Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ နဲ့ အစိုးရဖွဲ့စည်းနိုင်ဖို့ (၈)ပါတီညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းမယ်လို့ Move Forward ပါတီပြော

ဂျန်ဇက် (NP News) - မေ ၁၉

မေလ ၁၄ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာမဲအများဆုံးရရှိခဲ့တဲ့ Move Forward ပါတီဟာ အစိုးရဖွဲ့စည်းနိုင်ဖို့ နဲ့ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုအမ်ရတ်ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်နိုင်ဖို့ အခြား (၇)ပါတီနဲ့ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းသွားဖွယ်ရှိနေကြောင်းသိရပါတယ်။

အဆိုပါတီဟာ ရွေးကောက်ပွဲပြီးချိန်က ငါးပါတီစုစည်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့စည်းမယ်လို့ ကြေညာခဲ့ပေမယ့်အထက်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံမှုမရတဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပါတီတွေကိုထပ်မံစည်းရုံးနေရခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာလွှတ်တော် နှစ်ရပ်ရှိပြီးအထက် လွှတ် တော်ရှိကိုယ်စားလှယ်ပေါင်း(၂၅ဝ)ကို စစ်တပ်က ရွေးချယ်ထားတဲ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပြီးအောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း (၅ဝဝ)ကို ပြည်သူများကရွေးကောက်ပွဲမှတဆင့် ရွေးချယ်ထားတဲ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပါတယ်။

ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့၊ အစိုးရဖွဲ့စည်းနိုင်ဖို့ ပါတီတစ်ခု ဒါမှမဟုတ် ညွန့်ပေါင်းအုပ်စုဟာ လွှတ်တော်နှစ်ရပ်ရှိ ကိုယ်စားလှယ်များရဲ့ ဆန္ဒမဲပေါင်း (၃၇၆)မဲရဖို့ လိုအပ်နေကြောင်းသိရပါတယ်။ Move Forward ပါတီဟာ အခြား(၇)ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမယ်ဆိုပါက အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း (၅ဝဝ)မှာဆန္ဒမဲပေါင်း (၃၁၃)မဲရဖို့ ရှိနေပါတယ်။

Move Forward ပါတီဟာ Pheu Thai ပါတီ၊ Thai Sang Thai ပါတီ၊ Thai Liberal ပါတီ၊ Prachachart ပါတီ၊ Fair ပါတီ၊ Plung Sungkom Mai ပါတီနဲ့ Peu Thai Ruamphalang ပါတီတို့ နဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းသွားမှာဖြစ်ကြောင်းသိရပါတယ်။ Move Forward ပါတီဟာ(၈)ပါတီညွန့်ပေါင်းအစိုးရဖွဲ့စည်းထားပေမယ့်လည်း ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ သတ်မှတ်ထားတဲ့ မဲအရေအတွက်ရဖို့ အနည်းဆုံး (၆၃)မဲရဖို့လိုအပ်နေဆဲဖြစ်ကြောင်းသိရပါတယ်။ Move Forward ပါတီက အခြား (၇)ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းကြေညာမယ်လို့ ပြောပါတယ်။

Move Forward ပါတီဟာရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလတုန်းက ထိုင်းဘုရင်စနစ်ကိုအပြောင်း လဲလုပ်ဖို့ နဲ့ ထိုင်းစစ်တပ်ကိုအပြောင်းအလဲလုပ်ဖို့ စတဲ့အကြောင်းတွေကို အဓိကထား မဲဆွယ်စည်းရုံးခဲ့ရာ ထိုင်းဘုရင်စနစ်ကိုထောက်ခံတဲ့ ထိုင်းစစ်တပ်က Move Forward ပါတီကို နှစ်သက်ခြင်းမရှိကြောင်း သတင်းများလည်းထွက်ပေါ်နေပါတယ်။

zawgyi version
ဂျန်ဇက် (NP News) - မေ ၁၉






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူနန်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ယွမ်ငွေ(၁)သိန်းနီးပါးတန်ဖိုးရှိသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved