Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး တက်ရောက်ဖွယ်ရှိနေ

ဂျန်ဇက် (NP News) - မေ ၁ဝ

ထိုင်းနိုင်ငံသည် လာမည့်ဇူလိုင်လတွင် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိမ်ရှင်အဖြစ် တစ်ကျော့ပြန်ကျင်းပမည်ဖြစ်ရာ မြန်မာ အပါအဝင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက် ဖွယ်ရှိနေကြောင်း သိရသည်။

အဆိုပါအစည်းအဝေးနှင့်နီးစပ်သော သတင်းအရင်းမြစ်က အဖွဲ့ဝင်နိုင်ငံအားလုံး၏ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ရန် သဘောတူညီထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် နစက တာဝန်ရှိသူများကို နိုင်ငံတကာအစည်းအဝေး တက်ရောက်ခွင့်မပေးရန် ဖိအားပေးမှုများရှိခဲ့ရာ ပြီးခဲ့သောနှစ် ကလည်း သီရိလင်္ကာနိုင်ငံတွင်ကျင်းပသော BIMSTEC အစည်းအဝေးကို နစက တာဝန်ရှိသူများ တက်ရောက်ခွင့် မပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။ 

သို့သော်လည်း အိမ်ရှင်အဖြစ် လက်ခံသော သီရိလင်္ကာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံကို BIMSTEC  အစည်းအဝေးတက်ရောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ BIMSTEC  အဖွဲ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့ ပါဝင်လျက်ရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပချိန်အတွင်း ၂ဝ၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အဆိုပြုကမ်းလှမ်းထားသော သယ်ယူပို့ဆောင် ရေးဆိုင်ရာ BIMSTEC Master Plan ကို အကောင်အထည်ဖော်ရန် အဓိက ဦးစားပေးဆောင်ရွက်ဖွယ်ရှိနေ ကြောင်း သိရသည်။ 

BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ လူဦးရေ စုစုပေါင်းက ၁ ဒသမ ၈ ဘီလျံရှိနေပြီး အဖွဲ့ဝင်နိုင်ငံအားလုံး၏ ပြည်တွင်း ဂျီဒီပီက၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ထရီလီယံ ရှိခဲ့ကြာင်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီး၊ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားချိန်အတွင်း BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်ရေး နှင့် ပြည်သူအချင်းချင်း ပူးပေါင်းနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ နီးကပ်စွာဆောင်ရွက်ရေးတို့ကို အဓိကထားဆောင်ရွက်သွားဖွယ်ရှိနေကြောင်း သတင်း အရင်းမြစ်တွေ က ပြောသည်။


Zawgyi Version;

ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ BIMSTEC ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ျမန္မာ အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံအားလုံး တက္ေရာက္ဖြယ္ရွိေန

ဂ်န္ဇက္ (NP News) - ေမ ၁ဝ

ထိုင္းႏိုင္ငံသည္ လာမည့္ဇူလိုင္လတြင္ BIMSTEC ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို အိမ္ရွင္အျဖစ္ တစ္ေက်ာ့ျပန္က်င္းပမည္ျဖစ္ရာ ျမန္မာ အပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား တက္ေရာက္ ဖြယ္ရွိေနေၾကာင္း သိရသည္။

အဆိုပါအစည္းအေဝးႏွင့္နီးစပ္ေသာ သတင္းအရင္းျမစ္က အဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား တက္ေရာက္ရန္ သေဘာတူညီထားေၾကာင္း သိရသည္။ 

ျမန္မာႏိုင္ငံတြင္ အာဏာသိမ္းၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ားသည္ နစက တာဝန္ရွိသူမ်ားကို ႏိုင္ငံတကာအစည္းအေဝး တက္ေရာက္ခြင့္မေပးရန္ ဖိအားေပးမႈမ်ားရွိခဲ့ရာ ၿပီးခဲ့ေသာႏွစ္ ကလည္း သီရိလကၤာႏိုင္ငံတြင္က်င္းပေသာ BIMSTEC အစည္းအေဝးကို နစက တာဝန္ရွိသူမ်ား တက္ေရာက္ခြင့္ မေပးရန္ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ 

သို႔ေသာ္လည္း အိမ္ရွင္အျဖစ္ လက္ခံေသာ သီရိလကၤာႏိုင္ငံႏွင့္အိႏၵိယႏိုင္ငံတို႔သည္ ျမန္မာႏိုင္ငံကို BIMSTEC  အစည္းအေဝးတက္ေရာက္ရန္ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။ BIMSTEC  အဖြဲ႕တြင္ ဘဂၤလားေဒရွ႕္ႏိုင္ငံ၊ ဘူတန္၊ အိႏၵိယ၊ ျမန္မာ၊ နီေပါ၊ သီရိလကၤာႏိုင္ငံ၊ ထိုင္းႏိုင္ငံတို႔ ပါဝင္လ်က္ရွိေနေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံက အိမ္ရွင္ အျဖစ္ လက္ခံက်င္းပခ်ိန္အတြင္း ၂ဝ၁၈ ခုႏွစ္တုန္းက ထိုင္းႏိုင္ငံက အဆိုျပဳကမ္းလွမ္းထားေသာ သယ္ယူပို႔ေဆာင္ ေရးဆိုင္ရာ BIMSTEC Master Plan ကို အေကာင္အထည္ေဖာ္ရန္ အဓိက ဦးစားေပးေဆာင္႐ြက္ဖြယ္ရွိေန ေၾကာင္း သိရသည္။ 

BIMSTEC အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ လူဦးေရ စုစုေပါင္းက ၁ ဒသမ ၈ ဘီလ်ံရွိေနၿပီး အဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ ျပည္တြင္း ဂ်ီဒီပီက၂ဝ၂၂ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၄ ဒသမ ၄ ထရီလီယံ ရွိခဲ့ၾကာင္း သိရသည္။ ထိုင္းႏိုင္ငံအေနျဖင့္ အဖြဲ႕ဝင္ႏိုင္ငံအားလုံးႏွင့္ နီးကပ္စြာပူးေပါင္းေဆာင္႐ြက္ေနၿပီး၊ အလွည့္က်ဥကၠ႒ အျဖစ္ တာဝန္ယူထားခ်ိန္အတြင္း BIMSTEC အဖြဲ႕ဝင္ႏိုင္ငံအားလုံး၏ ဖြံ႕ၿဖိဳးတိုးတက္ေရး အားလုံးပါဝင္ေရး ႏွင့္ ျပည္သူအခ်င္းခ်င္း ပူးေပါင္းႏိုင္ေရး၊ စီးပြားေရးလုပ္ငန္းမ်ား နီးကပ္စြာေဆာင္႐ြက္ေရးတို႔ကို အဓိကထားေဆာင္႐ြက္သြားဖြယ္ရွိေနေၾကာင္း သတင္း အရင္းျမစ္ေတြ က ေျပာသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည့် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း စတင်ဖွင့်လှစ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved