Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံထွက် ရေနံနဲ့ဓါတ်ငွေ့များကို အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံများ ဝယ်ယူနေဆဲဖြစ်ကြောင်း ရုရှားအစိုးရပြော

ဂျန်ဇက် (NP News) - မေ၂၉ 

အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ထားပေမယ့် ရုရှားနိုင်ငံထံကနေ ရေနံ နဲ့ ဓါတ်ငွေ့များ ဝယ်ယူလျက်ရှိနေဆဲဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီး နီကိုလေး ရူဂီနောဗ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားရဲ့ဝင်ငွေရရှိမှုကိုလျှော့ချနိုင်ဖို့ ရုရှားနိုင်ငံရဲ့စွမ်းအင်လုပ်ငန်းကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ပိတ်ဆို့မှုချမှတ်ထားပေမယ့် ရုရှားနိုင်ငံက စွမ်းအင်ဝယ်ယူမှုများရှိနေဆဲဖြစ်ကြောင်း၊ ရုရှားနိုင်ငံထံကနေ တင်ပို့မယ့် စွမ်းအင်ကို ရယူနိုင်ဖို့ဖြေရှင်းနည်းပေါင်းစုံအသုံးပြုနေကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားဟာ အနောက်အုပ်စုနိုင်ငံတွေထံ တင်ပို့နေတဲ့ စွမ်းအင်တင်ပို့ရေးလမ်းကြောင်းကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်းသိရပါတယ်။ ဥရောပသမဂ္ဂနဲ့ G7 အဖွဲ့ဝင်နိုင်ငံများဟာ ရုရှားနိုင်ငံကထွက်ရှိတဲ့ရေနံများကို တစ်စည် အမေရိကန်ဒေါ်လာ (၆ဝ)အောက်နှုန်းနဲ့သာဝယ်ယူဖို့ သဘာတူညီခဲ့သလို ရုရှားနိုင်ငံရဲ့ စွမ်းအင်ထွက်ပစ္စည်းများတင်ပို့ခြင်းကိုတော့ ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့်အမေရိကန်အခြေစိုက် Politico သတင်းဌာနက ရုရှားနိုင်ငံရဲ့ဓါတ်ငွေ့ပိုက်လိုင်းများကို ပိတ်ပင်မှုချမှတ်ခြင်းမရှိတဲ့အတွက် ရုရှားရဲ့ဓါတ်ငွေ့များဟာ ဥရောပတိုက်ကိုပေးဝေနေဆဲဖြစ်ကြောင်း မေလ အစောပိုင်းကဖော်ပြခဲ့ဖူးပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ဟာ ရုရှားနိုင်ငံကနေ ဓါတ်ငွေ့အရည်(LNG) ဝယ်ယူမှုများရှိနေပြီး စပိန်နိုင်ငံက ရုရှားနိုင်ငံရဲ့ (LNG) ဓါတ်ငွေ့ကိုအများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ကြောင်း၊ စပိန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံထွက် (LNG)ကို ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။ ပြင်သစ်နိုင်ငံဟာလည်း ရုရှားနိုင်ငံကတင်ပို့တဲ့ LNG ဓါတ်ငွေ့အရည်ကိုအများဆုံး ဝယ်ယူနေပြီး ၂ဝ၂၂ ခုနှစ်အတွင်းမှာ LNG ဓါတ်ငွေ့အရည် (၁ ဒသမ ၉ သန်း) မက်ထရစ်တန်ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်းမှာ ရုရှားနိုင်ငံကထွက်ရှိတဲ့ LNG ဓါတ်ငွေ့အရည်ကို စပိန်နိုင်ငံက LNG ဓါတ်ငွေ့အရည် ၅၃၃၈ဝဝ မက်ထရစ်တန်၊ ဘယ်လ်ဂျီယံက ရုရှားနိုင်ငံထံကနေ LNG ဓါတ်ငွေ့အရည် ၃၁ဝဝဝ  မက်ရစ်တန်ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနကဖော်ပြထားပါတယ်။


zawgyi version

႐ုရွားႏိုင္ငံထြက္ ေရနံနဲ႔ဓါတ္ေငြ႕မ်ားကို အေမရိကန္နဲ႔အေနာက္အုပ္စုႏိုင္ငံမ်ား ဝယ္ယူေနဆဲျဖစ္ေၾကာင္း ႐ုရွားအစိုးရေျပာ

ဂ်န္ဇက္ (NP News) - ေမ၂၉ 

အေမရိကန္ ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားအေပၚ ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားခ်မွတ္ထားေပမယ့္ ႐ုရွားႏိုင္ငံထံကေန ေရနံ နဲ႔ ဓါတ္ေငြ႕မ်ား ဝယ္ယူလ်က္ရွိေနဆဲျဖစ္ေၾကာင္း ႐ုရွားစြမ္းအင္ဝန္ႀကီး နီကိုေလး ႐ူဂီေနာဗ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ 

ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားရဲ႕ဝင္ေငြရရွိမႈကိုေလွ်ာ့ခ်ႏိုင္ဖို႔ ႐ုရွားႏိုင္ငံရဲ႕စြမ္းအင္လုပ္ငန္းကို ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြဟာ ပိတ္ဆို႔မႈခ်မွတ္ထားေပမယ့္ ႐ုရွားႏိုင္ငံက စြမ္းအင္ဝယ္ယူမႈမ်ားရွိေနဆဲျဖစ္ေၾကာင္း၊ ႐ုရွားႏိုင္ငံထံကေန တင္ပို႔မယ့္ စြမ္းအင္ကို ရယူႏိုင္ဖို႔ေျဖရွင္းနည္းေပါင္းစုံအသုံးျပဳေနေၾကာင္း ႐ုရွားစြမ္းအင္ဝန္ႀကီးဌာနက ေျပာပါတယ္။

႐ုရွားဟာ အေနာက္အုပ္စုႏိုင္ငံေတြထံ တင္ပို႔ေနတဲ့ စြမ္းအင္တင္ပို႔ေရးလမ္းေၾကာင္းကိုေတာ့ အေသးစိတ္ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္းသိရပါတယ္။ ဥေရာပသမဂၢနဲ႔ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ ႐ုရွားႏိုင္ငံကထြက္ရွိတဲ့ေရနံမ်ားကို တစ္စည္ အေမရိကန္ေဒၚလာ (၆ဝ)ေအာက္ႏႈန္းနဲ႔သာဝယ္ယူဖို႔ သဘာတူညီခဲ့သလို ႐ုရွားႏိုင္ငံရဲ႕ စြမ္းအင္ထြက္ပစၥည္းမ်ားတင္ပို႔ျခင္းကိုေတာ့ ပိတ္ပင္ခဲ့ေၾကာင္းသိရပါတယ္။ ဒါေပမယ့္အေမရိကန္အေျခစိုက္ Politico သတင္းဌာနက ႐ုရွားႏိုင္ငံရဲ႕ဓါတ္ေငြ႕ပိုက္လိုင္းမ်ားကို ပိတ္ပင္မႈခ်မွတ္ျခင္းမရွိတဲ့အတြက္ ႐ုရွားရဲ႕ဓါတ္ေငြ႕မ်ားဟာ ဥေရာပတိုက္ကိုေပးေဝေနဆဲျဖစ္ေၾကာင္း ေမလ အေစာပိုင္းကေဖာ္ျပခဲ့ဖူးပါတယ္။

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ဟာ ႐ုရွားႏိုင္ငံကေန ဓါတ္ေငြ႕အရည္(LNG) ဝယ္ယူမႈမ်ားရွိေနၿပီး စပိန္ႏိုင္ငံက ႐ုရွားႏိုင္ငံရဲ႕ (LNG) ဓါတ္ေငြ႕ကိုအမ်ားဆုံး ဝယ္ယူေနတဲ့ ႏိုင္ငံျဖစ္ေၾကာင္း၊ စပိန္ႏိုင္ငံဟာ ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႐ုရွားႏိုင္ငံထြက္ (LNG)ကို ၈၄ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ဝယ္ယူခဲ့ေၾကာင္း Bloomberg သတင္းဌာနကေဖာ္ျပထားပါတယ္။ ျပင္သစ္ႏိုင္ငံဟာလည္း ႐ုရွားႏိုင္ငံကတင္ပို႔တဲ့ LNG ဓါတ္ေငြ႕အရည္ကိုအမ်ားဆုံး ဝယ္ယူေနၿပီး ၂ဝ၂၂ ခုႏွစ္အတြင္းမွာ LNG ဓါတ္ေငြ႕အရည္ (၁ ဒသမ ၉ သန္း) မက္ထရစ္တန္ဝယ္ယူခဲ့ေၾကာင္း Bloomberg သတင္းဌာနကေဖာ္ျပထားပါတယ္။

ဒါ့ျပင္ ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္အတြင္းမွာ ႐ုရွားႏိုင္ငံကထြက္ရွိတဲ့ LNG ဓါတ္ေငြ႕အရည္ကို စပိန္ႏိုင္ငံက LNG ဓါတ္ေငြ႕အရည္ ၅၃၃၈ဝဝ မက္ထရစ္တန္၊ ဘယ္လ္ဂ်ီယံက ႐ုရွားႏိုင္ငံထံကေန LNG ဓါတ္ေငြ႕အရည္ ၃၁ဝဝဝ  မက္ရစ္တန္ဝယ္ယူခဲ့ေၾကာင္း Bloomberg သတင္းဌာနကေဖာ္ျပထားပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းမြို့၌ ဘုရားလာဖူးသည့် ကလေးငယ်(၂)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved