အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှုနှင့် ပါတီဝင်တစ်ဦး၏ လည်ပင်းအား ဓါးဖြင့်လှီးကာသတ်ဖြတ်မှု ရေတာရှည်မြို့နယ်၌ဖြစ်ပွား
NP News - မေ ၉
အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ လည်ပင်းအား ဓါးဖြင့် လှီးကာသတ်ဖြတ်မှု ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၈ ရက်)၊ ည ၉ နာရီကျော်အချိန်ခန့်တွင် ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ ရဲကုန်းကျေးရွာနှင့် ဝါးရုံလဲကျေးရွာတို့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက NP News ကို ပြောသည်။
အကြမ်းဖက်သမား(၆)ဦးသည် ဆိုင်ကယ်(၃)စီးဖြင့် ရဲကုန်းကျေးရွာသို့ ရောက်ရှိလာကာ ၎င်းကျေးရွာ၌ နေထိုင်သည့် ကျေးရွာတာဝန်ခံဟောင်းဖြစ်သူ ဦးအေးချိုကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့နောက် အကြမ်းဖက်သမားများသည် ဦးအေးချိုအား ရဲကုန်းကျေးရွာရပ်မိရပ်ဖဖြစ်သူ ဦးရာကျော်၏ နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အကြမ်းဖက်သမားများသည် ရဲကုန်းကျေးရွာအုပ်စုရှိ ဝါးရုံလဲကျေးရွာဘက်သို့ သွားရောက်ခဲ့ပြီး ၎င်းကျေးရွာတွင် နေထိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးစိုးကြည်အား ဓါးဖြင့် ထပ်မံသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ဆက်လက်ပြောဆိုထားသည်။
အကြမ်းဖက်သမားများသည် ဦးစိုးကြည်အား ၎င်း၏နေအိမ်၌ပင် လည်ပင်းအား ဓါးဖြင့် လှီးကာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။
ထိုသို့ ရဲကုန်းကျေးရွာနှင့် ဝါးရုံလဲကျေးရွာတို့၌ အထက်ပါကဲ့သို့ အခင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
zawgyi version
အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္မႈႏွင့္ ပါတီဝင္တစ္ဦး၏ လည္ပင္းအား ဓါးျဖင့္လွီးကာသတ္ ျဖတ္မႈ ေရတာရွည္ၿမိဳ႕နယ္၌ျဖစ္ပြား
NP News - ေမ ၉
အမ်ိဳးသားတစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္မႈႏွင့္ ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦး၏ လည္ပင္းအား ဓါးျဖင့္ လွီးကာသတ္ျဖတ္မႈ ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၈ ရက္)၊ ည ၉ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ေရတာရွည္ၿမိဳ႕နယ္၊ ေရနီၿမိဳ႕၊ ရဲကုန္းေက်း႐ြာႏွင့္ ဝါး႐ုံလဲေက်း႐ြာတို႔၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက NP News ကို ေျပာသည္။
အၾကမ္းဖက္သမား(၆)ဦးသည္ ဆိုင္ကယ္(၃)စီးျဖင့္ ရဲကုန္းေက်း႐ြာသို႔ ေရာက္ရွိလာကာ ၎ေက်း႐ြာ၌ ေနထိုင္သည့္ ေက်း႐ြာတာဝန္ခံေဟာင္းျဖစ္သူ ဦးေအးခ်ိဳကို လက္ျပန္ႀကိဳးတုပ္ကာ ဖမ္းဆီးေခၚေဆာင္ သြားခဲ့ေၾကာင္း ေဒသခံမ်ားက ဆိုသည္။
ထို႔ေနာက္ အၾကမ္းဖက္သမားမ်ားသည္ ဦးေအးခ်ိဳအား ရဲကုန္းေက်း႐ြာရပ္မိရပ္ဖျဖစ္သူ ဦးရာေက်ာ္၏ ေနအိမ္ေရွ႕၌ ေသနတ္ျဖင့္ ပစ္သတ္သြားခဲ့ေၾကာင္း သိရသည္။
ဆက္လက္ၿပီး အၾကမ္းဖက္သမားမ်ားသည္ ရဲကုန္းေက်း႐ြာအုပ္စုရွိ ဝါး႐ုံလဲေက်း႐ြာဘက္သို႔ သြားေရာက္ခဲ့ၿပီး ၎ေက်း႐ြာတြင္ ေနထိုင္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဝင္ျဖစ္သူ ဦးစိုးၾကည္အား ဓါးျဖင့္ ထပ္မံသတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ဆက္လက္ေျပာဆိုထားသည္။
အၾကမ္းဖက္သမားမ်ားသည္ ဦးစိုးၾကည္အား ၎၏ေနအိမ္၌ပင္ လည္ပင္းအား ဓါးျဖင့္ လွီးကာ သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။
ထိုသို႔ ရဲကုန္းေက်း႐ြာႏွင့္ ဝါး႐ုံလဲေက်း႐ြာတို႔၌ အထက္ပါကဲ့သို႔ အခင္းျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ သက္ဆိုင္ရာလုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး အၾကမ္းဖက္သမားမ်ားကို လိုက္လံရွင္းလင္းလ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံသဘောတူညီချက်ငါးချက်နဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချုပ်တည်းရှောင်ရှားဖို့ တိုက် တွန်းကြောင်း စင်ကာပူအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း