Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအဖြစ် ဆန်စပါးစုဆောင်းထားမှုနှင့် ဖူလုံမှုအပြည့်အဝရှိကြောင်း ဆန်စပါးအသင်းချုပ်အသိပေး

စော(NP News)- မေ ၇

သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအတွက် ဆန်စပါး စုဆောင်းထားမှုနှင့် ဖူလုံမှုအပြည်အဝရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဝယ်ယူစုဆောင်းမှုများမပြုလုပ်ဘဲ လိုအပ်သောပမာဏကိုသာ ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့ (မေလ ၇ ရက်)တွင် အထက်ပါကဲ့သို့အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် လတ်‌တလောဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်းကို မိုးဇလမှ ခန့်မှန်းပြောဆိုထားပြီးဖြစ်သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်များကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ‌ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးစုဆောင်းထားရှိမှုနှင့် ဆန်စပါးဖူလုံမှုအပြည့်အဝရှိကြောင်း ထုတ်ပြန်ထားသည်။

ဆန်စပါးဖူလုံမှုရှိခြင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူစု ဆောင်းခြင်းများ မပြုလုပ်ရန်နှင့် လိုအပ်သော ပမာဏကိုသာ ဝယ်ယူရန် ဆန်စပါးအသင်းချုပ်မှ ဆိုသည်။

ထိုသို့ ဝယ်ယူရာတွင်လည်း ပစ္စည်းမှန်၊ ‌ဈေးနှုန်းမှန် ဝယ်ယူရရှိရန် အခက်အခဲရှိပါက ဆန်စပါးအသင်းချုပ် အပါအဝင် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များနှင့် ဆက်သွယ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း ဆန်စပါးများကို အမိုး အကာများအောက်နှင့် သဘာဝဘေးအန္တရာယ်မှ ကင်းလွတ်နိုင်မည့် နေရာများတွင် စနစ်တကျ သိုလှောင်ထားရန်နှင့် သိုလှောင်ရုံအတွင်း ရေကြီးမှုများ နှင့်ရေဝင်ရောက်နိုင်သောကြောင့် အောက်ခြေမြှင့်ထားရန်လိုကြောင်း အသင်းချုပ်မှ အသိပေးပြောဆိုထားသည်။

အလားတူ ရိတ်သိမ်းဆဲနှင့် ရိတ်သိမ်းရန်ကျန်ရှိနေသော ကမ်းရိုးတန်းအနီးတဝိုက်ဒေသများတွင်လည်း နွေစပါးရိတ်သိမ်းသိုလှောင်မှုများကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုမ္ပဏီများအနေဖြင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့်စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး တောင်သူများကို တတ်နိုင်သမျှကူညီပေးရန် တိုက်တွန်းထားသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကျရောက်မှုဖြစ်ပေါ်လာပါက Emergency Early Response ပြုလုပ်နိုင်ရန်နှင့် ဆန်လိုအပ်မှုရှိပါက အသင်းချုပ် ရုံးချုပ်၊ ညီနောင်အသင်းများ နှင့် ကုန်စည်ဒိုင်များကို ဆက်သွယ်ညှိနှိုင်းတင်ပြရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version


စော(NP News)- မေ ၇










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နန်းတက်ပွဲအခမ်းအနားအတွင်း ဗြိတိန်ဘုရင် စနစ်ကိုဖျက်သိမ်းဖို့ ဆန္ဒပြခဲ့သူ အနည်းဆုံး (၅ဝ)ကျော်ကို ဖမ်းဆီးခဲ့ဟု ဗြိတိန်ရဲတပ်ဖွဲ့ပြော

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved