လောင်းလုံးမြို့နယ်၌ မင်္ဂလာပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ (၁ဝ)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့
NP News - ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၌ မင်္ဂလာပွဲအတွင်းရှိ စားပွဲဝိုင်းအောက်မှ လက် လုပ်မိုင်းပေါက်ကွဲခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂၉ ရက်) ၊ နံနက်(၇)နာရီခွဲအချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာရှိ မင်္ဂလာပွဲတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“မင်္ဂလာဆောင်မှာ ဖြစ်သွားတာ ဟုတ်ပါတယ်။ (၇)နာရီခွဲလောက်မှာ ဖြစ်သွားတာ လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှာဖြစ်တာပေါ့။ ဆေးရုံတင်ထားရတာက (၈)ယောက်။ မင်္ဂလာပွဲလည်း ပျက်သွားတယ်။ မိုင်းက မင်္ဂလာဆောင်အတွင်းမှာရှိတဲ့ စားပွဲအလယ်အောက်မှာ ထားခဲ့တာ” ဟု တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၄)ဦးရှိခဲ့သော်လည်း ဆေးရုံတင်ထားရသူမှာ (၈)ဦးသာဖြစ်ပြီး စိုးရိမ်စရာအခြေအနေ မရှိကြောင်း ၎င်းမှ အတည်ပြု ပြောဆိုထားသည်။
ပေါက်ကွဲမှုကြောင့် ဦးအေးနိုင်(၂၉)နှစ်၊ ကိုဟိန်းသူရကျော်(၁၂)နှစ်၊ မဖြူမာအောင်(၂၂)နှစ်၊ မအိဖြူဖြူစိုး(၁၈)နှစ်၊ မဇာဇာစိုး(၁၃)နှစ်၊ မစုမြတ်အိန်ဂျယ်(၁၆)နှစ်၊ ဒေါ်သန်းညွန့်(၇ဝ)နှစ်၊ မပြုံးပြုံးဝေ(၂၉)နှစ်၊ မဇူးဇူးစံ(၁၈)နှစ်၊ ဦးထိန်လင်း(၆၁)နှစ်၊ မကေသွယ်ဦး(၂၂)နှစ်၊ ကိုညီလေးမောင်(၃၆)နှစ်၊ ဦးသိန်းလွင်(၅၇)နှစ် နှင့် ဒေါ်အေးမူ(၄ဝ)နှစ်တို့ (၁၄)ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေလာင္းလုံးၿမိဳ႕နယ္၌ မဂၤလာပြဲအတြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ (၁ဝ)ဦးထက္မနည္းထိခိုက္ဒဏ္ရာရရွိခဲ့
NP News - ဒီဇင္ဘာ ၂၉
တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္၌ မဂၤလာပြဲအတြင္းရွိ စားပြဲဝိုင္းေအာက္မွ လက္ လုပ္မိုင္းေပါက္ကြဲခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာလ ၂၉ ရက္) ၊ နံနက္(၇)နာရီခြဲအခ်ိန္ခန႔္တြင္ ေလာင္းလုံးၿမိဳ႕နယ္၊ ေဝဒီေက်း႐ြာရွိ မဂၤလာပြဲတစ္ခုတြင္ ျဖစ္ပြားခဲ့ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။
“မဂၤလာေဆာင္မွာ ျဖစ္သြားတာ ဟုတ္ပါတယ္။ (၇)နာရီခြဲေလာက္မွာ ျဖစ္သြားတာ ေလာင္းလုံးၿမိဳ႕နယ္၊ ေဝဒီ႐ြာမွာျဖစ္တာေပါ့။ ေဆး႐ုံတင္ထားရတာက (၈)ေယာက္။ မဂၤလာပြဲလည္း ပ်က္သြားတယ္။ မိုင္းက မဂၤလာေဆာင္အတြင္းမွာရွိတဲ့ စားပြဲအလယ္ေအာက္မွာ ထားခဲ့တာ” ဟု တနသၤာရီတိုင္း အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ (၁၄)ဦးရွိခဲ့ေသာ္လည္း ေဆး႐ုံတင္ထားရသူမွာ (၈)ဦးသာျဖစ္ၿပီး စိုးရိမ္စရာအေျခအေန မရွိေၾကာင္း ၎မွ အတည္ျပဳ ေျပာဆိုထားသည္။
ေပါက္ကြဲမႈေၾကာင့္ ဦးေအးႏိုင္(၂၉)ႏွစ္၊ ကိုဟိန္းသူရေက်ာ္(၁၂)ႏွစ္၊ မျဖဴမာေအာင္(၂၂)ႏွစ္၊ မအိျဖဴျဖဴစိုး(၁၈)ႏွစ္၊ မဇာဇာစိုး(၁၃)ႏွစ္၊ မစုျမတ္အိန္ဂ်ယ္(၁၆)ႏွစ္၊ ေဒၚသန္းၫြန႔္(၇ဝ)ႏွစ္၊ မၿပဳံးၿပဳံးေဝ(၂၉)ႏွစ္၊ မဇူးဇူးစံ(၁၈)ႏွစ္၊ ဦးထိန္လင္း(၆၁)ႏွစ္၊ မေကသြယ္ဦး(၂၂)ႏွစ္၊ ကိုညီေလးေမာင္(၃၆)ႏွစ္၊ ဦးသိန္းလြင္(၅၇)ႏွစ္ ႏွင့္ ေဒၚေအးမူ(၄ဝ)ႏွစ္တို႔ (၁၄)ဦးတြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံ၌ကျင်းပမည့် ယဉ်ကျေးမှုဆိုင်ရာခရီးသွား ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှတစ်ဆင့်တိုက်ရိုက်မြှင့်တင်ကြော်ငြာသွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း