Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနီရောင်အဆင့်(၇)မြို့နယ်နှင့် အခြားမြို့နယ်များမှ လူဦးရေ နှစ်သိန်းခန့်ကို ဘေးကင်းလုံခြုံသောနေရာများသို့ ရွှေ့ပြောင်းထားဟု ရခိုင်အစိုးရအဖွဲ့ပြော

မျိုးကြီး၊ ယွန်း (NP News) - မေ ၁၃

အနီရောင်အဆင့်(၇)မြို့နယ်နှင့် အခြားမြို့နယ်များမှ လူဦးရေ နှစ်သိန်းခန့်ကို ဘေးကင်းလုံခြုံသော နေရာများသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရက ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ယနေ့(မေလ ၁၃ ရက်) ညနေပိုင်းတွင် NP News ကို အသိပေးပြောဆိုထားခြင်းဖြစ်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ယမန်နေ့(မေလ ၁၂ ရက်)တွင် ရခိုင် ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တော နှင့် မာန်အောင်မြို့နယ်သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ဘေးအန္တရာယ်ကျနိုင်ခြေမြင့်မားသည့်အတွက် အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးကြေညာခဲ့သည်။

“ကျွန်တော်တို့က မြို့(၇)မြို့မှာ မြစ်နား၊ ချောင်းနား၊ ပင်လယ်နားပေါ့။ ရေတက်နိုင်တဲ့ နေရာတွေကို ဦးစားပေးပြီးတော့ မဖြစ်မနေရွှေ့ခိုင်းပါတယ်။ ရွှေ့ခိုင်းတော့ မနေ့ကတည်းက စရွှေ့လိုက်တာ ဒီနေ့ မနက်ပိုင်း ရတဲ့စာရင်းပေါ့။ အခုလက်ရှိလည်း ရွှေ့နေတာရှိပါတယ်။ အခုလက်ရှိရွှေ့နေတုန်းပေါ့နော်။ ဆိုတော့ မနက်ပိုင်း ၁၁ နာရီလောက်အထိကတော့ မြို့နယ်(၇)မြို့နယ်မှာ လူဦးရေ (၉၉ဝဝဝ)ကျော် ရွှေ့ထားပြီးဖြစ်ပါတယ်။ ဒါက (၇)မြို့နယ်ပါ” ဟု ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။

ဆက်လက်ပြီး ၎င်း(၇)မြို့နယ်အပြင် မုန်တိုင်းဒီရေတက်ရောက်နိုင်သည့် အခြားသောမြို့နယ်များရှိ ကျေးရွာအုပ်စု၊ ရပ်ကွက်များမှ လူဦးရေ (၉ဝဝဝဝ)ကျော်ကိုလည်း ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“မနက်က ၁၁ နာရီလောက်မှာ အကုန်လုံးပေါ့ အစီအစဉ်အရ ရွှေ့ထားတဲ့ လူဦးရေဟာဆိုရင် လူဦးရေ နှစ်သိန်းနီးပါး လောက်ရှိပါတယ်။ (၁၉၉ဝဝဝ)ကျော်ကို ရွှေ့ထားတယ်ဆိုတဲ့ စာရင်းရှိပါတယ်” ဟု ဦးလှသိန်းက ထပ်မံပြောဆိုထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဒေသခံများကို ယခုအချိန်ထိပါ ဆက်လက်ရွှေ့ပြောင်းပေးနေလျက်ရှိကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့က ဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းရှက်တာအဆောက်အအုံ(၅၇)လုံးရှိပြီး ၎င်းရှက်တာများသို့ လာရောက်ခိုလှုံသည့် ဒေသခံလူထုအား အစားအသောက်နှင့်ဆေးဝါးများကို တစ်ပြိုင်နက်တည်း စီစဉ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ပြောင်းတဲ့သူတွေလည်း ပြောင်းကုန်ကြပြီ။ ဒီမနက်မှာ ပြောင်းတဲ့သူတွေ ပိုများတယ်။ ကျွန်တော်တို့ မိသားစုတွေလည်း ပြောင်းမှာ ပစ္စည်းတွေ အကုန်ထားပြီး တံခါးပိတ်ပြီးတော့သွားရမှာပေါ့။ ကျွန်တော်တို့က ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေကြတာပါ။ ဆင်ခြေဖုံးရပ်ကွက်တောင် မနေနိုင်တော့ဘူး။ ပတ်ဝန်း ကျင်မှာလည်း လူတွေကပြောင်းကုန်ပြီလေ” ဟု စစ်တွေမြို့၌ နေထိုင်သည့် ဒေသခံတစ်ဦးက NP News ကို‌ပြောဆိုထားသည်။

စစ်တွေမြို့ပေါ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဘေးအား ရှောင်ရှားရန်အတွက် လုံခြုံစိတ်ရသည့်နေရာများသို့ ရွှေ့ပြောင်းနေသူများရှိသကဲ့သို့ မရွှေ့ပြောင်းသေးသည့် ဒေသခံများလည်း ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ မေလ ၁၄ ရက်၊ နေ့လည်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။

zawgyi version
အနီေရာင္အဆင့္(၇)ၿမိဳ႕နယ္ႏွင့္ အျခားၿမိဳ႕နယ္မ်ားမွ လူဦးေရ ႏွစ္သိန္းခန႔္ကို ေဘးကင္းလုံၿခဳံေသာေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းထားဟု ရခိုင္အစိုးရအဖြဲ႕ေျပာ

မ်ိဳးႀကီး၊ ယြန္း (NP News) - ေမ ၁၃

အနီေရာင္အဆင့္(၇)ၿမိဳ႕နယ္ႏွင့္ အျခားၿမိဳ႕နယ္မ်ားမွ လူဦးေရ ႏွစ္သိန္းခန႔္ကို ေဘးကင္းလုံၿခဳံေသာ ေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းထားၿပီးျဖစ္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕မွ ေျပာခြင့္ရက ဆိုသည္။

ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဥပေဒခ်ဳပ္ ဦးလွသိန္းက ယေန႔(ေမလ ၁၃ ရက္) ညေနပိုင္းတြင္ NP News ကို အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈေကာ္မတီက ယမန္ေန႔(ေမလ ၁၂ ရက္)တြင္ ရခိုင္ ျပည္နယ္ရွိ စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ေျမပုံ၊ ေပါက္ေတာ ႏွင့္ မာန္ေအာင္ၿမိဳ႕နယ္သည္ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ) ေၾကာင့္ ေဘးအႏၲရာယ္က်ႏိုင္ေျချမင့္မားသည့္အတြက္ အနီေရာင္အဆင့္ေဒသမ်ားအျဖစ္ သတိေပးေၾကညာခဲ့သည္။

“ကြၽန္ေတာ္တို႔က ၿမိဳ႕(၇)ၿမိဳ႕မွာ ျမစ္နား၊ ေခ်ာင္းနား၊ ပင္လယ္နားေပါ့။ ေရတက္ႏိုင္တဲ့ ေနရာေတြကို ဦးစားေပးၿပီးေတာ့ မျဖစ္မေနေ႐ႊ႕ခိုင္းပါတယ္။ ေ႐ႊ႕ခိုင္းေတာ့ မေန႔ကတည္းက စေ႐ႊ႕လိုက္တာ ဒီေန႔ မနက္ပိုင္း ရတဲ့စာရင္းေပါ့။ အခုလက္ရွိလည္း ေ႐ႊ႕ေနတာရွိပါတယ္။ အခုလက္ရွိေ႐ႊ႕ေနတုန္းေပါ့ေနာ္။ ဆိုေတာ့ မနက္ပိုင္း ၁၁ နာရီေလာက္အထိကေတာ့ ၿမိဳ႕နယ္(၇)ၿမိဳ႕နယ္မွာ လူဦးေရ (၉၉ဝဝဝ)ေက်ာ္ ေ႐ႊ႕ထားၿပီးျဖစ္ပါတယ္။ ဒါက (၇)ၿမိဳ႕နယ္ပါ” ဟု ဥပေဒခ်ဳပ္ဦးလွသိန္းက ေျပာသည္။

ဆက္လက္ၿပီး ၎(၇)ၿမိဳ႕နယ္အျပင္ မုန္တိုင္းဒီေရတက္ေရာက္ႏိုင္သည့္ အျခားေသာၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာအုပ္စု၊ ရပ္ကြက္မ်ားမွ လူဦးေရ (၉ဝဝဝဝ)ေက်ာ္ကိုလည္း ေဘးကင္းလုံၿခဳံသည့္ ေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးထားေၾကာင္း ၎က ဆက္လက္ေျပာသည္။

“မနက္က ၁၁ နာရီေလာက္မွာ အကုန္လုံးေပါ့ အစီအစဥ္အရ ေ႐ႊ႕ထားတဲ့ လူဦးေရဟာဆိုရင္ လူဦးေရ ႏွစ္သိန္းနီးပါး ေလာက္ရွိပါတယ္။ (၁၉၉ဝဝဝ)ေက်ာ္ကို ေ႐ႊ႕ထားတယ္ဆိုတဲ့ စာရင္းရွိပါတယ္” ဟု ဦးလွသိန္းက ထပ္မံေျပာဆိုထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ေဘးအႏၲရာယ္က်ေရာက္ႏိုင္ေျချမင့္မားသည့္ ရခိုင္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ေဒသခံမ်ားကို ယခုအခ်ိန္ထိပါ ဆက္လက္ေ႐ႊ႕ေျပာင္းေပးေနလ်က္ရွိေၾကာင္း ရခိုင္ျပည္ နယ္အစိုးရအဖြဲ႕က ဆိုထားသည္။

ထို႔ျပင္ ရခိုင္ျပည္နယ္အတြင္း ဆိုင္ကလုန္းရွက္တာအေဆာက္အအုံ(၅၇)လုံးရွိၿပီး ၎ရွက္တာမ်ားသို႔ လာေရာက္ခိုလႈံသည့္ ေဒသခံလူထုအား အစားအေသာက္ႏွင့္ေဆးဝါးမ်ားကို တစ္ၿပိဳင္နက္တည္း စီစဥ္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ေျပာင္းတဲ့သူေတြလည္း ေျပာင္းကုန္ၾကၿပီ။ ဒီမနက္မွာ ေျပာင္းတဲ့သူေတြ ပိုမ်ားတယ္။ ကြၽန္ေတာ္တို႔ မိသားစုေတြလည္း ေျပာင္းမွာ ပစၥည္းေတြ အကုန္ထားၿပီး တံခါးပိတ္ၿပီးေတာ့သြားရမွာေပါ့။ ကြၽန္ေတာ္တို႔က ဆင္ေျခဖုံးရပ္ကြက္ေလးမွာ ေနၾကတာပါ။ ဆင္ေျခဖုံးရပ္ကြက္ေတာင္ မေနႏိုင္ေတာ့ဘူး။ ပတ္ဝန္း က်င္မွာလည္း လူေတြကေျပာင္းကုန္ၿပီေလ” ဟု စစ္ေတြၿမိဳ႕၌ ေနထိုင္သည့္ ေဒသခံတစ္ဦးက NP News ကို‌ေျပာဆိုထားသည္။

စစ္ေတြၿမိဳ႕ေပၚ၌ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေဘးအား ေရွာင္ရွားရန္အတြက္ လုံၿခဳံစိတ္ရသည့္ေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းေနသူမ်ားရွိသကဲ့သို႔ မေ႐ႊ႕ေျပာင္းေသးသည့္ ေဒသခံမ်ားလည္း ရွိေနေသးေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အနီးမွ ေမလ ၁၄ ရက္၊ ေန႔လည္ပိုင္းတြင္ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအျဖစ္ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ေၾကာင္း မိုးဇလမွ သတိေပးထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုန်တိုင်းကြောင့် ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရန် ဆက်သွယ်ရေးကား(၃)စီးကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ရခိုင်သို့ပို့ဆောင်ထား

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved