၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကျင်းပမည်
ယွန်း (NP News) - ဒီဇင်ဘာ ၂၉
၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့(ဒီဇင်ဘာလ ၂၉ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ မတ်လ(၁၈)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စာမေးပွဲဖြေဆိုရမည့် အချိန်မှာ နံနက်(၉)နာရီမှ နံနက်(၁၂)အထိဖြစ်ပြီး မတ်လ (၈) ရက်၊ (၉)ရက် နှင့် (၁ဝ)ရက်တို့တွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
မတ်လ(၁၁)ရက်နှင့် (၁၂)ရက်တို့တွင် စနေ၊ တနင်္ဂနွေ (၂)ရက်ပိတ်မည်ဖြစ်ပြီး မတ်လ(၁၃)ရက်နှင့် (၁၄)ရက်တို့တွင် ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် မတ်လ(၁၅)ရက်၌ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၆)ရက်၊ (၁၇)ရက်နှင့် (၁၈)ရက်တို့တွင် ပထဝီဝင်၊ သမိုင်းနှင့် စိတ် ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် စာမေးပွဲတွင် ဖြေဆိုသူစုစုပေါင်း (၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်း (၄၆ ဒသမ ၈၈) ရာခိုင်နှုန်းဖြင့် အောင်မြင်သူ (၁၃၂ဝ၇၇)ဦးရှိခဲ့သည်။
zawgyi version
၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွစတင္က်င္းပမည္
ယြန္း (NP News) - ဒီဇင္ဘာ ၂၉
၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွ စတင္က်င္းပသြားမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ယေန႔(ဒီဇင္ဘာလ ၂၉ ရက္) နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွ မတ္လ(၁၈)ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
စာေမးပြဲေျဖဆိုရမည့္ အခ်ိန္မွာ နံနက္(၉)နာရီမွ နံနက္(၁၂)အထိျဖစ္ၿပီး မတ္လ (၈) ရက္၊ (၉)ရက္ ႏွင့္ (၁ဝ)ရက္တို႔တြင္ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ သခ်ၤာဘာသာရပ္တို႔ကို ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
မတ္လ(၁၁)ရက္ႏွင့္ (၁၂)ရက္တို႔တြင္ စေန၊ တနဂၤေႏြ (၂)ရက္ပိတ္မည္ျဖစ္ၿပီး မတ္လ(၁၃)ရက္ႏွင့္ (၁၄)ရက္တို႔တြင္ ဓာတုေဗဒႏွင့္ ႐ူပေဗဒ ဘာသာရပ္တို႔ကို ေျဖဆိုရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ မတ္လ(၁၅)ရက္၌ ဇီဝေဗဒႏွင့္ ေဘာဂေဗဒ ဘာသာရပ္တို႔ကို ေျဖဆိုရမည္ျဖစ္ၿပီး မတ္လ(၁၆)ရက္၊ (၁၇)ရက္ႏွင့္ (၁၈)ရက္တို႔တြင္ ပထဝီဝင္၊ သမိုင္းႏွင့္ စိတ္ ႀကိဳက္ျမန္မာစာတို႔ကို ေျဖဆိုရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ စာေမးပြဲတြင္ ေျဖဆိုသူစုစုေပါင္း (၂၈၁၇၅၁)ဦးရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးေအာင္ခ်က္ရာခိုင္ႏႈန္း (၄၆ ဒသမ ၈၈) ရာခိုင္ႏႈန္းျဖင့္ ေအာင္ျမင္သူ (၁၃၂ဝ၇၇)ဦးရွိခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောင်းလုံးမြို့နယ်၌ မင်္ဂလာပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၁ဝ)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း