ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးကြောင့် ကောက်ပဲသီးနှံများဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရန် တောင်သူများကို သတိပေး
ယွန်း (NP News) - မေ ၉
ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအန္တရာယ် သဘာဝဘေးကြောင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မများပြားစေရန်အတွက် တောင်သူလယ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် သတိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI) က မေလ(၈)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ကြိုတင်ခန့်မှန်းမှုများအရ ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်များ အပါအဝင် ဆေးဝါးများအား ဈေးတက်ခြင်း၊ ဈေးကစားခြင်း နှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်စေရေးအတွက် ကြိုတင်စီစဥ်ထားရန် ထုတ်ပြန်ထားပြီးဖြစ်သည်။
အလားတူ တိုင်းနှင့်ပြည်နယ်များတွင် စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ၊ ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်လုပ်ပြီးကုန်ချောများ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက်လည်း UMFCCI မှ ထပ်မံအသိပေးထားသည်။
သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခြင်းမရှိစေရန်အတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအား အချိန်မီ ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးထားသည်။
ထို့ပြင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်မည့် အစီအစဥ်များချမှတ်ထားရန်လည်း ထည့်သွင်း ပြောဆိုထားသည်။
လတ်တလောကာလတွင် တိုင်းနှင့်ပြည်နယ်အချို့၌ နွေစပါး နှင့် နွေသီးနှံများ ရိတ်သိမ်းလျက်ရှိပြီး အချိန်အခါမဟုတ် မုန်တိုင်းမိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲသီးနှံများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားသင့်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ျဖစ္ေပၚလာႏိုင္သည့္ သဘာဝေဘးေၾကာင့္ ေကာက္ပဲသီးႏွံမ်ားဆုံးရႈံးမႈမရွိေစေရး ႀကိဳတင္ျပင္ဆင္ထားရန္ ေတာင္သူမ်ားကို သတိေပး
ယြန္း (NP News) - ေမ ၉
ျဖစ္ေပၚလာႏိုင္သည့္ မုန္တိုင္းအႏၲရာယ္ သဘာဝေဘးေၾကာင့္ စိုက္ပ်ိဳးထားေသာ ေကာက္ပဲသီးႏွံမ်ား ပ်က္စီးဆုံးရႈံးမႈ မမ်ားျပားေစရန္အတြက္ ေတာင္သူလယ္သမားမ်ားအေနျဖင့္ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ထားရန္ သတိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္(UMFCCI) က ေမလ(၈)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ႀကိဳတင္ခန႔္မွန္းမႈမ်ားအရ ျဖစ္ေပၚလာႏိုင္သည့္ မုန္တိုင္းအႏၲရာယ္ေၾကာင့္ အေျခခံစားေသာက္ကုန္မ်ား အပါအဝင္ ေဆးဝါးမ်ားအား ေဈးတက္ျခင္း၊ ေဈးကစားျခင္း ႏွင့္ ေဈးကြက္အတြင္း ပစၥည္းျပတ္လပ္မႈ မျဖစ္ေစေရးအတြက္ ႀကိဳတင္စီစဥ္ထားရန္ ထုတ္ျပန္ထားၿပီးျဖစ္သည္။
အလားတူ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ စိုက္ပ်ိဳးထားေသာ ေကာက္ပဲသီးႏွံမ်ား၊ ကုန္ၾကမ္းပစၥည္းမ်ားႏွင့္ ထုတ္လုပ္ၿပီးကုန္ေခ်ာမ်ား သဘာဝေဘးေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ မရွိေစေရးအတြက္လည္း UMFCCI မွ ထပ္မံအသိေပးထားသည္။
သဘာဝေဘးေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ မ်ားျပားျခင္းမရွိေစရန္အတြက္ ကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ ေတာင္သူလယ္သမားမ်ားအား အခ်ိန္မီ ႀကိဳတင္ျပင္ဆင္ႏိုင္ရန္ အသိေပးထားသည္။
ထို႔ျပင္ အေရးေပၚအေျခအေန ျဖစ္ေပၚလာပါက ဝိုင္းဝန္းေဆာင္႐ြက္ေပးႏိုင္မည့္ အစီအစဥ္မ်ားခ်မွတ္ထားရန္လည္း ထည့္သြင္း ေျပာဆိုထားသည္။
လတ္တေလာကာလတြင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ ေႏြစပါး ႏွင့္ ေႏြသီးႏွံမ်ား ရိတ္သိမ္းလ်က္ရွိၿပီး အခ်ိန္အခါမဟုတ္ မုန္တိုင္းမိုး႐ြာသြန္းမႈေၾကာင့္ ရိတ္သိမ္းဆဲသီးႏွံမ်ား ေလလြင့္ဆုံးရႈံးမႈ မျဖစ္ေစရန္အတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားေဆာင္႐ြက္ထားသင့္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ယေန႔ထုတ္ႏိုင္ငံပိုင္သတင္းစာတြင္ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၌ အစုအပုံလိုက် သေနတ်ပစ်ခံရမှုကြောင့် ယခုနှစ် တစ်နှစ်လုံးအတွက် လူပေါင်း ၁၄ဝဝဝ ကျော် သေဆုံးရဖွယ်ရှိဟု အိမ်ဖြူတော်ပြောဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း