EAO (၇)ဖွဲ့မှ ရခိုင်ပြည်နယ်အပါအဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဟုဆို
ရဲပြည့် (NP News) - မေ ၁၈
NCA လက်မှတ်ရေးထိုးထားသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့မှ ရခိုင်ပြည်နယ်အပါအ ဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်သည် ချင်းမိုင်မြို့တွင် မေလ ၁၇ ရက်နှင့် ၁၈ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးထားသည် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် (NCA-S EAO) (၇)ဖွဲ့၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအစည်းအဝေးတွင် မေလ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ပျက်စီး ဆုံးရှုံးမှုများကြီးမားခဲ့သည့်အတွက် (NCA-S EAO) (၇)ဖွဲ့ မှ များစွာစိတ်ထိခိုက်ကြေကွဲဝမ်းနည်းခဲ့ရကြောင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် အခြားသော မိုခါမုန်တိုင်းဒဏ်သင့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများ၏ အရေးအပေါ် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့ပြင် NCA-S EAO နှင့် AHA Centre တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး အရပ်သားကာကွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နည်းလမ်းရှာဖွေ လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။
ဆက်လက်ပြီး ၂ဝ၂၃ ခုနှစ် မတ်လနှောင်းပိုင်းက ကျင်းပခဲ့သည့် (NCA-S EAO) (၇)ဖွဲ့၏ အလွတ်သဘောတွေ့ဆုံညှိနှိုင်းရေးအဖွဲ့ နှင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့၏ အလွတ်သဘော အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောထားစုစည်းချက်များကိုပါ သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
(NCA-S EAO) (၇)ဖွဲ့ အနေဖြင့် NCA ၏ အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး ၊ သက်ဆိုင်သူများအားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့် အရပ်သားများအပေါ် အကာအကွယ်ပေးရေးစသည့် မူများအပေါ် ခိုင်မာစွာရပ်တည်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေး ၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
zawgyi version
EAO (၇)ဖြဲ႕မွ ရခိုင္ျပည္နယ္အပါအဝင္ အျခားေသာ မိုခါမုန္တိုင္းဒဏ္သင့္ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္မည္ဟုဆို
ရဲျပည့္ (NP News) - ေမ ၁၈
NCA လက္မွတ္ေရးထိုးထားသည့္ တိုင္ရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း(၇)ဖြဲ႕မွ ရခိုင္ျပည္နယ္အပါအ ဝင္ အျခားေသာ မိုခါမုန္တိုင္းဒဏ္သင့္ ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာမႈဆိုင္ရာလုပ္ငန္းမ်ားတြင္ တတ္စြမ္းသမွ် ပါဝင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္သည္ ခ်င္းမိုင္ၿမိဳ႕တြင္ ေမလ ၁၇ ရက္ႏွင့္ ၁၈ ရက္အထိ ႏွစ္ရက္တာ က်င္းပခဲ့သည့္ NCA လက္မွတ္ေရးထိုးထားသည္ တိုင္ရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္သည့္ (NCA-S EAO) (၇)ဖြဲ႕၏ ထိပ္သီးမ်က္ႏွာစုံညီအစည္းအေဝးတြင္ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ယင္းအစည္းအေဝးတြင္ ေမလ ၁၄ ရက္တြင္ ျဖစ္ပြားခဲ့သည့္ ဆိုင္ကလုန္းမုန္တိုင္း မိုခါေၾကာင့္ ပ်က္စီး ဆုံးရႈံးမႈမ်ားႀကီးမားခဲ့သည့္အတြက္ (NCA-S EAO) (၇)ဖြဲ႕ မွ မ်ားစြာစိတ္ထိခိုက္ေၾကကြဲဝမ္းနည္းခဲ့ရေၾကာင္းႏွင့္ ရခိုင္ျပည္နယ္အပါအဝင္ အျခားေသာ မိုခါမုန္တိုင္းဒဏ္သင့္ ျပည္နယ္မ်ားႏွင့္ တိုင္းေဒသႀကီးမ်ား၏ အေရးအေပၚ လူသားခ်င္းစာနာမႈဆိုင္ရာလုပ္ငန္းမ်ားတြင္ တတ္စြမ္းသမွ် ပါဝင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထည့္သြင္းေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။
ထို႔ျပင္ NCA-S EAO ႏွင့္ AHA Centre တို႔ ပူးေပါင္းေဆာင္႐ြက္ခဲ့သည့္ လူသားခ်င္းစာနာမႈအကူအညီေပးေရး လုပ္ငန္းစဥ္မ်ားအား ျပန္လည္သုံးသပ္ေဆြးေႏြးခဲ့ၿပီး အရပ္သားကာကြယ္ေရးႏွင့္ လူသားခ်င္းစာနာမႈအကူအညီေပးေရး လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္ၿပီး နည္းလမ္းရွာေဖြ လုပ္ေဆာင္သြားရန္ ေဆြးေႏြးခဲ့ေၾကာင္းလည္းသိရသည္။
ဆက္လက္ၿပီး ၂ဝ၂၃ ခုႏွစ္ မတ္လေႏွာင္းပိုင္းက က်င္းပခဲ့သည့္ (NCA-S EAO) (၇)ဖြဲ႕၏ အလြတ္သေဘာေတြ႕ဆုံညႇိႏႈိင္းေရးအဖြဲ႕ ႏွင့္ နစက၏ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) တို႔၏ အလြတ္သေဘာ အစည္းအေဝးတြင္ ရရွိခဲ့သည့္ သေဘာထားစုစည္းခ်က္မ်ားကိုပါ သုံးသပ္ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။
(NCA-S EAO) (၇)ဖြဲ႕ အေနျဖင့္ NCA ၏ အႏွစ္သာရျဖစ္သည့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းေရး ၊ သက္ဆိုင္သူမ်ားအားလုံးပါဝင္သည့္ အဓိပၸာယ္ျပည့္ဝသည့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားျဖစ္ေျမာက္ေရးႏွင့္ အရပ္သားမ်ားအေပၚ အကာအကြယ္ေပးေရးစသည့္ မူမ်ားအေပၚ ခိုင္မာစြာရပ္တည္ၿပီး လက္ရွိႏိုင္ငံေရးအၾကပ္အတည္းေျဖရွင္းေရး ၊ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရရွိေရးႏွင့္ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်ကို ငွေကျပ်ဘီလျံ(၃ဝဝဝ)ကျော် ခွင့်ပြုပေးထား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း