အာဆီယံသဘောတူညီချက်ငါးချက်နဲ့အညီ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချုပ်တည်းရှောင်ရှားဖို့ တိုက် တွန်းကြောင်း စင်ကာပူအစိုးရပြော
ဂျန်ဇက် (NP News) - မေ ၉
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးဟာ အာဆီယံသဘောတူညီချက်ငါးချက်နဲ့အညီ အကြမ်းဖက်တိုက် ခိုက်မှုတွေကို ချုပ်တည်းရှောင်ရှားဖို့ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံရေးအခက်အခဲမှာပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးကြား အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုလုပ်မှသာ ပြည်သူအကျိုးစီးပွာနဲ့ပတ် သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်မှာဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအတွက် သွားရောက်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများပါဝင်ခဲ့တဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ပြစ်တင်ရှုတ်ချတယ်လို့လည်း
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့များနှင့် သံတမန်များဘေးကင်းလုံခြုံရေးက အဓိကအရေးကြီးကြောင်း၊ ဘေးကင်းလုံခြုံမှုများရှိမှသာ အကူအညီလိုအပ်သောသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်မှာဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများလိုက်ပါသွားတဲ့ ယာဉ်တန်း မေလ ၇ ရက်က တိုက်ခိုက်ခံရပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံး ဝန်ထမ်းနှစ်ဦလည်း အဲဒီ သံတမန်ယာဉ်တန်းထဲမှာပါဝင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ဘေကင်းစွာဖြင့် ပြန်လာနိုင်ခဲ့တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက "အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်တွေနဲ့လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တွေ ပါဝင်တဲ့ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဘေးကင်းစွာနဲ့ ရန်ကုန်မြို့ကို ပြန်လာနိုင်ခဲ့တယ်"လို့ပြောပါတယ်။
အဆိုပါ ယာဉ်တန်းတိုက်ခိုက်ခံရမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကျင်းပခါနီးချိန်မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
zawgyi version
အာဆီယံသေဘာတူညီခ်က္ငါးခ်က္နဲ႔အညီ အၾကမ္းဖက္တိုက္ခိုက္မႈေတြကို ခ်ဳပ္တည္းေရွာင္ရွားဖို႔ တိုက္ တြန္းေၾကာင္း စင္ကာပူအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၉
ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းအားလုံးဟာ အာဆီယံသေဘာတူညီခ်က္ငါးခ်က္နဲ႔အညီ အၾကမ္းဖက္တိုက္ ခိုက္မႈေတြကို ခ်ဳပ္တည္းေရွာင္ရွားဖို႔ တိုက္တြန္းေၾကာင္း၊ ျမန္မာႏိုင္ငံေရးအခက္အခဲမွာပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးၾကား အျပဳသေဘာေဆာင္တဲ့ေတြ႕ဆုံေဆြးေႏြးမႈလုပ္မွသာ ျပည္သူအက်ိဳးစီးပြာနဲ႔ပတ္ သက္ၿပီး ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္မွာျဖစ္ေၾကာင္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအတြက္ သြားေရာက္ခဲ့တဲ့ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားပါဝင္ခဲ့တဲ့ ယာဥ္တန္း တိုက္ခိုက္ခံရမႈကို ျပစ္တင္ရႈတ္ခ်တယ္လို႔လည္း
စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕မ်ားႏွင့္ သံတမန္မ်ားေဘးကင္းလုံၿခဳံေရးက အဓိကအေရးႀကီးေၾကာင္း၊ ေဘးကင္းလုံၿခဳံမႈမ်ားရွိမွသာ အကူအညီလိုအပ္ေသာသူမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးႏိုင္မွာျဖစ္တယ္လို႔ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
ရွမ္းျပည္နယ္မွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးဖို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားလိုက္ပါသြားတဲ့ ယာဥ္တန္း ေမလ ၇ ရက္က တိုက္ခိုက္ခံရၿပီး ျမန္မာႏိုင္ငံဆိုင္ရာ စင္ကာပူသံ႐ုံး ဝန္ထမ္းႏွစ္ဦလည္း အဲဒီ သံတမန္ယာဥ္တန္းထဲမွာပါဝင္ခဲ့ပါတယ္။ သို႔ေပမယ့္လည္း ေဘကင္းစြာျဖင့္ ျပန္လာႏိုင္ခဲ့တယ္လို႔လည္း စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက "အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ သံတမန္ေတြနဲ႔လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးအဖြဲ႕ေတြ ပါဝင္တဲ့ယာဥ္တန္းတိုက္ခိုက္ခံရမႈမွာ ရန္ကုန္ၿမိဳ႕ရွိ စင္ကာပူသံ႐ုံးက ဝန္ထမ္းႏွစ္ဦးပါဝင္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာ ေဘးကင္းစြာနဲ႔ ရန္ကုန္ၿမိဳ႕ကို ျပန္လာႏိုင္ခဲ့တယ္"လို႔ေျပာပါတယ္။
အဆိုပါ ယာဥ္တန္းတိုက္ခိုက္ခံရမႈဟာ အင္ဒိုနီးရွားႏိုင္ငံမွာ လာမယ့္ရက္ပိုင္းအတြင္းက်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝးက်င္းပခါနီးခ်ိန္မွာျဖစ္ပြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးဇီလန်ကို ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံသား (၃)ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ