မန္တလေး၌ နတ်ဆရာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ
NP News - မေ ၂၉
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၌ နတ်ဆရာဖြစ်သူ ကိုဆွေလွင်ဦးသည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၂၈ ရက်)၊ ည ၉ နာရီအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ (၆၂)လမ်းရှိ ကုန်စုံဆိုင်တစ်ခု၌ အထက်ပါကဲ့သို့ လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
အမျိုးသား(၃)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ကာ ဦးဘသန်းကုန်စုံဆိုင်၏ အပေါ်ဆုံးထပ်တွင် ရှိနေသော နတ်ဆရာဖြစ်သူ ဦးဆွေလွင်ဦး(ခ)ဦးအောင်မျိုးဆွေကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဆိုင်ကယ်တစ်စီးဖြင့် လာရောက်လုပ်ကြံသူ(၃)ဦးသည် သေနတ်အတို(၁)လက်၊ ဓါးရှည်(၁)ချောင်းတို့ကို သယ်ဆောင်လာကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ကြံခံရမှုကြောင့် နတ်ဆရာဖြစ်သူသည် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုထားသည်။
၎င်းကဲ့သို့ ပစ်ခတ်လုပ်ကြံမှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးစုံစမ်းမှုများပြုလုပ်ခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။
zawgyi version
မႏၲေလး၌ နတ္ဆရာတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံရ
NP News - ေမ ၂၉
မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၌ နတ္ဆရာျဖစ္သူ ကိုေဆြလြင္ဦးသည္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၂၈ ရက္)၊ ည ၉ နာရီအခ်ိန္ခန႔္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ျပည္ႀကီးမ်က္ရွင္ရပ္ကြက္၊ (၆၂)လမ္းရွိ ကုန္စုံဆိုင္တစ္ခု၌ အထက္ပါကဲ့သို႔ လုပ္ႀကံခံခဲ့ရျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။
အမ်ိဳးသား(၃)ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ လာေရာက္ကာ ဦးဘသန္းကုန္စုံဆိုင္၏ အေပၚဆုံးထပ္တြင္ ရွိေနေသာ နတ္ဆရာျဖစ္သူ ဦးေဆြလြင္ဦး(ခ)ဦးေအာင္မ်ိဳးေဆြကို ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ဆိုင္ကယ္တစ္စီးျဖင့္ လာေရာက္လုပ္ႀကံသူ(၃)ဦးသည္ ေသနတ္အတို(၁)လက္၊ ဓါးရွည္(၁)ေခ်ာင္းတို႔ကို သယ္ေဆာင္လာကာ လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ လုပ္ႀကံခံရမႈေၾကာင့္ နတ္ဆရာျဖစ္သူသည္ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ကာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုထားသည္။
၎ကဲ့သို႔ ပစ္ခတ္လုပ္ႀကံမႈျဖစ္ပြားခဲ့ၿပီးေနာက္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ အခင္းျဖစ္ပြားရာေနရာကို စစ္ေဆးစုံစမ္းမႈမ်ားျပဳလုပ္ခဲ့ၿပီး က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရး လိုက္လံရွာေဖြေနေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့ တင်းမာမှုတွေရှိနေချိန်မှာပဲ အမေရိကန်၊ ဖိလစ်ပိုင် နဲ့ ဂျပန်တို့ သုံးနိုင်ငံပေါင်းပြီး စစ်ရေးလေ့ကျင့်မယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း