မိုခါမုန်တိုင်းကြောင့် ကော့ဘဇာဒေသတွင်နေထိုင်သူ(၅)သိန်းကို ဘေးလွတ်ရာသို့ပြောင်းရွှေ့
Pika (NP News) - မေ ၁၄
ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်တိုက်ခတ်နိုင်ချေရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မေလ (၁၄)ရက်အထိ ကော့ဘဇာဒေသတွင် နေထိုင်နေသူပေါင်း(၅)သိန်းကျော်ကို ဘေးလွတ်ကင်းရာသို့ပြောင်းရွှေ့ပေးထားကြောင်းသိရသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ပိုမိုအားကောင်းလာပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာကမ်းရိုးတန်းတို့ကို စတင်ဝင်ရောက်တိုက်ခတ်နေပြီဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘင်္ဂလားပင်လယ်အော်အနီးတစ်ဝိုက်တွင် ရေကြီးမှုများဖြစ်ပေါ်လာနိုင်ပြီး တစ်နာရီလျှင်လေတိုက်နှုန်းမိုင်(၁၇ဝ)အထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြကြောင်းသိရသည်။
ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ဘင်္ဂလားဒေ့ရှ်ကိုတိုက်ခတ်ခဲ့သည်မုန်တိုင်းများအနက် နှစ်ပေါင်း(၂ဝ)နီးပါးအတွင်း အင်အားအပြင်းဆုံးမုန်တိုင်းတစ်ခုဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်မိုးလေဝသပညာရှင်များက ခန့်မှန်းပြောဆိုခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် လေဆိပ်များကို ပိတ်ထားရပြီး ငါးဖမ်းသမားများကိုလည်း ၎င်းတို့လုပ်ငန်းများကို ရပ်ဆိုင်းထားရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ညွှန်ကြားထားကြောင်းသိရသည်။
မုန်တိုင်းဒဏ်ကို အဓိကခံရနိုင်ချေရှိသည့်ဒေသများမှ လူများကို ဘေးလွတ်ကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်း(၁၅ဝဝ)ခန့်တွင် ထားရှိသွားမည်ဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများရှိလာနိုင်သည့်အတွက် တောင်စောင်းဒေသများနှင့်မြေနိမ့်ဒေသများတွင်နေထိုင်သူများကိုလည်း ဘေးလွတ်ကင်းရာသို့ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်းသိရသည်။
zawgyi version
မိုခါမုန္တိုင္းေၾကာင့္ ေကာဘဇာေဒသတြင္ေနထိုင္သူ(၅)သိန္းကို ေဘးလြတ္ရာသို႔ေျပာင္းေ႐ႊ႕
Pika (NP News) - ေမ ၁၄
ဆိုင္ကလုန္းမုန္တိုင္းမိုခါ ဝင္ေရာက္တိုက္ခတ္ႏိုင္ေခ်ရွိသည့္အတြက္ ဘဂၤလားေဒ့ရွ္အစိုးရသည္ ေမလ (၁၄)ရက္အထိ ေကာ့ဘဇာေဒသတြင္ ေနထိုင္ေနသူေပါင္း(၅)သိန္းေက်ာ္ကို ေဘးလြတ္ကင္းရာသို႔ေျပာင္းေ႐ႊ႕ေပးထားေၾကာင္းသိရသည္။
ဆိုင္ကလုန္းမုန္တိုင္းမိုခါသည္ ပိုမိုအားေကာင္းလာၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏွင့္ျမန္မာကမ္း႐ိုးတန္းတို႔ကို စတင္ဝင္ေရာက္တိုက္ခတ္ေနၿပီျဖစ္သည္။ ဆိုင္ကလုန္းမုန္တိုင္းမိုခါေၾကာင့္ ဘဂၤလားပင္လယ္ေအာ္အနီးတစ္ဝိုက္တြင္ ေရႀကီးမႈမ်ားျဖစ္ေပၚလာႏိုင္ၿပီး တစ္နာရီလွ်င္ေလတိုက္ႏႈန္းမိုင္(၁၇ဝ)အထိ ရွိလာႏိုင္မည္ဟု ခန႔္မွန္းထားၾကေၾကာင္းသိရသည္။
ထို႔ျပင္ ဆိုင္ကလုန္းမုန္တိုင္းမိုခါသည္ ဘဂၤလားေဒ့ရွ္ကိုတိုက္ခတ္ခဲ့သည္မုန္တိုင္းမ်ားအနက္ ႏွစ္ေပါင္း(၂ဝ)နီးပါးအတြင္း အင္အားအျပင္းဆုံးမုန္တိုင္းတစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း ဘဂၤလားေဒ့ရွ္မိုးေလဝသပညာရွင္မ်ားက ခန႔္မွန္းေျပာဆိုခဲ့သည္။ ဆိုင္ကလုန္းမုန္တိုင္းမိုခါ တိုက္ခတ္မႈေၾကာင့္ ေလဆိပ္မ်ားကို ပိတ္ထားရၿပီး ငါးဖမ္းသမားမ်ားကိုလည္း ၎တို႔လုပ္ငန္းမ်ားကို ရပ္ဆိုင္းထားရန္ ဘဂၤလားေဒ့ရွ္အာဏာပိုင္မ်ားက ၫႊန္ၾကားထားေၾကာင္းသိရသည္။
မုန္တိုင္းဒဏ္ကို အဓိကခံရႏိုင္ေခ်ရွိသည့္ေဒသမ်ားမွ လူမ်ားကို ေဘးလြတ္ကင္းရာသို႔ေျပာင္းေ႐ႊ႕ေပးခဲ့ၿပီး ယာယီကယ္ဆယ္ေရးစခန္း(၁၅ဝဝ)ခန႔္တြင္ ထားရွိသြားမည္ျဖစ္ေၾကာင္း အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။ ဆိုင္ကလုန္းမုန္တိုင္းမိုခါတိုက္ခတ္မႈေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈႏွင့္ ေျမၿပိဳမႈမ်ားရွိလာႏိုင္သည့္အတြက္ ေတာင္ေစာင္းေဒသမ်ားႏွင့္ေျမနိမ့္ေဒသမ်ားတြင္ေနထိုင္သူမ်ားကိုလည္း ေဘးလြတ္ကင္းရာသို႔ေျပာင္းေ႐ႊ႕ရန္ ၫႊန္ၾကားထားေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျာမန်အများစုက နေတိုးအဖွဲ့ဝင်အဖြစ် ယူကရိန်း ပါဝင်လာမယ့်အစီအစဉ်များကို ဆန့်ကျင်ကန့်ကွက် 14/05/2023 17:32 1
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း