သဘာဝဘေးကြောင့် ဆေးရုံအပါအဝင် အရေးကြီးနေရာများ၌ ဓာတ်အားပြတ်တောက်မှု မရှိစေရန် အရန်မီးစက်များ ကြိုတင်ထားရှိမည်
ယွန်း (NP News) – မေ ၉
သဘာဝဘေးအန္တရာယ်ကြောင့် ဆေးရုံ အပါအဝင် အရေးကြီးနေရာများ၌ ဓာတ်အားပြတ်တောက်မှု မရှိစေရန် အရန်မီးစက်များ ကြိုတင်ဖြန့်ခွဲထားရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းပြောဆိုထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မေလ(၈)ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၏ ရုံးအမှတ်(၂၇) ရဲရွာခန်းမတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ ကုန်တွင်းပိုင်းဒေသများသို့ ဝင်ရောက်လာနိုင်သည်ဆိုသော သတိပေးချက်များအရ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။
ထို့ကြောင့် အရေးကြီးသောနေရာများဖြစ်သည့် ကွပ်ကဲမှုရုံး၊ ဆေးရုံ၊ အုပ်ချုပ်မှု အဆောက်အအုံဖြစ်သည့် ကယ်ဆယ်ရေးစခန်းနေရာများတွင်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် အရန်မီးစက်များကို ကြိုတင်ဖြန့်ခွဲထားရန် ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
အလားတူ သဘာဝဘေးကျရောက်နေချိန်များတွင်လည်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားဖွင့်/ပိတ်စနစ်များကို စနစ်တကျ ထိန်းချုပ်ထားရန် ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။
ဆက်သွယ်မှုစနစ်များ ပြတ်တောက်သွားမှုမရှိစေရန်အတွက်လည်း အရေးပေါ်ဆက်သွယ်မှုစနစ်များကို ကြိုတင်ဆောင်ရွက်ထားရန် ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် တည်ဆောက်ဆဲစီမံကိန်းများဖြစ်သော သံတွဲဒေသရှိ သူဋ္ဌေးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ထုတ်လုပ်ဆဲဖြစ်သည့် ကျောက်ဖြူဒေသရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများကို သဘာဝဘေးကြောင့် ထိခိုက်သက်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်ထားရန် ပြည်ထောင်စုဝန်ကြီးမှဆိုသည်။
အလားတူ ကိုကိုးကျွန်းနှင့် မာန်အောင်ကျွန်းရှိ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ၊ မင်းဘူးနှင့် စေတုတ္တရာဒေသရှိ ကြီးအုံကြီးဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုလည်း ထိခိုက်ပျက်စီးမှုမရှိစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ထားရန် ၎င်းမှ အသိပေးပြောဆိုခဲ့သည်။
zawgyi version
သဘာဝေဘးေၾကာင့္ ေဆး႐ုံအပါအဝင္ အေရးႀကီးေနရာမ်ား၌ ဓာတ္အားျပတ္ေတာက္မႈ မရွိေစရန္ အရန္မီးစက္မ်ား ႀကိဳတင္ထားရွိမည္
ယြန္း (NP News) – ေမ ၉
သဘာဝေဘးအႏၲရာယ္ေၾကာင့္ ေဆး႐ုံ အပါအဝင္ အေရးႀကီးေနရာမ်ား၌ ဓာတ္အားျပတ္ေတာက္မႈ မရွိေစရန္ အရန္မီးစက္မ်ား ႀကိဳတင္ျဖန႔္ခြဲထားရန္ ျပည္ေထာင္စုဝန္ႀကီးမွ တိုက္တြန္းေျပာဆိုထားသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ေမလ(၈)ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၏ ႐ုံးအမွတ္(၂၇) ရဲ႐ြာခန္းမတြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚလာမည့္ ေလဖိအားနည္းရပ္ဝန္းမွ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ ေျပာင္းလဲကာ ကုန္တြင္းပိုင္းေဒသမ်ားသို႔ ဝင္ေရာက္လာႏိုင္သည္ဆိုေသာ သတိေပးခ်က္မ်ားအရ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္ထားသင့္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။
ထို႔ေၾကာင့္ အေရးႀကီးေသာေနရာမ်ားျဖစ္သည့္ ကြပ္ကဲမႈ႐ုံး၊ ေဆး႐ုံ၊ အုပ္ခ်ဳပ္မႈ အေဆာက္အအုံျဖစ္သည့္ ကယ္ဆယ္ေရးစခန္းေနရာမ်ားတြင္လည္း လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈ မရွိေစေရးအတြက္ အရန္မီးစက္မ်ားကို ႀကိဳတင္ျဖန႔္ခြဲထားရန္ ၎မွ ဆက္လက္ေျပာဆိုထားသည္။
အလားတူ သဘာဝေဘးက်ေရာက္ေနခ်ိန္မ်ားတြင္လည္း လွ်ပ္စစ္အႏၲရာယ္ မျဖစ္ေပၚေစေရးအတြက္ ဓာတ္အားဖြင့္/ပိတ္စနစ္မ်ားကို စနစ္တက် ထိန္းခ်ဳပ္ထားရန္ ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။
ဆက္သြယ္မႈစနစ္မ်ား ျပတ္ေတာက္သြားမႈမရွိေစရန္အတြက္လည္း အေရးေပၚဆက္သြယ္မႈစနစ္မ်ားကို ႀကိဳတင္ေဆာင္႐ြက္ထားရန္ ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ တည္ေဆာက္ဆဲစီမံကိန္းမ်ားျဖစ္ေသာ သံတြဲေဒသရွိ သူေ႒းေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံစီမံကိန္း၊ ထုတ္လုပ္ဆဲျဖစ္သည့္ ေက်ာက္ျဖဴေဒသရွိ သဘာဝဓာတ္ေငြ႕သုံးဓာတ္အားေပးစက္႐ုံမ်ားကို သဘာဝေဘးေၾကာင့္ ထိခိုက္သက္ေရာက္မႈ မရွိေစေရးအတြက္ ေဆာင္႐ြက္ထားရန္ ျပည္ေထာင္စုဝန္ႀကီးမွဆိုသည္။
အလားတူ ကိုကိုးကြၽန္းႏွင့္ မာန္ေအာင္ကြၽန္းရွိ ေနေရာင္ျခည္သုံး ဓာတ္အားေပးစက္႐ုံ၊ မင္းဘူးႏွင့္ ေစတုတၱရာေဒသရွိ ႀကီးအုံႀကီးဝ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ားကိုလည္း ထိခိုက္ပ်က္စီးမႈမရွိေစရန္ ႀကိဳတင္ကာကြယ္ျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ထားရန္ ၎မွ အသိေပးေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲအရှိန် ပိုမြင့်တက်လာခြင်းကြောင့် ယူကရိန်းနိုင်ငံရှိ အီတလီနိုင်ငံသားများကို အမြန်ဆုံးထွက်ခွါရန် တိုက်တွန်းထားဟုဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း