်(၂)သန်းလှူဒါန်း
စော (NP News) - မေ ၂၉
မိုခါမုန်တိုင်းဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကိုရီယားနိုင်ငံမှ ဝမ်(၂)သန်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့(မေလ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မုန်တိုင်းဘေးသင့်ဒေသများရှိ ပြည်သူများအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယနေ့ (မေလ ၂၉ ရက်)တွင် ဆိုးလ်မြို့အခြေစိုက် THL Networks Co.,Ltd ဥက္ကဋ္ဌ Mr Cheong Sang Jin က ကိုရီယားဝမ်(၁)သန်း နှင့် The Asian Union Forum က ကိုရီးယားဝမ်(၁)သန်းတို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ လာရောက်၍လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် သံအမတ်ကြီးက မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးသည့်အတွက် မြန်မာအစိုးရကိုယ်စားကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
မုန္တိုင္းေဘးသင့္ေဒသမ်ားအတြက္ ကိုရီယားႏိုင္ငံရွိ The Asian Union Forum ႏွင့္ THL Networks ကုမၸဏီတို႔က ဝမ္(၂)သန္းလႉဒါန္း
ေစာ (NP News) - ေမ ၂၉
မိုခါမုန္တိုင္းေဘးသင့္ေဒသမ်ား၌ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားအတြက္ ကိုရီယားႏိုင္ငံမွ ဝမ္(၂)သန္းလႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ယေန႔(ေမလ ၂၉ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
မုန္တိုင္းေဘးသင့္ေဒသမ်ားရွိ ျပည္သူမ်ားအတြက္ အေထာက္အကူျပဳေစရန္ ရည္႐ြယ္၍ ယေန႔ (ေမလ ၂၉ ရက္)တြင္ ဆိုးလ္ၿမိဳ႕အေျခစိုက္ THL Networks Co.,Ltd ဥကၠ႒ Mr Cheong Sang Jin က ကိုရီယားဝမ္(၁)သန္း ႏွင့္ The Asian Union Forum က ကိုရီးယားဝမ္(၁)သန္းတို႔ကို ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕သို႔ လာေရာက္၍လႉဒါန္းခဲ့ရာ ျမန္မာသံအမတ္ႀကီး ဦးသန႔္စင္က အလႉေငြမ်ားကို လက္ခံခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ သံအမတ္ႀကီးက မုန္တိုင္းေၾကာင့္ ထိခိုက္ဆုံးရႈံးခဲ့ရမႈမ်ားကို ရွင္းလင္းေျပာၾကားခဲ့ၿပီး မုန္တိုင္းသင့္ျပည္သူမ်ားအတြက္ လိုအပ္ခ်က္မ်ားကို ပံ့ပိုးေပးသည့္အတြက္ ျမန္မာအစိုးရကိုယ္စားေက်းဇူးတင္ရွိေၾကာင္း ေျပာဆိုခဲ့သည္။
ထို႔ျပင္ အလႉေငြမ်ားအား ျမန္မာႏိုင္ငံသို႔ ဆက္လက္လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံထွက် ရေနံနဲ့ဓါတ်ငွေ့များကို အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံများ ဝယ်ယူနေဆဲဖြစ်ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း