မိုခါမုန်တိုင်း ဗဟိုချက်မှာ ကုန်းတွင်းသို့ ရောက်သွားသော်လည်း ကျန်ရှိသော မုန်တိုင်းအမြီးပိုင်း ဖြတ်ကျော်စဉ် လေတိုက်နှုန်းပြင်းထန်ကာ ဒီရေပိုတက်လာမည်
မျိုးကြီး (NP News) - မေ ၁၄
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ ဗဟိုချက်သည် ကုန်းတွင်းသို့ ရောက်သွားပြီးဖြစ်သော်လည်း ကျန်ရှိသော မုန်တိုင်းအမြီးပိုင်း ဖြတ်ကျော်စဉ် လေတိုက်နှုန်း ပြင်းထန်ကာ ဒီရေပိုတက်လာမည်ဖြစ်ကြောင်း မိုးဇလက ပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်းအား NP News က မုန်တိုင်း ၏နောက်ဆုံးအခြေအနေများကို မေးမြန်းစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ ဗဟိုချက်သည် ယနေ့(မေလ ၁၄ ရက်) ညနေ ၃ နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏ မြောက်ဘက် ရသေ့တောင်မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ရောက်သွားခဲ့ပြီးဖြစ်ကြောင်း ဦးလှထွန်းက ဆိုသည်။
“မုန်တိုင်းကမပြီးသေးဘူး။ ဗဟိုချက်ဖြတ်တာနဲ့ မပြီးပါဘူး။ ခုနပြောသလို ခေါင်းပိုင်းဖြတ်တယ်။ ပြီးတော့ ဗဟိုချက်က အခုဖြတ်ပြီးသွားပြီ။ နောက်တစ်ပိုင်းကျန်သေးတယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းလိုပဲ လေတိုက်နှုန်းလည်းများဦးမယ်ဆိုတော့ ထပ်ပြီးတော့ ရေတက်ဖို့ရှိတာပေါ့” ဟု ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့၌ မုန်တိုင်းဒီရေများ ဝင်ရောက်လာလျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အပြင် ဘေးကင်းလုံခြုံသည့်နေရာများသို့ မရွှေ့ပြောင်းခဲ့သော စစ်တွေဒေသခံများအနေဖြင့် အရေးပေါ်အကူအညီများ တောင်းခံလျက်ရှိနေကြောင်း တွေ့ရှိနေရသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အမြီးပိုင်းသည် ရခိုင်ပြည်နယ်သို့ ဆက်လက်ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းအဆောက်အအုံတစ်ခုလုံး ကုန်းတွင်းသို့ ရောက်ရှိရန်အတွက် အချိန်(၆)နာရီမှ (၇)နာရီခန့်ထိ ကြာမြင့်နိုင်ကြောင်း သိရသည်။
“မုန်တိုင်းကတော့ နောက်တစ်ပိုင်းလည်း လက်ရှိအတိုင်းပဲ လေတိုက်နှုန်းက ပြင်းဦးမှာဖြစ်တဲ့အတွက် ဆက်ပြီးတော့ ကြံ့ကြံ့ခိုင်နိုင်ဖို့တော့ လိုပါမယ်။ မုန်တိုင်းအဆောက်အအုံတစ်ခုလုံး ကုန်းပေါ်ရောက်ဖို့ဆိုရင်တော့ နောက်ထပ်(၆)နာရီ (၇)နာရီလောက်တော့ ကြာပါဦးမယ်။ လက်ရှိအချိန် ကနေစပြီးတော့ပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။
ထိုသို့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ကုန်းတွင်းပိုင်းသို့ရောက်ရှိကာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်ဘက်သို့ ဆက်လက်ရွေ့လျားစဉ်အချိန်တွင် ရခိုင်ပြည်နယ်၌ လေတိုက်နှုန်း ငြိမ်သွားမည့်သဘောရှိကြောင်း သိရသည်။
ထို့ကြောင့် မုန်တိုင်း ဆက်လက်ရွေ့လျားနိုင်သော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ ပြည်သူများအနေဖြင့် လိုအပ်သည့်ပြင်ဆင်မှုများကို ကြိုတင်ပြင်ဆင်ထားရန်လည်း ၎င်းက အကြံပြုတိုက်တွန်းထားသည်။
zawgyi version
မိုခါမုန္တိုင္း ဗဟိုခ်က္မွာ ကုန္းတြင္းသို႔ ေရာက္သြားေသာ္လည္း က်န္ရွိေသာ မုန္တိုင္းအၿမီးပိုင္း ျဖတ္ေက်ာ္စဥ္ ေလတိုက္ႏႈန္းျပင္းထန္ကာ ဒီေရပိုတက္လာမည္
မ်ိဳးႀကီး (NP News) - ေမ ၁၄
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ ဗဟိုခ်က္သည္ ကုန္းတြင္းသို႔ ေရာက္သြားၿပီးျဖစ္ေသာ္လည္း က်န္ရွိေသာ မုန္တိုင္းအၿမီးပိုင္း ျဖတ္ေက်ာ္စဥ္ ေလတိုက္ႏႈန္း ျပင္းထန္ကာ ဒီေရပိုတက္လာမည္ျဖစ္ေၾကာင္း မိုးဇလက ေျပာသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးဦးလွထြန္းအား NP News က မုန္တိုင္း ၏ေနာက္ဆုံးအေျခအေနမ်ားကို ေမးျမန္းစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ ဗဟိုခ်က္သည္ ယေန႔(ေမလ ၁၄ ရက္) ညေန ၃ နာရီအခ်ိန္တြင္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၏ ေျမာက္ဘက္ ရေသ့ေတာင္ၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ကာ ကုန္းတြင္းသို႔ ေရာက္သြားခဲ့ၿပီးျဖစ္ေၾကာင္း ဦးလွထြန္းက ဆိုသည္။
“မုန္တိုင္းကမၿပီးေသးဘူး။ ဗဟိုခ်က္ျဖတ္တာနဲ႔ မၿပီးပါဘူး။ ခုနေျပာသလို ေခါင္းပိုင္းျဖတ္တယ္။ ၿပီးေတာ့ ဗဟိုခ်က္က အခုျဖတ္ၿပီးသြားၿပီ။ ေနာက္တစ္ပိုင္းက်န္ေသးတယ္။ ေနာက္တစ္ပိုင္းက ေရွ႕ပိုင္းလိုပဲ ေလတိုက္ႏႈန္းလည္းမ်ားဦးမယ္ဆိုေတာ့ ထပ္ၿပီးေတာ့ ေရတက္ဖို႔ရွိတာေပါ့” ဟု ၫႊန္ၾကားေရးမႉးဦးလွထြန္းက ေျပာသည္။
လက္ရွိတြင္ စစ္ေတြၿမိဳ႕၌ မုန္တိုင္းဒီေရမ်ား ဝင္ေရာက္လာလ်က္ရွိၿပီး ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနသည့္အျပင္ ေဘးကင္းလုံၿခဳံသည့္ေနရာမ်ားသို႔ မေ႐ႊ႕ေျပာင္းခဲ့ေသာ စစ္ေတြေဒသခံမ်ားအေနျဖင့္ အေရးေပၚအကူအညီမ်ား ေတာင္းခံလ်က္ရွိေနေၾကာင္း ေတြ႕ရွိေနရသည္။
ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အၿမီးပိုင္းသည္ ရခိုင္ျပည္နယ္သို႔ ဆက္လက္ျဖတ္ေက်ာ္ဝင္ေရာက္မည္ျဖစ္ၿပီး မုန္တိုင္းအေဆာက္အအုံတစ္ခုလုံး ကုန္းတြင္းသို႔ ေရာက္ရွိရန္အတြက္ အခ်ိန္(၆)နာရီမွ (၇)နာရီခန႔္ထိ ၾကာျမင့္ႏိုင္ေၾကာင္း သိရသည္။
“မုန္တိုင္းကေတာ့ ေနာက္တစ္ပိုင္းလည္း လက္ရွိအတိုင္းပဲ ေလတိုက္ႏႈန္းက ျပင္းဦးမွာျဖစ္တဲ့အတြက္ ဆက္ၿပီးေတာ့ ႀကံ့ႀကံ့ခိုင္ႏိုင္ဖို႔ေတာ့ လိုပါမယ္။ မုန္တိုင္းအေဆာက္အအုံတစ္ခုလုံး ကုန္းေပၚေရာက္ဖို႔ဆိုရင္ေတာ့ ေနာက္ထပ္(၆)နာရီ (၇)နာရီေလာက္ေတာ့ ၾကာပါဦးမယ္။ လက္ရွိအခ်ိန္ ကေနစၿပီးေတာ့ေပါ့” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။
ထိုသို႔ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ကုန္းတြင္းပိုင္းသို႔ေရာက္ရွိကာ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းႏွင့္ ကခ်င္ျပည္နယ္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားစဥ္အခ်ိန္တြင္ ရခိုင္ျပည္နယ္၌ ေလတိုက္ႏႈန္း ၿငိမ္သြားမည့္သေဘာရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မုန္တိုင္း ဆက္လက္ေ႐ြ႕လ်ားႏိုင္ေသာ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းႏွင့္ ကခ်င္ျပည္နယ္တို႔ရွိ ျပည္သူမ်ားအေနျဖင့္ လိုအပ္သည့္ျပင္ဆင္မႈမ်ားကို ႀကိဳတင္ျပင္ဆင္ထားရန္လည္း ၎က အႀကံျပဳတိုက္တြန္းထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းကြောင့် ကော့ဘဇာဒေသတွင်နေထိုင်သူ(၅)သိန်းကို ဘေးလွတ်ရာသို့ပြောင်းရွှေ့
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း