Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
COVID-19 ဟာ ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ မဟုတ်တော့ကြောင်း WHO ပြော

ရောင်နီ (NP News) - မေ ၇

        COVID-19 ဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မေလ (၅)ရက်မှာ ပြောကြားခဲ့ပါတယ်။ လူပေါင်း (၆ ဒသမ ၉)သန်းကျော် သေဆုံးခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါအဆုံးသတ်ရေး အဓိကခြေလှမ်းစတင်ခဲ့ချိန်မှစ ကမ္ဘာ့စီးပွားရေး အနှောင့်အယှက်ဖြစ်ခဲ့ကာ လူ့အဖွဲ့အစည်းများကို ထိခိုက်စေခဲ့ပါတယ်။ 

      "မနေ့က အရေးပေါ်ကော်မတီနဲ့ ၁၅ ကြိမ်မြောက် တွေ့ဆုံပြီးနောက် နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ်သာကြေညာဖို့ အကြံပြုထားပါတယ်၊ အဲဒီအကြံဉာဏ်ကို ကျွန်တော်လက်ခံပြီးပါပြီ"  လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ် အာဟာနွန် ဂျီဘရီရက်ဆူ က ပြောကြားခဲ့ပါတယ်။ 

WHO ရဲ့ အရေးပေါ်ကော်မတီဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ၎င်းရဲ့ Covid -19 သတိပေးချက်အမြင့်ဆုံးအဆင့်ကို ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်က ပထမဆုံးကြေငြာခဲ့ပါတယ်။ အဆိုပါအခြေအနေဟာ ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထောက်အကူပြုတဲ့အပြင် ကာကွယ်ဆေးနဲ့ ကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ  ရုတ်သိမ်းလိုက်တာဟာ ဒီဒေသတွေမှာ ကမ္ဘာ့တိုးတက်မှုရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပေမယ့် COVID-19 ဟာ အရေးပေါ်အခြေအနေမဟုတ်တော့ဘူး ဆိုရင်တောင် ဒီနေရာမှာ ဆက်ရှိနေဆဲဖြစ်ကြောင်း WHO က ပြောကြားခဲ့ပါတယ်။ 

WHO ရဲ့ အချက်အလက်များအရ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလက တစ်ပတ်လျှင် လူ (၁)သိန်းကျော် သေ ဆုံးမှုနှုန်းဟာ ယခုဆိုရင် တစ်ပတ်လျှင် ၃၅ဝဝ ကျော် သေဆုံးမှုနှုန်းအထိ နှေးကွေးသွားခဲ့ကြောင်း WHO ရဲ့ အချက်အလက်များအရ သိရပါတယ်။

      WHO ဟာ ကပ်ရောဂါရဲ့ အစကို ၂ဝ၂ဝ ခုနှစ် ၊ မတ်လလို့ သတ်မှတ်ခဲ့ပေမယ့် ကပ်ရောဂါရဲ့ အဆုံးကို ကြေငြာခြင်းမရှိပါဘူး။ မနှစ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကပ်ရောဂါပြီးသွားပြီလို့ ပြောပါတယ်။ အခြားနိုင်ငံများစွာကဲ့သို့ပင် ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်တဲ့ အမေရိကန်ဟာလည်း COVID-19 အတွက် ပြည်တွင်း အရေးပေါ်အခြေအနေတွေကို စတင်ဖျက်သိမ်းနေပြီဖြစ်ပါတယ်။

zawgyi version


ရောင်နီ (NP News) - မေ ၇






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူနိုင်ငံ၊ ရီရှန်မြို့မှနေအိမ်တစ်ခု ရုတ်တရက် ရေကြီးရခြင်းမှာ PUB ပိုက်စနစ် ချို့ယွင်းခဲ့ခြင်းကြောင့်ဖြစ်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved