အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂၂)လုံးနှင့် ဘုန်းကြီးကျောင်း (၃)ကျောင်း ပျက်စီး
စော (NP News) - မေ ၁ဝ
မကွေးတိုင်း၊ အောင်လံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၂)လုံးနှင့် ဘုန်းကြီးကျောင်း (၃) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၉ ရက်) ၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း အောင်လံမြို့နယ် မီးသတ်စခန်းမှသိရသည်။
“လက်ရှိကျေးရွာမှာဆိုရင် ကျေးရွာအုပ်စုနဲ့ ရွာသူရွာသားရယ်၊ အရံတပ်ဖွဲ့တွေနဲ့ပေါင်းပြီးတော့ သွပ်တွေကိုပြန်ကောက်ပြီး ယာယီပြန်မိုးပေးထားပါတယ်။ အောင်လံမြို့မှာတော့ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတာမရှိပါဘူး။ ကြိုတင်သတိပေးထားတဲ့ မုန်တိုင်းဝင်လာတဲ့အရှိန်မျိုးမဟုတ်ပါဘူး ။ သာမန်မိုးဦးလေဦးကျမှ ဖြစ်တတ်တဲ့ဖြစ်စဉ်မျိုးပါ”ဟု အောင်လံမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိတစ်ဦးက NP News ကိုပြောသည်။
အဆိုပါလေးပြင်းတိုက်ခတ်မှုကြောင့် အောင်လံမြို့နယ်ရှိ စျေးကုန်းရပ်ကွက်၊ ရေပြင်းကျေးရွာ၊ ရေဟိုင်းကျေးရွာ၊ ရွှေသူဋ္ဌေးကျေးရွာ၊ စစ်အောင်ကျေးရွာ၊ ဥယျာဥ်ကျေးရွာများမှ နေအိမ် (၂၂)လုံးနှင့် ဘုန်းကြီး ကျောင်း(၃)ကျောင်း ပျက်စီးခဲ့ကြောင်း အောင်လံမြို့နယ် မီးသတ်စခန်းမှ ဆိုသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များကို မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်များနှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
zawgyi version
ေအာင္လံၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ (၂၂)လုံးႏွင့္ ဘုန္းႀကီးေက်ာင္း (၃)ေက်ာင္း ပ်က္စီး
ေစာ (NP News) - ေမ ၁ဝ
မေကြးတိုင္း၊ ေအာင္လံၿမိဳ႕တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္(၂၂)လုံးႏွင့္ ဘုန္းႀကီးေက်ာင္း (၃) ေက်ာင္း ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၉ ရက္) ၊ ညေန (၅)နာရီဝန္းက်င္အခ်ိန္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေအာင္လံၿမိဳ႕နယ္ မီးသတ္စခန္းမွသိရသည္။
“လက္ရွိေက်း႐ြာမွာဆိုရင္ ေက်း႐ြာအုပ္စုနဲ႔ ႐ြာသူ႐ြာသားရယ္၊ အရံတပ္ဖြဲ႕ေတြနဲ႔ေပါင္းၿပီးေတာ့ သြပ္ေတြကိုျပန္ေကာက္ၿပီး ယာယီျပန္မိုးေပးထားပါတယ္။ ေအာင္လံၿမိဳ႕မွာေတာ့ ကယ္ဆယ္ေရးစခန္းဖြင့္လွစ္ထားတာမရွိပါဘူး။ ႀကိဳတင္သတိေပးထားတဲ့ မုန္တိုင္းဝင္လာတဲ့အရွိန္မ်ိဳးမဟုတ္ပါဘူး ။ သာမန္မိုးဦးေလဦးက်မွ ျဖစ္တတ္တဲ့ျဖစ္စဥ္မ်ိဳးပါ”ဟု ေအာင္လံၿမိဳ႕နယ္ မီးသတ္စခန္းမွ ဦးစီးအရာရွိတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေလးျပင္းတိုက္ခတ္မႈေၾကာင့္ ေအာင္လံၿမိဳ႕နယ္ရွိ ေစ်းကုန္းရပ္ကြက္၊ ေရျပင္းေက်း႐ြာ၊ ေရဟိုင္းေက်း႐ြာ၊ ေ႐ႊသူေ႒းေက်း႐ြာ၊ စစ္ေအာင္ေက်း႐ြာ၊ ဥယ်ာဥ္ေက်း႐ြာမ်ားမွ ေနအိမ္ (၂၂)လုံးႏွင့္ ဘုန္းႀကီး ေက်ာင္း(၃)ေက်ာင္း ပ်က္စီးခဲ့ေၾကာင္း ေအာင္လံၿမိဳ႕နယ္ မီးသတ္စခန္းမွ ဆိုသည္။
ေလျပင္းတိုက္ခတ္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးသြားသည့္ ေနအိမ္မ်ားကို မီးသတ္တပ္ဖြဲ႕ဝင္မ်ား ၊ အရန္မီးသတ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ဝိုင္းဝန္းရွင္းလင္းေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး တက်ရောက်ဖွယ်ရှိနေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း