အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆)မျိုးအား ဝန်ကြီးဌာန ထုတ်ပြန်
Pearl (NP News) - မေ ၆
ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆)မျိုးအား အကောက်ခွန်ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနှင့် ဆပ်စပ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ကို ၂ဝ၂၃ ခုနှစ်၊ ဧပြီလ(၁)ရက်မှစ၍ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အကောက်ခွန် ကင်းလွတ်ခွင့်ပြုသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများတွင် နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ ( PV Module/ Solar Module/ PV Panel/ Solar Panel/ Solar Panel 92 Watt CIGS (Copper Indium Gallium Selenide) နှင့် နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ်ကိရိယာ (PV / Solar (Hybrid/ Smart Array) Controller, Charge Controller for PV/ Solar) ၊ နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း/ ပေါင်းစပ်/ ဘက်ထရီ/ နှစ်မျိုးသုံး/ ပင်မ)တို့ ပါဝင်ကြောင်း သိရသည်။
အလားတူ အိမ်သုံးတပ်ဆင်မှုပုံစံများ(ခေါင်မိုးနှင့် မြေပြင်တွင် တပ်ဆင်ခြင်း) (PV/ Solar Mounted Structure, PV / Solar Mounted Frames, PV / Solar Mounted Kits (Roof and Ground Mounted)) နှင့် နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း) (PV / Solar Mounted System (Floating)) တို့ပါဝင်ကြောင်း သိရသည်။
ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘက်ထရီပုံး (PV / Solar Controller and Battery Box) (PV / Solar Controller နှင့် Battery တွဲလျက်တင်သွင်းခြင်းအတွက်သာ) ပါဝင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား ဖူလုံရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကင်းလွတ်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
အေကာက္ခြန္ကင္းလြတ္ခြင့္ျပဳသည့္ ဆိုလာႏွင့္ ဆက္စပ္ပစၥည္း(၆)မ်ိဳးအား ဝန္ႀကီးဌာန ထုတ္ျပန္
Pearl (NP News) - ေမ ၆
ဆိုလာႏွင့္ ဆက္စပ္ပစၥည္း(၆)မ်ိဳးအား အေကာက္ခြန္ကင္းလြတ္ခြင့္ျပဳေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ဝန္ႀကီးဌာနအေနျဖင့္ ျပည္တြင္းလွ်ပ္စစ္ဓာတ္အားလုံေလာက္စြာရရွိေရးအတြက္ ဆိုလာႏွင့္ ဆပ္စပ္ပစၥည္းမ်ားအား ျပည္ပမွ တင္သြင္းမႈအေပၚ အေကာက္ခြန္ကင္းလြတ္ခြင့္ကို ၂ဝ၂၃ ခုႏွစ္၊ ဧၿပီလ(၁)ရက္မွစ၍ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အေကာက္ခြန္ ကင္းလြတ္ခြင့္ျပဳေသာ ဆိုလာႏွင့္ ဆက္စပ္ပစၥည္းမ်ားတြင္ ေနေရာင္ျခည္စြမ္းအင္မ်ား ထုတ္လုပ္ေပးႏိုင္သည့္ အခ်ပ္မ်ား ( PV Module/ Solar Module/ PV Panel/ Solar Panel/ Solar Panel 92 Watt CIGS (Copper Indium Gallium Selenide) ႏွင့္ ေနေရာင္ျခည္စြမ္းအင္သုံး ေပါင္းစပ္ထိန္းခ်ဳပ္ကိရိယာ (PV / Solar (Hybrid/ Smart Array) Controller, Charge Controller for PV/ Solar) ၊ ေနေရာင္ျခည္စြမ္းအင္သုံး အင္ဗာတာ (စထရင္း/ ေပါင္းစပ္/ ဘက္ထရီ/ ႏွစ္မ်ိဳးသုံး/ ပင္မ)တို႔ ပါဝင္ေၾကာင္း သိရသည္။
အလားတူ အိမ္သုံးတပ္ဆင္မႈပုံစံမ်ား(ေခါင္မိုးႏွင့္ ေျမျပင္တြင္ တပ္ဆင္ျခင္း) (PV/ Solar Mounted Structure, PV / Solar Mounted Frames, PV / Solar Mounted Kits (Roof and Ground Mounted)) ႏွင့္ ေနေရာင္ျခည္စြမ္းအင္ တပ္ဆင္မႈစနစ္ (ေရေပၚတြင္တပ္ဆင္ျခင္း) (PV / Solar Mounted System (Floating)) တို႔ပါဝင္ေၾကာင္း သိရသည္။
ထို႔ျပင္ ေနေရာင္ျခည္စြမ္းအင္သုံး ထိန္းခ်ဳပ္ကိရိယာႏွင့္ ဘက္ထရီပုံး (PV / Solar Controller and Battery Box) (PV / Solar Controller ႏွင့္ Battery တြဲလ်က္တင္သြင္းျခင္းအတြက္သာ) ပါဝင္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပည္တြင္း၌ လွ်ပ္စစ္ဓာတ္အား ဖူလုံရန္ ဆိုလာႏွင့္ဆက္စပ္ပစၥည္းမ်ား ျပည္ပမွ တင္သြင္းမႈအေပၚ အေကာက္ခြန္ ကင္းလြတ္ခြင့္ျပဳျခင္းျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားများအပါအဝင် လူကုန်ကူးခံရသူ(၁ဝဝဝ)ကျော်ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း