Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လေတိုက်နှုန်း (၁၃၇)မိုင်ရှိသော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)၏ ဗဟိုချက်သည် ယနေ့ နေ့လည်၌ စစ်တွေမြို့အနီးမှ ဖြတ်ကျော်မည်

မျိုးကြီး (NP News) - မေ ၁၄

တစ်နာရီလျှင် လေတိုက်နှုန်း (၁၃၇)မိုင်ရှိသော အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ ဗဟိုချက်မှာ ယနေ့ နေ့လည်ပိုင်း၌ စစ်တွေမြို့အနီးမှ ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေလ ၁၄ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ သတိပေးထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အလွန့်အလွန်အားကောင်းလာသည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၂ဝ)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၁၃ဝ)ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အား အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး ၎င်းသည် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၁၃ဝ)မှ (၁၃၇)မိုင်နှုန်းခန့်ဖြင့် တိုက်ခတ်နေလျက်ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အပြင်ဘက်ဆုံးအဝန်းအဝိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိပြီး မုန်တိုင်း၏ ဗဟိုချက်သည် ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့အနီးမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု သတိပေးထုတ်ပြန်ထားသည်။

ထို့နောက် ၎င်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်း၏ အရှိန်ကြောင့် နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ (၁၆)ပေမှ ပေ(၂ဝ)ခန့်အထိ ရှိနိုင်ကြောင်းလည်း ခန့်မှန်ထားသည်။

ထိုသို့ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၁၁ဝ)မှ မိုင်(၁၂ဝ)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလက သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်းဖြတ်ကျော်စဉ်အချိန်တွင် မုန်တိုင်းဒီရေသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက် ဖြူခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင် (၁၆)ပေမှ ပေ(၂ဝ)ခန့်အထိ မြင့်တက်လာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်၌ နေထိုင်သူများအနေဖြင့် သတိပြုရှောင်ရှားကြရန်လည်း ကြေညာထားသည်။

zawgyi version
ေလတိုက္ႏႈန္း (၁၃၇)မိုင္ရွိေသာ အလြန႔္အလြန္အားေကာင္းသည့္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ ဗဟိုခ်က္သည္ ယေန႔ ေန႔လည္၌ စစ္ေတြၿမိဳ႕အနီးမွ ျဖတ္ေက်ာ္မည္

မ်ိဳးႀကီး (NP News) - ေမ ၁၄

တစ္နာရီလွ်င္ ေလတိုက္ႏႈန္း (၁၃၇)မိုင္ရွိေသာ အလြန႔္အလြန္အားေကာင္းသည့္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ ဗဟိုခ်က္မွာ ယေန႔ ေန႔လည္ပိုင္း၌ စစ္ေတြၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ႏိုင္ေၾကာင္း မိုးဇလမွ သတိေပးထုတ္ျပန္ထားသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔(ေမလ ၁၄ ရက္) နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ သတိေပးထုတ္ျပန္ခဲ့သည္။

လက္ရွိတြင္ အလြန႔္အလြန္အားေကာင္းလာသည့္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ျမန္မာႏိုင္ငံ၊ စစ္ေတြၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္(၁၂ဝ)ခန႔္ႏွင့္ ေက်ာက္ျဖဴၿမိဳ႕၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္(၁၃ဝ)ခန႔္ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။

ထို႔ျပင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အား အနီေရာင္အဆင့္အျဖစ္ သတ္မွတ္ထားၿပီး ၎သည္ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ မိုင္(၁၃ဝ)မွ (၁၃၇)မိုင္ႏႈန္းခန႔္ျဖင့္ တိုက္ခတ္ေနလ်က္ရွိေၾကာင္း မိုးဇလက ခန႔္မွန္းထားသည္။

လက္ရွိတြင္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အျပင္ဘက္ဆုံးအဝန္းအဝိုင္းသည္ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားကို စတင္ျဖတ္ေက်ာ္လ်က္ရွိၿပီး မုန္တိုင္း၏ ဗဟိုခ်က္သည္ ယေန႔ ေန႔လည္ပိုင္းတြင္ စစ္ေတြၿမိဳ႕အနီးမွ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အေနျဖင့္ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္သည္ဟု သတိေပးထုတ္ျပန္ထားသည္။

ထို႔ေနာက္ ၎မုန္တိုင္းသည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားႏိုင္ၿပီး ခ်င္းျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ ကခ်င္ျပည္နယ္ဆီသို႔ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း(မိုခါ)အေနျဖင့္ ဆက္လက္ေ႐ြ႕လ်ားႏိုင္သည္ဟုလည္း မိုးဇလက ခန႔္မွန္းထားသည္။

အဆိုပါမုန္တိုင္း၏ အရွိန္ေၾကာင့္ ေနာက္(၂၄)နာရီအတြင္း ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔၌ မၾကာခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအလြန္ႀကီးမည္ျဖစ္ၿပီး လႈိင္းအျမင့္မွာ (၁၆)ေပမွ ေပ(၂ဝ)ခန႔္အထိ ရွိႏိုင္ေၾကာင္းလည္း ခန႔္မွန္ထားသည္။

ထိုသို႔ မိုးသက္ေလျပင္းက်စဥ္ ေရျပင္၊ ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၁၁ဝ)မွ မိုင္(၁၂ဝ)ခန႔္အထိ တိုက္ခတ္ႏိုင္သည္ဟု မိုးဇလက သတိေပးထားသည္။

ဆိုင္ကလုန္းမုန္တိုင္းျဖတ္ေက်ာ္စဥ္အခ်ိန္တြင္ မုန္တိုင္းဒီေရသည္ ရခိုင္ျပည္နယ္၊ စစ္ေတြခ႐ိုင္၊ ေက်ာက္ ျဖဴခ႐ိုင္ႏွင့္ ေမာင္ေတာခ႐ိုင္တို႔ရွိ ျမစ္ဝ၊ ျမစ္လက္တက္မ်ားအတြင္ (၁၆)ေပမွ ေပ(၂ဝ)ခန႔္အထိ ျမင့္တက္လာႏိုင္သည္ဟုလည္း ခန႔္မွန္းထားသည္။

ထို႔ေၾကာင့္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)၏ အရွိန္ေၾကာင့္ မုန္တိုင္းဒီေရျမင့္တက္ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးႏွင့္အတူ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚႏိုင္သည့္အတြက္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ ေလွ်ာက္၌ ေနထိုင္သူမ်ားအေနျဖင့္ သတိျပဳေရွာင္ရွားၾကရန္လည္း ေၾကညာထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးကောက်ပွဲအတွင်း ထိုင်းနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှုတွေကို အပြောင်းအလဲလုပ် ဆောင်ဖို့ ထိုင်းလူငယ်များ တိုက်တွန်းတောင်းဆို

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved