Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မုန်တိုင်းကြောင့် ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရန် ဆက်သွယ်ရေးကား(၃)စီးကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ရခိုင်သို့ပို့ဆောင်ထား

ယွန်း (NP News) - မေ ၁၃

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရန် ဆက်သွယ်ရေးကား(၃)စီးကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မိုခါမုန်တိုင်းတိုက်ခတ်သည့် ကာလအတွင်း ဆက်သွယ်ရေးများ ပြတ်တောက်မှု မရှိစေရန်အတွက် ကြို တင်စီစဥ်မှုများ ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပ‌ဒေချုပ် ဦးလှသိန်းက အသိပေးပြောဆိုထားသည်။

“communication ပိုင်းမှာလဲ ဥပမာ- MPT တာဝါတိုင်ပြတ်သွားလို့ ဖုန်းဆက်လို့ မရရင်ဘာလုပ်မလဲပေါ့။ အဲဒါတွေကတော့ ပြည်ထောင်စုပိုင်းနဲ့ချိတ်ဆက်ပြီးတော့ လုပ်ထားတာတွေရှိပါတယ်။ ပြီးတော့ စစ်တွေကို ဆက်သွယ်ရေးကားပို့ထားပါတယ်။ ဆက်သွယ်ရေးကားမှာ ပစ္စည်းတွေအစုံပါပြီးတော့ တကယ်လို့ ရခိုင်ပြည်နယ်မှာမုန်တိုင်းကြောင့် တစ်ခုခုဖြစ်သွားတယ်ဆိုလို့ရှိရင် တယ်လီဖုန်း အလုံး(၇ဝဝ)ပါတဲ့ ကား (၃)စီးပို့ထားပါတယ်” ဟု ဦးလှသိန်းက NP News ကို ဆိုသည်။

လက်ရှိတွင် အဆိုပါ ဆက်သွယ်ရေးကား(၃)စီးကို စစ်တွေမြို့နယ် အပါအဝင် သံတွဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့အား ပြည်ထောင်စုအစိုးရမှ ပို့ဆောင်ပေးထားကြောင်း သိရသည်။

“အဲဒါကတော့ ပြည်ထောင်စုက အရေးပေါ်လတ်တလော ပို့တာဖြစ်ပါတယ်။ ဒါ့ပြင်အရင်ရက်ပိုင်းတွေကတော့ တပ်မတော် လေယာဥ်တွေနဲ့ ဆေးပစ္စည်းတွေ ပို့တာရှိပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပြည်ထောင်စုအစိုးအဖွဲ့အနေဖြင့် မုန်တိုင်းရှောင်ပြည်သူများအတွက် လိုအပ်သော ဆေးပစ္စည်းများ ပေးပို့ထားခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မနက်ဖြန်(မေလ ၁၄ ရက်) နေ့လည်ပိုင်းတွင် အားအလွန်‌ကောင်းသော မုန်တိုင်းအဖြစ်ဝင်ရောက်လာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ လူဦးရေပေါင်း(၂) သိန်းနီးပါးသည်လည်း ပြောင်းရွှေ့နေထိုင်မှုများ ဆောင် ရွက်ပြီးဖြစ်ကြောင်း သိရသည်။

zawgyi version
မုန္တိုင္းေၾကာင့္ ဆက္သြယ္ေရးျပတ္ေတာက္မႈ မရွိေစရန္ ဆက္သြယ္ေရးကား(၃)စီးကို ျပည္ေထာင္စုအစိုးရအဖြဲ႕မွ ရခိုင္သို႔ပို႔ေဆာင္ထား

ယြန္း (NP News) - ေမ ၁၃

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)ေၾကာင့္ ဆက္သြယ္ေရးျပတ္ေတာက္မႈ မရွိေစရန္ ဆက္သြယ္ေရးကား(၃)စီးကို ျပည္ေထာင္စုအစိုးရအဖြဲ႕မွ ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

မိုခါမုန္တိုင္းတိုက္ခတ္သည့္ ကာလအတြင္း ဆက္သြယ္ေရးမ်ား ျပတ္ေတာက္မႈ မရွိေစရန္အတြက္ ႀကိဳ တင္စီစဥ္မႈမ်ား ေဆာင္႐ြက္ထားေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဥပ‌ေဒခ်ဳပ္ ဦးလွသိန္းက အသိေပးေျပာဆိုထားသည္။

“communication ပိုင္းမွာလဲ ဥပမာ- MPT တာဝါတိုင္ျပတ္သြားလို႔ ဖုန္းဆက္လို႔ မရရင္ဘာလုပ္မလဲေပါ့။ အဲဒါေတြကေတာ့ ျပည္ေထာင္စုပိုင္းနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ လုပ္ထားတာေတြရွိပါတယ္။ ၿပီးေတာ့ စစ္ေတြကို ဆက္သြယ္ေရးကားပို႔ထားပါတယ္။ ဆက္သြယ္ေရးကားမွာ ပစၥည္းေတြအစုံပါၿပီးေတာ့ တကယ္လို႔ ရခိုင္ျပည္နယ္မွာမုန္တိုင္းေၾကာင့္ တစ္ခုခုျဖစ္သြားတယ္ဆိုလို႔ရွိရင္ တယ္လီဖုန္း အလုံး(၇ဝဝ)ပါတဲ့ ကား (၃)စီးပို႔ထားပါတယ္” ဟု ဦးလွသိန္းက NP News ကို ဆိုသည္။

လက္ရွိတြင္ အဆိုပါ ဆက္သြယ္ေရးကား(၃)စီးကို စစ္ေတြၿမိဳ႕နယ္ အပါအဝင္ သံတြဲၿမိဳ႕နယ္ႏွင့္ ေက်ာက္ျဖဴၿမိဳ႕နယ္တို႔အား ျပည္ေထာင္စုအစိုးရမွ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

“အဲဒါကေတာ့ ျပည္ေထာင္စုက အေရးေပၚလတ္တေလာ ပို႔တာျဖစ္ပါတယ္။ ဒါ့ျပင္အရင္ရက္ပိုင္းေတြကေတာ့ တပ္မေတာ္ ေလယာဥ္ေတြနဲ႔ ေဆးပစၥည္းေတြ ပို႔တာရွိပါတယ္”ဟု ၎မွ ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ျပည္ေထာင္စုအစိုးအဖြဲ႕အေနျဖင့္ မုန္တိုင္းေရွာင္ျပည္သူမ်ားအတြက္ လိုအပ္ေသာ ေဆးပစၥည္းမ်ား ေပးပို႔ထားခဲ့ေၾကာင္း သိရသည္။

ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕သို႔ မနက္ျဖန္(ေမလ ၁၄ ရက္) ေန႔လည္ပိုင္းတြင္ အားအလြန္‌ေကာင္းေသာ မုန္တိုင္းအျဖစ္ဝင္ေရာက္လာႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္ရွိ လူဦးေရေပါင္း(၂) သိန္းနီးပါးသည္လည္း ေျပာင္းေ႐ႊ႕ေနထိုင္မႈမ်ား ေဆာင္ ႐ြက္ၿပီးျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ကြီးတံခွန်မြို့နယ်၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved