အာရှနှင့် ပစိဖိတ်ဒေသတိုင်းပြည်အများစုသည် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ကပ်ဆိုးများကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေးဟု ကုလသမဂ္ဂပြောဆို
Htay Oung (NP News)- မေ ၉
အာရှနဲ့ ပစိဖိတ်ဒေသရှိ နိုင်ငံအများစုတို့ဟာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ရာသီဥတုပြင်းထန်မှု၊ လွန်ကဲ မိုးလေ၀သအခြေအနေ အကြိမ်ကြိမ် တိုးပွားလာမှုနဲ့ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန် ပြင်ဆင်မှု လုံ လောက်စွာ မရှိကြသေးကြောင်း ကုလသမဂ္ဂ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေး-လူမှုရေးကော်မရှင် (ESCAP) ရဲ့ ယခုနောက်ဆုံး လေ့လာမှုအသစ်အရ သိရှိရတယ်လို့ Dhaka Tribune က မေလ ၈ရက်မှာ ရေးသားပါတယ်။
“Race to Net Zero: Accelerating Climate Action in Asia and the Pacific” အစီရင်ခံစာအရ ဒေသတွင်းနိုင်ငံများအနေနဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုမှာ လိုက်လျောညီထွေဖြစ်အောင်နဲ့ လျော့ပါးသက်သာ စေရန် ကြိုးပမ်းရေး၊ ရာသီဥတုဆိုင်ရာ အသိပညာပေးရေးအတွက် အချက်အလက်များကို ပံ့ပိုးပေးရန် လုံ လောက်တဲ့ ငွေကြေးရင်းမြစ်များ ချို့တဲ့နေကြောင်း သိရှိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အာရှနဲ့ ပစိဖိတ်ဒေသရဲ့ အပူချိန်ဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် မြင့်တက်မှု ပိုမိုမြန်ဆန်လာခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံအနက် ၆ နိုင်ငံတို့ဟာ စားနပ်ရိက္ခာစနစ်များ ပြတ်တောက်ခြင်း၊ စီးပွားရေးပျက်စီးခြင်းနဲ့ လူ့အဖွဲ့အစည်းများ ယိုင်နဲ့ယိုယွင်း ခြင်းတို့ကို ရင်ဆိုင်နေရတဲ့ ဒေသများဖြစ်နေကြောင်း၊ ဒေသတွင်း ရာသီဥတုပြောင်းလဲမှုရဲ့ အဆိုးရွားဆုံးအကျိုး ဆက်များကို ကြုံတွေ့နေရပေမဲ့ အဲ့ဒီဒေသဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏရဲ့ ထက်ဝက်ကျော်ကို ထုတ် လွှတ်နေတဲ့ အဓိက လက်သည်ဖြစ်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လူဦးရေတိုးပွားလာကာ စီးပွားရေးမှာ ရုပ်ကြွင်းလောင်စာများကို အသုံးပြုပြီး ဆက်လက် လည်ပတ်နေတဲ့ အတွက် အဲ့ဒီ ထုတ်လွှတ်မှု ပမာဏဟာ မြင့်တက်လာနေကြောင်း၊ ဒီအချက်က အရေးတကြီး စိန်ခေါ်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရကြောင်း၊ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေးကို ကာဗွန်ထုတ်လွှတ်မှု နည်း ပါးတဲ့ လမ်းကြောင်းပေါ်မှာ ထားရှိရန်၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုများကို ပိုမိုခံနိုင် ရည်ရှိလာစေရန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရေးကိစ္စဟာ ဒေသတွင်း ကပ်ရောဂါပြီးဆုံး ပြီး နောက် ပြန်လည်ထူထောင်ရေးမှာ ဦးစားပေးနဲ့ အဓိကခေါင်းစဉ်ဖြစ်ဖို့ လိုအပ်ကြောင်း၊ ကမ္ဘာတစ်ဝှန်း လုံးဖြစ် ပေါ်နေတဲ့ အန္တရာယ်အစုအဝေး နောက်ဆက်တွဲ အကျပ်အတည်းမှာ ဒေသတွင်းအစိုးရများအနေနဲ့ ကာဗွန် ထုတ်လွှတ်မှု အသားတင် သုံညဖြစ်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ် ပြုပါကြောင်း ၊
ဒါပေမဲ့ နိုင်ငံများရဲ့ လုပ်ဆောင်ချက် အပေါင်းအစုတို့ဟာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ ကမ္ဘာ့ရာ သီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေးအတွက် နိုင်ငံအလိုက် သတ်မှတ်ထားတဲ့အတိုင်း ပူးပေါင်းပါ ၀င်ကြဖို့ ပါရီသဘောတူညီချက်ပါ ရည်မှန်းချက်များကို ပျက်ပြားသွားစေကြောင်း ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးနဲ့ ESCAP ရဲ့ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ အမင်ဒါဆယ်လ်ဆိုင်အယ်ဂျစ်ဘာနာက ရှင်းပြပါတယ်။
လက်ရှိ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ၂၀၁၀ ခုနှစ်မှာ မှတ်တမ်းတင်ထားတဲ့ အဆင့်ထက် ၁၆ ရာခိုင်နှုန်းတိုးလာမယ်လို့ မျှော်လင့်ရကြောင်း။ ဒါပေမဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်အတွင်း ထိန်းသိမ်းထားဖို့အတွက် ၄၅ ရာခိုင်နှုန်း လျှော့ချရန် လိုအပ်တဲ့အတွက် ဆန့်ကျင်ပြောင်းပြန်ဖြစ်နေကြောင်း၊ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်း မရှိပဲ ကမ္ဘာကြီးပူနွေးလာမှုဟာ ဒေသတွင်း ဆင်းရဲမွဲတေမှုနဲ့ (နိုင် ငံအချင်းချင်းတို့အကြား ဆင်းရဲ-ချမ်းသာ) မညီမျှမှုကို အဓိက မောင်းနှင်အားအဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ကြောင်း၊ ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံငယ်များမှာ ဆိုးရွားတဲ့ အကျိုးဆက်များကို ရင်ဆိုင်ရဖွယ်ရှိ ကြောင်း၊ ESCAP ရဲ့ လေ့လာမှုအရ စွမ်းပင်၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါး သယ်ယူပို့ဆောင်ရေး၊ ကမ္ဘာ့ကုန် သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး စသဖြင့် ကဏ္ဍကြီး ၃ ရပ်မှာ လိုအပ်တဲ့ အသွင်ကူးပြောင်းမှုများကို ဖော်ထုတ် ပေးခဲ့တယ်လို့ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ အမင်ဒါဆယ်လ်ဆိုင်အယ်ဂျစ်ဘာနာက တင်ပြပါတယ်။
၇၉ ကြိမ်မြောက် ESCAP ကော်မရှင်အစည်းအဝေးကို မေလ ၁၅ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာခေါင်းဆောင်များ၊ တာဝန်ရှိသူများ၊ လူငယ်များနဲ့ သက်ဆိုင်သူ များစုဝေးကြဖို့ရှိကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု အသားတင် သုံညဖြစ်ရေးအတွက် ဆန်းသစ်တဲ့ မူဝါဒရွေးချယ်မှု များ၊ ပြောင်းလဲလာတဲ့ ကမ္ဘာ့ရာသီဥတုနဲ့ သဟဇာတဖြစ်ရေး ဦးတည်လမ်းခင်းပေးမှာဖြစ်ကြောင်း Dhaka Tribune က ဆက်လက်ဖော်ပြပါတယ်။
( ယခုသတင်းအရ ကမ္ဘာ့ရာသီဥတုပြောင်းလဲရေးအတွက် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု အသားတင် သုည ဖြစ်ရေးဆိုသည်ကို သံယောင်လိုက်ကာ ကန့်ကွက်ကြမည့် ကြွတက်လှုပ်ရှားသူများ၊ နိုင်ငံရေး အမြတ် ထုတ်လို သူများ၊ မွေးစားခံ မီဒီယာနှင့် ပညာရှင်ဆိုသူများ၏ ရန်ကို ကြိုတင်တွေးမိ၍ ချွေးသီးတွေ ဘူးသီးလုံးလောက် ကျမိပါသည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘာကြီးတစ်ခုလုံး၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်းမှာ 55.3 GtCO2e (Gigatonnes of carbon dioxide equivalent) ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ပမာဏ ရှိခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင် တရုတ်တစ်နိုင်ငံတည်းက ၂၃ ရာခိုင်နှုန်း ထုတ်လုပ်နေခဲ့ပြီး အမေရိကန် (၁၉)ရာခိုင်နှုန်း၊ အိန္ဒိယ (၆) ရာခိုင်နှုန်း နီးပါးမျှ ရှိနေသည်။ မြန်မာသည် တစ်ကမ္ဘာလုံးတွင် ဟိုးတုန်းကလည်း သုံညနီးပါး ယခုလည်း သုံည၀န်းကျင်သာ ရှိသည်။
သစ်တောများ ပြုန်းတီးခြင်းသည် သဘာ၀ပတ်၀န်းကျင် ပြောင်းလဲစေရာတွင် အချက်တစ်ခုဖြစ်ကြောင်း ၀န်ခံပါ သည်။ မြန်မာနည်းတူ ၄င်းနိုင်ငံများသည်လည်း မိုးသည်းထန်၊ အပူလှိုင်း-အအေး လှိုင်းကျရောက်၊ ပူပြင်း ခြောက်သွေ့နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိသည်။ အတိုချုံးပြောရလျှင် မြန်မာသည် ကမ္ဘာ့ကာဗွန် ဓါတ်ငွေ့ အထုတ်လွှတ်ဆုံး တိုင်းပြည်ကြီး နှစ်ခုအကြားတွင် ရောက်ရှိနေခြင်းဖြစ်ပြီး ဆည်မဆောက်-ကျောက် မီးသွေးစက်ရုံ မထူထောင်သော်လည်း ရာသီဥတု ထူးခြားကောင်းမွန်လာဖွယ် လုံး၀ မရှိပါ။
ယခုတောင် ပူပြင်းသည့် ရာသီဥတုတွင် မီးပျက်- ရေမလာနှင့် ချွေးဒီးဒီးကျကာ စီးပွားထိသူထိ၊ သေသည့်သူများ သေဆုံးကုန်ကြပါပြီ။ နောက်ထပ် လျှော့ရလျှင် လန်ကွက်တီတောင် ကျန်တော့မည် မထင်ပါ။ ။သတင်းဘာ သာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်။)
(Dhaka Tribune., 8 May 2023,” UN: Asia and the Pacific unprepared to face climate-induced catastrophes” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi verison
အာရွႏွင့္ ပစိဖိတ္ေဒသတိုင္းျပည္အမ်ားစုသည္ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ျဖစ္ေပၚလာေသာ ကပ္ဆိုးမ်ားကို ရင္ဆိုင္ရန္ ႀကိဳတင္ျပင္ဆင္ထားျခင္း မရွိေသးဟု ကုလသမဂၢေျပာဆို
Htay Oung (NP News)- ေမ ၉
အာရွနဲ႔ ပစိဖိတ္ေဒသရွိ ႏိုင္ငံအမ်ားစုတို႔ဟာ ကမာၻ႔ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ရာသီဥတုျပင္းထန္မႈ၊ လြန္ကဲ မိုးေလ၀သအေျခအေန အႀကိမ္ႀကိမ္ တိုးပြားလာမႈနဲ႔ သဘာဝေဘးအႏၲရာယ္မ်ားကို ရင္ဆိုင္ရန္ ျပင္ဆင္မႈ လုံ ေလာက္စြာ မရွိၾကေသးေၾကာင္း ကုလသမဂၢ အာရွပစိဖိတ္ဆိုင္ရာ စီးပြားေရး-လူမႈေရးေကာ္မရွင္ (ESCAP) ရဲ႕ ယခုေနာက္ဆုံး ေလ့လာမႈအသစ္အရ သိရွိရတယ္လို႔ Dhaka Tribune က ေမလ ၈ရက္မွာ ေရးသားပါတယ္။
“Race to Net Zero: Accelerating Climate Action in Asia and the Pacific” အစီရင္ခံစာအရ ေဒသတြင္းႏိုင္ငံမ်ားအေနနဲ႔ ကမာၻ႔ရာသီဥတုေျပာင္းလဲမႈမွာ လိုက္ေလ်ာညီေထြျဖစ္ေအာင္နဲ႔ ေလ်ာ့ပါးသက္သာ ေစရန္ ႀကိဳးပမ္းေရး၊ ရာသီဥတုဆိုင္ရာ အသိပညာေပးေရးအတြက္ အခ်က္အလက္မ်ားကို ပံ့ပိုးေပးရန္ လုံ ေလာက္တဲ့ ေငြေၾကးရင္းျမစ္မ်ား ခ်ိဳ႕တဲ့ေနေၾကာင္း သိရွိရပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၆၀ အတြင္း အာရွနဲ႔ ပစိဖိတ္ေဒသရဲ႕ အပူခ်ိန္ဟာ ကမာၻ႔ပ်မ္းမွ်အပူခ်ိန္ထက္ ျမင့္တက္မႈ ပိုမိုျမန္ဆန္လာခဲ့ေၾကာင္း၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္မႈအမ်ားဆုံးႏိုင္ငံ ၁၀ ႏိုင္ငံအနက္ ၆ ႏိုင္ငံတို႔ဟာ စားနပ္ရိကၡာစနစ္မ်ား ျပတ္ေတာက္ျခင္း၊ စီးပြားေရးပ်က္စီးျခင္းနဲ႔ လူ႔အဖြဲ႕အစည္းမ်ား ယိုင္နဲ႔ယိုယြင္း ျခင္းတို႔ကို ရင္ဆိုင္ေနရတဲ့ ေဒသမ်ားျဖစ္ေနေၾကာင္း၊ ေဒသတြင္း ရာသီဥတုေျပာင္းလဲမႈရဲ႕ အဆိုး႐ြားဆုံးအက်ိဳး ဆက္မ်ားကို ႀကဳံေတြ႕ေနရေပမဲ့ အဲ့ဒီေဒသဟာ ကမာၻ႔ဖန္လုံအိမ္ဓာတ္ေငြ႕ပမာဏရဲ႕ ထက္ဝက္ေက်ာ္ကို ထုတ္ လႊတ္ေနတဲ့ အဓိက လက္သည္ျဖစ္ေနေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
လူဦးေရတိုးပြားလာကာ စီးပြားေရးမွာ ႐ုပ္ႂကြင္းေလာင္စာမ်ားကို အသုံးျပဳၿပီး ဆက္လက္ လည္ပတ္ေနတဲ့ အတြက္ အဲ့ဒီ ထုတ္လႊတ္မႈ ပမာဏဟာ ျမင့္တက္လာေနေၾကာင္း၊ ဒီအခ်က္က အေရးတႀကီး စိန္ေခၚေနတာကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ေနရေၾကာင္း၊ အာရွနဲ႔ ပစိဖိတ္ေဒသရဲ႕ စီးပြားေရးကို ကာဗြန္ထုတ္လႊတ္မႈ နည္း ပါးတဲ့ လမ္းေၾကာင္းေပၚမွာ ထားရွိရန္၊ ကမာၻ႔ရာသီဥတု ေျပာင္းလဲမႈရဲ႕ အက်ိဳးသက္ေရာက္မႈမ်ားကို ပိုမိုခံႏိုင္ ရည္ရွိလာေစရန္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေဆာင္႐ြက္ေရးကိစၥဟာ ေဒသတြင္း ကပ္ေရာဂါၿပီးဆုံး ၿပီး ေနာက္ ျပန္လည္ထူေထာင္ေရးမွာ ဦးစားေပးနဲ႔ အဓိကေခါင္းစဥ္ျဖစ္ဖို႔ လိုအပ္ေၾကာင္း၊ ကမာၻတစ္ဝွန္း လုံးျဖစ္ ေပၚေနတဲ့ အႏၲရာယ္အစုအေဝး ေနာက္ဆက္တြဲ အက်ပ္အတည္းမွာ ေဒသတြင္းအစိုးရမ်ားအေနနဲ႔ ကာဗြန္ ထုတ္လႊတ္မႈ အသားတင္ သုံညျဖစ္ေရး ႀကိဳးပမ္းမႈေတြကို အသိအမွတ္ ျပဳပါေၾကာင္း ၊
ဒါေပမဲ့ ႏိုင္ငံမ်ားရဲ႕ လုပ္ေဆာင္ခ်က္ အေပါင္းအစုတို႔ဟာ ကာဗြန္ဓာတ္ေငြ႕ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး၊ ကမာၻ႔ရာ သီဥတု ေျပာင္းလဲမႈနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစေရးအတြက္ ႏိုင္ငံအလိုက္ သတ္မွတ္ထားတဲ့အတိုင္း ပူးေပါင္းပါ ၀င္ၾကဖို႔ ပါရီသေဘာတူညီခ်က္ပါ ရည္မွန္းခ်က္မ်ားကို ပ်က္ျပားသြားေစေၾကာင္း ကုလသမဂၢ အေထြေထြအ တြင္းေရးမႉးနဲ႔ ESCAP ရဲ႕ အမႈေဆာင္အတြင္းေရးမႉးျဖစ္သူ အမင္ဒါဆယ္လ္ဆိုင္အယ္ဂ်စ္ဘာနာက ရွင္းျပပါတယ္။
လက္ရွိ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈဟာ ၂၀၁၀ ခုႏွစ္မွာ မွတ္တမ္းတင္ထားတဲ့ အဆင့္ထက္ ၁၆ ရာခိုင္ႏႈန္းတိုးလာမယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း။ ဒါေပမဲ့ ကမာၻႀကီးပူေႏြးလာမႈကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ္စီးယပ္အတြင္း ထိန္းသိမ္းထားဖို႔အတြက္ ၄၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ရန္ လိုအပ္တဲ့အတြက္ ဆန္႔က်င္ေျပာင္းျပန္ျဖစ္ေနေၾကာင္း၊ ျပတ္ျပတ္သားသား အေရးယူေဆာင္႐ြက္ျခင္း မရွိပဲ ကမာၻႀကီးပူေႏြးလာမႈဟာ ေဒသတြင္း ဆင္းရဲမြဲေတမႈနဲ႔ (ႏိုင္ ငံအခ်င္းခ်င္းတို႔အၾကား ဆင္းရဲ-ခ်မ္းသာ) မညီမွ်မႈကို အဓိက ေမာင္းႏွင္အားအျဖစ္ ဆက္လက္ တည္ရွိေနမွာ ျဖစ္ေၾကာင္း၊ ပစိဖိတ္ေဒသရွိ ဖြံ႕ၿဖိဳးဆဲ ကြၽန္းႏိုင္ငံငယ္မ်ားမွာ ဆိုး႐ြားတဲ့ အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရဖြယ္ရွိ ေၾကာင္း၊ ESCAP ရဲ႕ ေလ့လာမႈအရ စြမ္းပင္၊ ကာဗြန္ထုတ္လႊတ္မႈနည္းပါး သယ္ယူပို႔ေဆာင္ေရး၊ ကမာၻ႔ကုန္ သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံေရး စသျဖင့္ က႑ႀကီး ၃ ရပ္မွာ လိုအပ္တဲ့ အသြင္ကူးေျပာင္းမႈမ်ားကို ေဖာ္ထုတ္ ေပးခဲ့တယ္လို႔ အမႈေဆာင္အတြင္းေရးမႉးျဖစ္သူ အမင္ဒါဆယ္လ္ဆိုင္အယ္ဂ်စ္ဘာနာက တင္ျပပါတယ္။
၇၉ ႀကိမ္ေျမာက္ ESCAP ေကာ္မရွင္အစည္းအေဝးကို ေမလ ၁၅ ရက္မွ ၁၉ ရက္အထိ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး ေဒသတြင္းနဲ႔ ႏိုင္ငံတကာေခါင္းေဆာင္မ်ား၊ တာဝန္ရွိသူမ်ား၊ လူငယ္မ်ားနဲ႔ သက္ဆိုင္သူ မ်ားစုေဝးၾကဖို႔ရွိေၾကာင္း၊ ကာဗြန္ထုတ္လႊတ္မႈ အသားတင္ သုံညျဖစ္ေရးအတြက္ ဆန္းသစ္တဲ့ မူဝါဒေ႐ြးခ်ယ္မႈ မ်ား၊ ေျပာင္းလဲလာတဲ့ ကမာၻ႔ရာသီဥတုနဲ႔ သဟဇာတျဖစ္ေရး ဦးတည္လမ္းခင္းေပးမွာျဖစ္ေၾကာင္း Dhaka Tribune က ဆက္လက္ေဖာ္ျပပါတယ္။
( ယခုသတင္းအရ ကမာၻ႔ရာသီဥတုေျပာင္းလဲေရးအတြက္ ဖန္လုံအိမ္ဓါတ္ေငြ႕ထုတ္လႊတ္မႈ အသားတင္ သုည ျဖစ္ေရးဆိုသည္ကို သံေယာင္လိုက္ကာ ကန္႔ကြက္ၾကမည့္ ႂကြတက္လႈပ္ရွားသူမ်ား၊ ႏိုင္ငံေရး အျမတ္ ထုတ္လို သူမ်ား၊ ေမြးစားခံ မီဒီယာႏွင့္ ပညာရွင္ဆိုသူမ်ား၏ ရန္ကို ႀကိဳတင္ေတြးမိ၍ ေခြၽးသီးေတြ ဘူးသီးလုံးေလာက္ က်မိပါသည္။
၂၀၁၉ ခုႏွစ္တြင္ ကမာၻႀကီးတစ္ခုလုံး၏ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈ စုစုေပါင္းမွာ 55.3 GtCO2e (Gigatonnes of carbon dioxide equivalent) ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေငြ႕ ပမာဏ ရွိခဲ့ပါသည္။
၂၀၁၄ ခုႏွစ္တြင္ တ႐ုတ္တစ္ႏိုင္ငံတည္းက ၂၃ ရာခိုင္ႏႈန္း ထုတ္လုပ္ေနခဲ့ၿပီး အေမရိကန္ (၁၉)ရာခိုင္ႏႈန္း၊ အိႏၵိယ (၆) ရာခိုင္ႏႈန္း နီးပါးမွ် ရွိေနသည္။ ျမန္မာသည္ တစ္ကမာၻလုံးတြင္ ဟိုးတုန္းကလည္း သုံညနီးပါး ယခုလည္း သုံည၀န္းက်င္သာ ရွိသည္။
သစ္ေတာမ်ား ျပဳန္းတီးျခင္းသည္ သဘာ၀ပတ္၀န္းက်င္ ေျပာင္းလဲေစရာတြင္ အခ်က္တစ္ခုျဖစ္ေၾကာင္း ၀န္ခံပါ သည္။ ျမန္မာနည္းတူ ၄င္းႏိုင္ငံမ်ားသည္လည္း မိုးသည္းထန္၊ အပူလႈိင္း-အေအး လႈိင္းက်ေရာက္၊ ပူျပင္း ေျခာက္ေသြ႕ႏွင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားလွ်က္ရွိသည္။ အတိုခ်ဳံးေျပာရလွ်င္ ျမန္မာသည္ ကမာၻ႔ကာဗြန္ ဓါတ္ေငြ႕ အထုတ္လႊတ္ဆုံး တိုင္းျပည္ႀကီး ႏွစ္ခုအၾကားတြင္ ေရာက္ရွိေနျခင္းျဖစ္ၿပီး ဆည္မေဆာက္-ေက်ာက္ မီးေသြးစက္႐ုံ မထူေထာင္ေသာ္လည္း ရာသီဥတု ထူးျခားေကာင္းမြန္လာဖြယ္ လုံး၀ မရွိပါ။
ယခုေတာင္ ပူျပင္းသည့္ ရာသီဥတုတြင္ မီးပ်က္- ေရမလာႏွင့္ ေခြၽးဒီးဒီးက်ကာ စီးပြားထိသူထိ၊ ေသသည့္သူမ်ား ေသဆုံးကုန္ၾကပါၿပီ။ ေနာက္ထပ္ ေလွ်ာ့ရလွ်င္ လန္ကြက္တီေတာင္ က်န္ေတာ့မည္ မထင္ပါ။ ။သတင္းဘာ သာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္သည္။)
(Dhaka Tribune., 8 May 2023,” UN: Asia and the Pacific unprepared to face climate-induced catastrophes” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးကြောင့် ကောက်ပဲသီးနှံများဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရန် တောင်သူများကို သတိပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း