တိုက်ပွဲအရှိန် ပိုမြင့်တက်လာခြင်းကြောင့် ယူကရိန်းနိုင်ငံရှိ အီတလီနိုင်ငံသားများကို အမြန်ဆုံးထွက်ခွါရန် တိုက်တွန်းထားဟုဆို
Pika (NP News) - မေ ၉
Viaggiare Sicuri ဝဘ်ဆိုဒ်တွင် တင်ထားသော ရုရှားနိုင်ငံ၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများ ပိုမိုတိုးလာနေသည်ဆိုသည့် စာတစ်စောင်အရ အီတလီနိုင်ငံသားများကို ယူကရိန်းနိုင်ငံတွင်းမှ ချက်ချင်းထွက်ခွါသွားရန် ကိယက်ဗ်မြို့ရှိ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုပြောဆိုခဲ့ကြောင်းသိရသည်။
အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနက "ယူကရိန်းနိုင်ငံတွင်းမှာရှိတဲ့ အီတလီနိုင်ငံသားတွေ အားလုံးကိုယူကရိန်းနိုင်ငံထဲက အမြန်ဆုံးထွက်ခွါဖို့ အကြံပြုထားပါတယ်။ အလွန်သတိထားကြဖို့လည်း အကြုံပြုထားပါတယ်။ ယူကရိန်းကို ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားလာတာမျိုးမလုပ်ဖို့လည်း တားမြစ်ထားပါတယ်"ဟုပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် ရုရှားတို့ ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် အီတလီနိုင်ငံသည် ယူကရိန်းနိုင်ငံတွင်းရှိ သံရုံးမှ ၎င်း၏ဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့ပြီး ဒွန်းညက်စ်၊လူဟန့်စ်ဒေသများနှင့် ခရိုင်းမီးယားဒေသတို့ကို ရှောင်ရှားရန် အီတလီနိုင်ငံသားများကို တိုက်တွန်းခဲ့ကြောင်းသိရသည်။ ဒွန်းညက်စ်နှင့်လူဟန့်စ်ဒေသတို့သည် လူထုဆန္ဒခံယူပွဲများလုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနိုင်ငံနှင့်ပူးပေါင်းခဲ့သည်။
ခရိုင်းမီးယားကျွန်းဆွယ်သည် (၂ဝ၁၄)ခုနှစ်တွင် ရုရှားက ယူကရိန်းထံမှ သိမ်းပိုက်ထားခြင်းဖြစ်ကြောင်းသိရသည်။ မေလ(၈)ရက်၊ နံနက်အစောပိုင်းတွင် ယူကရိန်းသည် ရုရှား၏ ဒရုန်းများနှင့် ဒုံးကျည်တိုက် ခိုက်မှု အများအပြားကို သတင်းထုတ်ပြန်ခဲ့ပြီး ကိယက်ဗ်မြို့ကို လာရောက်တိုက်ခိုက်ခဲ့သည့် kamikaze ဒရုန်း(၃၅)စင်းကို ပစ်ချနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။
ထို့ပြင် ရုရှားလေတပ်မှ ဗုံးကြဲလေယာဉ်များသည် Odessa ဒေသသို့ ဒုံးကျည်(၈)စင်းကို ပစ်လွှတ်ခဲ့ပြီး Chernigov နှင့် Dnepropetrovsk ဒေသများအပြင် Zaporozhye မြို့တို့တွင်လည်း ပေါက်ကွဲမှုများရှိခဲ့ကြောင်းသိရသည်။
zawgyi version
တိုက္ပြဲအရွိန္ ပိုျမင့္တက္လာျခင္းေၾကာင့္ ယူကရိန္းႏိုင္ငံရွိ အီတလီႏိုင္ငံသားမ်ားကို အျမန္ဆုံးထြက္ခြါရန္ တိုက္တြန္းထားဟုဆို
Pika (NP News) - ေမ ၉
Viaggiare Sicuri ဝဘ္ဆိုဒ္တြင္ တင္ထားေသာ ႐ုရွားႏိုင္ငံ၏ ဒုံးက်ည္ျဖင့္တိုက္ခိုက္မႈမ်ား ပိုမိုတိုးလာေနသည္ဆိုသည့္ စာတစ္ေစာင္အရ အီတလီႏိုင္ငံသားမ်ားကို ယူကရိန္းႏိုင္ငံတြင္းမွ ခ်က္ခ်င္းထြက္ခြါသြားရန္ ကိယက္ဗ္ၿမိဳ႕ရွိ အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက အႀကံျပဳေျပာဆိုခဲ့ေၾကာင္းသိရသည္။
အီတလီႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ယူကရိန္းႏိုင္ငံတြင္းမွာရွိတဲ့ အီတလီႏိုင္ငံသားေတြ အားလုံးကိုယူကရိန္းႏိုင္ငံထဲက အျမန္ဆုံးထြက္ခြါဖို႔ အႀကံျပဳထားပါတယ္။ အလြန္သတိထားၾကဖို႔လည္း အႀကဳံျပဳထားပါတယ္။ ယူကရိန္းကို ဘယ္လိုပဲျဖစ္ျဖစ္ ခရီးသြားလာတာမ်ိဳးမလုပ္ဖို႔လည္း တားျမစ္ထားပါတယ္"ဟုေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားတို႔ ယူကရိန္းကို စတင္က်ဴးေက်ာ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အီတလီႏိုင္ငံသည္ ယူကရိန္းႏိုင္ငံတြင္းရွိ သံ႐ုံးမွ ၎၏ဝန္ထမ္းမ်ားကို ျပန္လည္ေခၚယူခဲ့ၿပီး ဒြန္းညက္စ္၊လူဟန႔္စ္ေဒသမ်ားႏွင့္ ခ႐ိုင္းမီးယားေဒသတို႔ကို ေရွာင္ရွားရန္ အီတလီႏိုင္ငံသားမ်ားကို တိုက္တြန္းခဲ့ေၾကာင္းသိရသည္။ ဒြန္းညက္စ္ႏွင့္လူဟန႔္စ္ေဒသတို႔သည္ လူထုဆႏၵခံယူပြဲမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံႏွင့္ပူးေပါင္းခဲ့သည္။
ခ႐ိုင္းမီးယားကြၽန္းဆြယ္သည္ (၂ဝ၁၄)ခုႏွစ္တြင္ ႐ုရွားက ယူကရိန္းထံမွ သိမ္းပိုက္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ ေမလ(၈)ရက္၊ နံနက္အေစာပိုင္းတြင္ ယူကရိန္းသည္ ႐ုရွား၏ ဒ႐ုန္းမ်ားႏွင့္ ဒုံးက်ည္တိုက္ ခိုက္မႈ အမ်ားအျပားကို သတင္းထုတ္ျပန္ခဲ့ၿပီး ကိယက္ဗ္ၿမိဳ႕ကို လာေရာက္တိုက္ခိုက္ခဲ့သည့္ kamikaze ဒ႐ုန္း(၃၅)စင္းကို ပစ္ခ်ႏိုင္ခဲ့ေၾကာင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ႐ုရွားေလတပ္မွ ဗုံးႀကဲေလယာဥ္မ်ားသည္ Odessa ေဒသသို႔ ဒုံးက်ည္(၈)စင္းကို ပစ္လႊတ္ခဲ့ၿပီး Chernigov ႏွင့္ Dnepropetrovsk ေဒသမ်ားအျပင္ Zaporozhye ၿမိဳ႕တို႔တြင္လည္း ေပါက္ကြဲမႈမ်ားရွိခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှုနှင့် ပါတီဝင်တစ်ဦး၏ လည်ပင်းအား ဓါးဖြင့်လှီးကာသတ်ဖြတ်မှု ရေတာရှည်မြို့နယ်၌ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ