စစ်ကိုင်းမြို့၌ ဘုရားလာဖူးသည့် ကလေးငယ်(၂)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး
စော (NP News) - မေ ၂၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဝါးချက်ကျေးရွာတွင် ဘုရားလာဖူးသည့် ကလေးငယ်(၂)ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၈ ရက်)၊မွန်းလွဲ(၁)နာရီခွဲဝန်းကျင်အချိန်တွင် ဝါးချက်ကျေးရွာ၊ ရှင်ဖြူရှင်လှဘုရားရေဆိပ်၌ ဖြစ်ပွားခဲ့ကြောင်း ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
၎င်းတို့သည် ရှင်ဖြူရှင်လှဘုရားသို့ ဘုရားလာဖူးရာမှ ရေဆင်းကူးရာတွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ရေဆင်းချိုးတာက (၅)ယောက်ဆင်းချိုးတယ်။ (၃)ယောက်ကရေနစ်သွားတာပါ။ တစ်ယောက်ကတော့ အသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်။ ကျန်တဲ့(၂)ယောက်ကတော့ အသက်မပါလာတော့ပါဘူး။ ရေနစ်သွားတဲ့ကလေးတစ်ယောက်က အသက်(၁၄)နှစ် နောက်တစ်ယောက်က အသက်(၁၇)နှစ်ပါ”ဟု ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ရေနစ်သွားသည့် ကလေးငယ်(၂)ဦးအား နာရီဝက်ကျော်ကြာရှာဖွေခဲ့ရပြီး မွန်းလွဲ(၂)နာရီဝန်းကျင်အချိန်တွင်အလောင်းအား ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ရုပ်အလောင်းများကို စစ်ကိုင်းမြို့ ကုတင်(၂ဝဝ)ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
စစ္ကိုင္းၿမိဳ႕၌ ဘုရားလာဖူးသည့္ ကေလးငယ္(၂)ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံး
ေစာ (NP News) - ေမ ၂၉
စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕၊ ဝါးခ်က္ေက်း႐ြာတြင္ ဘုရားလာဖူးသည့္ ကေလးငယ္(၂)ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၈ ရက္)၊မြန္းလြဲ(၁)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ဝါးခ်က္ေက်း႐ြာ၊ ရွင္ျဖဴရွင္လွဘုရားေရဆိပ္၌ ျဖစ္ပြားခဲ့ေၾကာင္း ထုံးဘိုအရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
၎တို႔သည္ ရွင္ျဖဴရွင္လွဘုရားသို႔ ဘုရားလာဖူးရာမွ ေရဆင္းကူးရာတြင္ ေရနစ္ေသဆုံးခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ေရဆင္းခ်ိဳးတာက (၅)ေယာက္ဆင္းခ်ိဳးတယ္။ (၃)ေယာက္ကေရနစ္သြားတာပါ။ တစ္ေယာက္ကေတာ့ အသက္ရွင္လ်က္ကယ္ႏိုင္ခဲ့တယ္။ က်န္တဲ့(၂)ေယာက္ကေတာ့ အသက္မပါလာေတာ့ပါဘူး။ ေရနစ္သြားတဲ့ကေလးတစ္ေယာက္က အသက္(၁၄)ႏွစ္ ေနာက္တစ္ေယာက္က အသက္(၁၇)ႏွစ္ပါ”ဟု ထုံးဘိုအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေရနစ္သြားသည့္ ကေလးငယ္(၂)ဦးအား နာရီဝက္ေက်ာ္ၾကာရွာေဖြခဲ့ရၿပီး မြန္းလြဲ(၂)နာရီဝန္းက်င္အခ်ိန္တြင္အေလာင္းအား ဆယ္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။
၎တို႔၏ ႐ုပ္အေလာင္းမ်ားကို စစ္ကိုင္းၿမိဳ႕ ကုတင္(၂ဝဝ)ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ နတ်ဆရာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း