Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခုပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်ကို ‌ငွေကျပ်ဘီလျံ(၃ဝဝဝ)‌ကျော် ခွင့်ပြုပေးထား

ယွန်း (NP News) - မေ ၁၉

ယခု(၂ဝ၂၃-၂ဝ၂၄) ဘဏ္ဍာနှစ်တွင် ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်မှ ငွေကျပ်ဘီလျံ(၃ဝဝဝ)ကျော် ခွင့်ပြုပေးထားကြောင်း သိရသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ(၁၈)ရက်တွင် ‌နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂ဝ၂၃)ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အဓိကအုတ်မြစ်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာထဲတွင် ပညာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးကြောင်း နစကဥက္ကဋ္ဌမှ ဆိုသည်။

မြန်မာနိုင်ငံ၏ ၂ဝ၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာ၌ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းကြောင့် အသက်(၁၂)နှစ်မှစ၍ ကျောင်းတက်နှုန်းသိသိသာသာ ကျဆင်းလာပြီး အသက်(၁၄)နှစ် အလယ်တန်းပြီးမြောက်ချိန်တွင် ကျောင်းတက်နှုန်းသည် ပိုမို၍ သိသာစွာ ကျဆင်းခဲ့သည်ကိုတွေ့ရကြောင်း ၎င်းမှဆိုသည်။

ထို့ကြောင့် နိုင်ငံ‌တော်အနေဖြင့် ပညာရေးအသုံးစရိတ်များကို နှစ်စဥ်တိုးမြှင့်ခွဲဝေပေးလျက်ရှိပြီး ယခု (၂ဝ၂၃-၂ဝ၂၄)ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးနှင့်ဆက်စပ်နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ်ကို စုစုပေါင်း ငွေကျပ် (၃၁၄၆ ဒသမ ၁၄၉)ဘီလျံ ခွင့်ပြုပေးထားကြောင်း သိရသည်။

အဆိုပါ ပညာရေးအသုံးစရိတ်များသည် ပြည်ထောင်စုအသုံးစရိတ်၏ (၉ ဒသမ ၄၈)ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ (၂ ဒသမ ၁၈)ရာခိုင်နှုန်းရှိကြောင်း နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် နစကအနေဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ သင်ကြားရေးဆရာ၊ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပါရဂူဘွဲ့အတွက် ငွေကျပ်(၃ဝဝဝဝ)နှင့် မဟာဘွဲ့အတွက် ငွေကျပ်(၂၅ဝဝဝ) အပါအဝင် ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ်(၁ဝဝဝဝ)နှုန်းကို လစဥ်ပေးအပ်လျက်ရှိကြောင်း သိရသည်။

zawgyi version
ယခုပညာသင္ႏွစ္အတြက္ ပညာေရးအသုံးစရိတ္ကို ‌ေငြက်ပ္ဘီလ်ံ(၃ဝဝဝ)‌ေက်ာ္ ခြင့္ျပဳေပးထား

ယြန္း (NP News) - ေမ ၁၉

ယခု(၂ဝ၂၃-၂ဝ၂၄) ဘ႑ာႏွစ္တြင္ ပညာေရးအသုံးစရိတ္ကို ႏိုင္ငံေတာ္မွ ေငြက်ပ္ဘီလ်ံ(၃ဝဝဝ)ေက်ာ္ ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေမလ(၁၈)ရက္တြင္ ‌ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန-၂ တြင္ က်င္းပခဲ့ေသာ ျမန္မာႏိုင္ငံလုံးဆိုင္ရာပညာေရးညီလာခံ(၂ဝ၂၃)ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပညာေရးသည္ ႏိုင္ငံေတာ္တည္ေဆာက္ေရး၏ အဓိကအုတ္ျမစ္ျဖစ္ၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားစြာထဲတြင္ ပညာေရးက႑အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ အေရးႀကီးေၾကာင္း နစကဥကၠ႒မွ ဆိုသည္။

ျမန္မာႏိုင္ငံ၏ ၂ဝ၁၉ ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္းအစီရင္ခံစာ၌ ေက်ာင္းသားအမ်ားစုသည္ မူလတန္းၿပီးဆုံးခ်ိန္တြင္ ေက်ာင္းထြက္သြားၾကျခင္းေၾကာင့္ အသက္(၁၂)ႏွစ္မွစ၍ ေက်ာင္းတက္ႏႈန္းသိသိသာသာ က်ဆင္းလာၿပီး အသက္(၁၄)ႏွစ္ အလယ္တန္းၿပီးေျမာက္ခ်ိန္တြင္ ေက်ာင္းတက္ႏႈန္းသည္ ပိုမို၍ သိသာစြာ က်ဆင္းခဲ့သည္ကိုေတြ႕ရေၾကာင္း ၎မွဆိုသည္။

ထို႔ေၾကာင့္ ႏိုင္ငံ‌ေတာ္အေနျဖင့္ ပညာေရးအသုံးစရိတ္မ်ားကို ႏွစ္စဥ္တိုးျမႇင့္ခြဲေဝေပးလ်က္ရွိၿပီး ယခု (၂ဝ၂၃-၂ဝ၂၄)ဘ႑ာႏွစ္တြင္ ပညာေရးဝန္ႀကီးဌာန အပါအဝင္ ပညာေရးႏွင့္ဆက္စပ္ေနသည့္ ဝန္ႀကီးဌာနမ်ားအတြက္ ပညာေရးအသုံးစရိတ္ကို စုစုေပါင္း ေငြက်ပ္ (၃၁၄၆ ဒသမ ၁၄၉)ဘီလ်ံ ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

အဆိုပါ ပညာေရးအသုံးစရိတ္မ်ားသည္ ျပည္ေထာင္စုအသုံးစရိတ္၏ (၉ ဒသမ ၄၈)ရာခိုင္ႏႈန္းႏွင့္ ဂ်ီဒီပီ၏ (၂ ဒသမ ၁၈)ရာခိုင္ႏႈန္းရွိေၾကာင္း နစကဥကၠ႒မွ အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ နစကအေနျဖင့္ ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွစ၍ သင္ၾကားေရးဆရာ၊ ဆရာမမ်ားကို ပညာအရည္အခ်င္းအလိုက္ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ခဲ့ၿပီး ပါရဂူဘြဲ႕အတြက္ ေငြက်ပ္(၃ဝဝဝဝ)ႏွင့္ မဟာဘြဲ႕အတြက္ ေငြက်ပ္(၂၅ဝဝဝ) အပါအဝင္ ဘြဲ႕လြန္ဒီပလိုမာအတြက္ ေငြက်ပ္(၁ဝဝဝဝ)ႏႈန္းကို လစဥ္ေပးအပ္လ်က္ရွိေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ နဲ့ အစိုးရဖွဲ့စည်းနိုင်ဖို့ (၈)ပါတီညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမယ်လို့ Move Forward ပါတီပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved