ရွေးကောက်ပွဲအတွင်း ထိုင်းနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှုတွေကို အပြောင်းအလဲလုပ် ဆောင်ဖို့ ထိုင်းလူငယ်များ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NP News) - မေ ၁၄
ယနေ့ (မေလ ၁၄ ရက်)မှာစတင်ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ထိုင်းနိုင်ငံမှာစစ်တပ်လွှမ်းမိုးမှုများကို အပြောင်းအလဲလုပ်ဆောင်သွားရမှာဖြစ်ကြောင်း မဲပေးခွင့်ရှိတဲ့ ထိုင်းလူငယ်တွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ယနေ့(မေလ ၁၄ ရက်)၊ နံနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပမှာဖြစ်ပြီး ထိုင်းပြည်သူ (၅၂)သန်းကျော်ဟာ ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်များကို မဲပေးရမှာဖြစ်ပါတယ်။ ထိုင်းပြည်သူတွေဟာ လာမယ့်လေးနှစ်အတွင်း ထိုင်းအောက်လွှတ်တော်ရဲ့ကိုယ် စားလှယ်တွေကို မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်ကိုယ်စားလှယ်များကို ထိုင်းစစ်တပ်က ရွေးချယ်ပြီး အောက်လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူများက မဲပေးရွေးချယ်ကြောင်းသိရပါတယ်။
မေလ ၁၄ ရက်မှာကျင်းပတဲ့ရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂ဝ၁၄ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နေတဲ့ ပါတီများအနက် ဖြူထိုင်းပါတီနဲ့ ရှေ့သို့ချီပါတီဟာ ထိုင်းစစ်တပ်ကို နိုင်ငံရေးလောကမှ ဖယ်ရှားမယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလအတွင်းပြောဆိုမှုတွေရှိနေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနောက်ပိုင်းကတည်းက ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာဟာ ထိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး ထိုင်းနိုင်ငံရေးလောကကို ဦးဆောင်နေခဲ့သူဖြစ်ပါတယ်။
ပရာယွတ်ချန်အိုချာဟာ ရွေးကောက်ပွဲမှာ ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ပြီး ရှုံးနိမ့်မယ်ဆိုရင်နိုင်ငံရေးလောက အနားယူမယ်လို့ ကြေညာထားသူဖြစ်ပါတယ်။ ထိုင်းရွေးကောက်ပွဲကို ပါတီပေါင်း (၇ဝ)ကျော်ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အစိုးရဖွဲ့နိုင်ဖို့ နဲ့ ဝန်ကြီးချုပ်ခန့်အပ်နိုင်ဖို့ပါတီတစ်ခုတည်း သို့မဟုတ် ညွန်ပေါင်းပါတီတစ်ခုဟာ လွှတ်တော် နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲပေါင်း (၃၇၆)မဲရဖို့ လိုအပ်ကြောင်းသိရပါတယ်။
zawgyi version
ေ႐ြးေကာက္ပြဲအတြင္း ထိုင္းႏိုင္ငံမွာ စစ္တပ္လႊမ္းမိုးမႈေတြကို အေျပာင္းအလဲလုပ္ေဆာင္ဖို႔ ထိုင္းလူငယ္မ်ား တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၁၄
ယေန႔ (ေမလ ၁၄ ရက္)မွာစတင္က်င္းပတဲ့ ေ႐ြးေကာက္ပြဲအတြင္း ထိုင္းႏိုင္ငံမွာစစ္တပ္လႊမ္းမိုးမႈမ်ားကို အေျပာင္းအလဲလုပ္ေဆာင္သြားရမွာျဖစ္ေၾကာင္း မဲေပးခြင့္ရွိတဲ့ ထိုင္းလူငယ္ေတြက တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
ထိုင္းႏိုင္ငံမွာ အေထြေထြေ႐ြးေကာက္ပြဲကို ယေန႔(ေမလ ၁၄ ရက္)၊ နံနက္ ၈ နာရီကေန ညေန ၅ နာရီအထိ က်င္းပမွာျဖစ္ၿပီး ထိုင္းျပည္သူ (၅၂)သန္းေက်ာ္ဟာ ကိုယ္ႀကိဳက္ႏွစ္သက္ရာ ကိုယ္စားလွယ္မ်ားကို မဲေပးရမွာျဖစ္ပါတယ္။ ထိုင္းျပည္သူေတြဟာ လာမယ့္ေလးႏွစ္အတြင္း ထိုင္းေအာက္လႊတ္ေတာ္ရဲ႕ကိုယ္ စားလွယ္ေတြကို မဲေပးေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒအရ အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ထိုင္းစစ္တပ္က ေ႐ြးခ်ယ္ၿပီး ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ျပည္သူမ်ားက မဲေပးေ႐ြးခ်ယ္ေၾကာင္းသိရပါတယ္။
ေမလ ၁၄ ရက္မွာက်င္းပတဲ့ေ႐ြးေကာက္ပြဲဟာ ထိုင္းႏိုင္ငံမွာအာဏာသိမ္းမႈျဖစ္ပြားခဲ့တဲ့ ၂ဝ၁၄ ခုႏွစ္ေနာက္ပိုင္း ဒုတိယအႀကိမ္က်င္းပတဲ့ေ႐ြးေကာက္ပြဲလည္းျဖစ္ပါတယ္။ ေ႐ြးေကာက္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ေနတဲ့ ပါတီမ်ားအနက္ ျဖဴထိုင္းပါတီနဲ႔ ေရွ႕သို႔ခ်ီပါတီဟာ ထိုင္းစစ္တပ္ကို ႏိုင္ငံေရးေလာကမွ ဖယ္ရွားမယ္လို႔ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရး ကာလအတြင္းေျပာဆိုမႈေတြရွိေနခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာေနာက္ဆုံးျဖစ္ပြားခဲ့တဲ့ အာဏာသိမ္းမႈေနာက္ပိုင္းကတည္းက ထိုင္းဗိုလ္ခ်ဳပ္ႀကီးေဟာင္း ပရာယြတ္ခ်န္အိုခ်ာဟာ ထိုင္းအစိုးရအဖြဲ႕မွာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့ၿပီး ထိုင္းႏိုင္ငံေရးေလာကကို ဦးေဆာင္ေနခဲ့သူျဖစ္ပါတယ္။
ပရာယြတ္ခ်န္အိုခ်ာဟာ ေ႐ြးေကာက္ပြဲမွာ ညီၫြတ္တဲ့ထိုင္းအမ်ိဳးသားပါတီကိုယ္စားျပဳ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ရႈံးနိမ့္မယ္ဆိုရင္ႏိုင္ငံေရးေလာက အနားယူမယ္လို႔ ေၾကညာထားသူျဖစ္ပါတယ္။ ထိုင္းေ႐ြးေကာက္ပြဲကို ပါတီေပါင္း (၇ဝ)ေက်ာ္ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အစိုးရဖြဲ႕ႏိုင္ဖို႔ နဲ႔ ဝန္ႀကီးခ်ဳပ္ခန႔္အပ္ႏိုင္ဖို႔ပါတီတစ္ခုတည္း သို႔မဟုတ္ ၫြန္ေပါင္းပါတီတစ္ခုဟာ လႊတ္ေတာ္ ႏွစ္ရပ္ေပါင္းရဲ႕ေထာက္ခံမဲေပါင္း (၃၇၆)မဲရဖို႔ လိုအပ္ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ တစ်နာရီလျှင် မိုင်(၆ဝ) နှုန်းအထက်ဖြင့် စတင်ဝင်ရောက်တိုက်ခတ်နေဟု ဒေသခံများဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ