နန်းတက်ပွဲအခမ်းအနားအတွင်း ဗြိတိန်ဘုရင် စနစ်ကိုဖျက်သိမ်းဖို့ ဆန္ဒပြခဲ့သူ အနည်းဆုံး (၅ဝ)ကျော်ကို ဖမ်းဆီးခဲ့ဟု ဗြိတိန်ရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NP News) - မေ ၇
ဗြိတိန်ရဲတပ်ဖွဲ့ဟာ မေလ ၆ ရက်ကကျင်းပတဲ့ ဗြိတိန်ဘုရင် King Charles III ရဲ့နန်းတက်ပွဲအခမ်းအနားအတွင်း ဆန့်ကျင်ဆန္ဒပြခဲ့သူ လူပေါင်း (၅၂)ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့ဟာ နန်းတက်ပွဲအခမ်းအနားကျင်းပချိန်အတွင်း ဆန္ဒပြခဲ့သူများကို ရုန်းရင်းဆန်ခတ်ဖြစ်စေမှု၊ ငြိမ်းချမ်ရေးကို ချိုးဖောက်မှု၊ အများပြည်သူအနှောက်အယှက်ဖြစ်စေမှုစတဲ့စွဲချက်များနဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းပါတယ်။ လန်ဒန်ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို လက်ရှိအချိန်မှာ ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရပါတယ်။ ဆန္ဒပြသူအုပ်စုတွေဟာ အဝါရောင်တီရှပ်တွေကို ဝတ်ဆင်ထားပြီး နိုင်ငံအကြီးအကဲကို ပြည်သူအများစုရဲ့ဆန္ဒအတိုင်း ရွေးချယ်မှုနဲ့သာ ရွေးချယ်ဖို့ နဲ့ ခေတ်သစ်သမိုင်းမှာ တော်ဝင်မိသားစုများအတွက် နေရာမရှိသင့်တော့ကြောင်း တောင်းဆိုခဲ့သလို စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်သိမ်းဖို့ နဲ့ ဘုရင်စနစ်ကိုအလိုမရှိကြောင်းစတဲ့ ကြွေးကြော်သံများကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
လန်ဒန်မြို့ဝက်မင်စတာရဲတိုက်မှာကျင်းပတဲ့ ဗြိတိန်နန်းတက်ပွဲအခမ်းအနားကို ကမ္ဘာတဝှမ်းက ထင်ရှားကျော်ကြားသူများ၊ နိုင်ငံခေါင်းဆောင်အကြီးအကဲများ အပါအဝင်ဖိတ်ကြားထားသူ လူပေါင်း (၂၂ဝဝ)ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဗြိတိန်ထီးနန်းမှာ နန်းစံသက်အကြာဆုံးဖြစ်တဲ့ ဘုရင်မကြီး အဲလီစဘတ်နတ်ရွာစံသွားခဲ့ပြီးနောက် သားအကြီးဆုံးဖြစ်သူ King Charles III က ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပြီး မေလ ၆ ရက်မှာ နန်းတက်ပွဲအခမ်းနားကျင်းပခဲ့တာဖြစ်ပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့ဟာ လူအုပ်ကြားထဲကနေ ဗြိတိန်ဘုရင်စနစ်ကို ဆန့်ကျင်တဲ့အုပ်စုများ၊ အဖွဲ့ဝင်များကိုဖမ်းဆီးရှာဖွေခဲ့ရာ ဘုရင်စနစ်ကိုမကြိုက်နှစ်သက်ဘူး ဆိုတဲ့ ကြွေးကြော်သံများရေးသားထားတဲ့စာရွက်စာတမ်းရာချီကိုလည်း သိမ်းဆည်းခဲ့ကြောင်းသိရပါတယ်။ ဆန္ဒပြသူအုပ်စုများက ၎င်းအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း၊ ဆန္ဒပြဖို့ အခွင့်ရေးရှိကြောင်း ပြောဆိုခဲ့ပါတယ်။
zawgyi version
နန္းတက္ပြဲအခမ္းအနားအတြင္း ၿဗိတိန္ဘုရင္ စနစ္ကိုဖ်က္သိမ္းဖို႔ ဆႏၵျပခဲ့သူ အနည္းဆုံး (၅ဝ)ေက်ာ္ကို ဖမ္းဆီးခဲ့ဟု ၿဗိတိန္ရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၇
ၿဗိတိန္ရဲတပ္ဖြဲ႕ဟာ ေမလ ၆ ရက္ကက်င္းပတဲ့ ၿဗိတိန္ဘုရင္ King Charles III ရဲ႕နန္းတက္ပြဲအခမ္းအနားအတြင္း ဆန႔္က်င္ဆႏၵျပခဲ့သူ လူေပါင္း (၅၂)ဦးကို ဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။
ၿဗိတိန္ရဲတပ္ဖြဲ႕ဟာ နန္းတက္ပြဲအခမ္းအနားက်င္းပခ်ိန္အတြင္း ဆႏၵျပခဲ့သူမ်ားကို ႐ုန္းရင္းဆန္ခတ္ျဖစ္ေစမႈ၊ ၿငိမ္းခ်မ္ေရးကို ခ်ိဳးေဖာက္မႈ၊ အမ်ားျပည္သူအေႏွာက္အယွက္ျဖစ္ေစမႈစတဲ့စြဲခ်က္မ်ားနဲ႔ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္းပါတယ္။ လန္ဒန္ရဲတပ္ဖြဲ႕က ဆႏၵျပသူမ်ားကို လက္ရွိအခ်ိန္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားေၾကာင္းသိရပါတယ္။ ဆႏၵျပသူအုပ္စုေတြဟာ အဝါေရာင္တီရွပ္ေတြကို ဝတ္ဆင္ထားၿပီး ႏိုင္ငံအႀကီးအကဲကို ျပည္သူအမ်ားစုရဲ႕ဆႏၵအတိုင္း ေ႐ြးခ်ယ္မႈနဲ႔သာ ေ႐ြးခ်ယ္ဖို႔ နဲ႔ ေခတ္သစ္သမိုင္းမွာ ေတာ္ဝင္မိသားစုမ်ားအတြက္ ေနရာမရွိသင့္ေတာ့ေၾကာင္း ေတာင္းဆိုခဲ့သလို စည္းမ်ဥ္းခံဘုရင္စနစ္ကိုဖ်က္သိမ္းဖို႔ နဲ႔ ဘုရင္စနစ္ကိုအလိုမရွိေၾကာင္းစတဲ့ ေႂကြးေၾကာ္သံမ်ားေႂကြးေၾကာ္ဆႏၵျပခဲ့ပါတယ္။
လန္ဒန္ၿမိဳ႕ဝက္မင္စတာရဲတိုက္မွာက်င္းပတဲ့ ၿဗိတိန္နန္းတက္ပြဲအခမ္းအနားကို ကမာၻတဝွမ္းက ထင္ရွားေက်ာ္ၾကားသူမ်ား၊ ႏိုင္ငံေခါင္းေဆာင္အႀကီးအကဲမ်ား အပါအဝင္ဖိတ္ၾကားထားသူ လူေပါင္း (၂၂ဝဝ)ေက်ာ္တက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ၿဗိတိန္ထီးနန္းမွာ နန္းစံသက္အၾကာဆုံးျဖစ္တဲ့ ဘုရင္မႀကီး အဲလီစဘတ္နတ္႐ြာစံသြားခဲ့ၿပီးေနာက္ သားအႀကီးဆုံးျဖစ္သူ King Charles III က ထီးနန္းအ႐ိုက္အရာကို ဆက္ခံခဲ့ၿပီး ေမလ ၆ ရက္မွာ နန္းတက္ပြဲအခမ္းနားက်င္းပခဲ့တာျဖစ္ပါတယ္။
ၿဗိတိန္ရဲတပ္ဖြဲ႕ဟာ လူအုပ္ၾကားထဲကေန ၿဗိတိန္ဘုရင္စနစ္ကို ဆန႔္က်င္တဲ့အုပ္စုမ်ား၊ အဖြဲ႕ဝင္မ်ားကိုဖမ္းဆီးရွာေဖြခဲ့ရာ ဘုရင္စနစ္ကိုမႀကိဳက္ႏွစ္သက္ဘူး ဆိုတဲ့ ေႂကြးေၾကာ္သံမ်ားေရးသားထားတဲ့စာ႐ြက္စာတမ္းရာခ်ီကိုလည္း သိမ္းဆည္းခဲ့ေၾကာင္းသိရပါတယ္။ ဆႏၵျပသူအုပ္စုမ်ားက ၎အေနနဲ႔ ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့ျခင္းျဖစ္ေၾကာင္း၊ ဆႏၵျပဖို႔ အခြင့္ေရးရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတွင် ဓားခုတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ