ပဲခူးတွင် ဓားခုတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိ
စော (NP News)- မေ ၇
ပဲခူးတိုင်း ၊ အနောက်ပိုင်း (ပြည်ခရိုင်)တွင် ဓားခုတ်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၇ ရက်)၊ မွန်းလွဲ (၁)နာရီအချိန်တွင် အနောက်ပိုင်း (ပြည်ခရိုင်) ၊ ပြည်မြို့ - စကားတောင်ရပ် ( ဆံတော်စာသင်ကျောင်းအနီး)တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။
“ကျွန်တော်တို့ရောက်တော့ ရဲတွေတော့ရောက်နေပြီ။ ဆေးစစ်ချက်ယူပြီးတော့ ကားပေါ်တင်လိုက်တာ။ ပြည်ကုတင်(၅ဝဝ)ဆေးရုံအရေးပေါ်ကို ပို့ထားပါတယ်။ ဘယ်လိုဖြစ်တာလဲတော့မကြားလိုက်ဘူး။ ဘယ်ဘက်ပခုံး ပြတ်ရှဒဏ်ရာရသွားပါတယ်။ သုံးလက်မလောက်တော့ရှိပါတယ်။ ဒဏ်ရာကသွေးထွက်လွန်ယုံလောက်ပါပဲ"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၎င်းအား လက်ရှိတွင် ပြည် ကုတင်(၅ဝဝ)ဆေးရုံ အရေးပေါ်သို့ ပို့ဆောင်ပေးထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှဆိုသည်။
zawgyi version
စော (NP News)- မေ ၇
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ တက္ကဆက်နှင့် ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီး အနည်းဆုံး(၁ဝ)ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း