Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံသားများအပါအဝင် လူကုန်ကူးခံရသူ(၁ဝဝဝ)ကျော်ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များပြော

Pika (NP News) - မေ ၆

ဖိလစ်ပိုင်အာဏာပိုင်များသည် မတ်လ(၄)ရက် နှင့် (၅)ရက်က ခြံဝင်းတစ်ခုကိုဝင်ရောက်စီးနင်းမှုအတွင်း လူကုန်ကူးခံရသူ(၁ဝဝဝ)ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးခံရသူများသည် ဒီဂျစ်တယ်ငွေကြေး လိမ်လည်လှည့်ဖြားရန်အတွက် တစ်ရက်လျှင်(၁၈)နာရီအထိ အတင်းအဓမ္မအလုပ်ခိုင်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ မနီလာမြို့မှ နှစ်နာရီခန့်ကားမောင်းရသော Mabalacat မြို့ရှိ ခြံဝင်းတစ်ခုကို ဝင်ရောက်စီးနင်းမှုအတွင်း ယင်းကဲ့သို့ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဖိလစ်ပိုင် အမျိုးသားဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့မှ ဗိုလ်ကြီး မီချယ်လီဆာဘီနို က"ဒီလူတွေဟာ ဖေ့စ်ဘုတ်နဲ့ dating app တွေမှာ သူတို့ လိမ်လည်လှည့်ဖျားနိုင်မယ့် လူတွေနဲ့ တွေ့ကြပါတယ်။ ပြီးတော့မှ သူတို့ကိုချစ်ချင်ယောင်ဆောင်ပြီး ရှိသမျှပိုက်ဆံအားလုံးကို ရအောင်ယူကြတာပါ"ဟုပြောဆိုခဲ့သည်။

လူကုန်ကူးခံရသူများမှာ  ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ နီပေါ၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ထိုင်ဝမ်တို့မှဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းထဲတွင် ပိတ်မိနေသော အင်ဒိုနီးရှားနိုင်ငံသားများဆီမှ အကူအညီတောင်းခံသည့် မက်ဆေ့ချ်များကို လက်ခံရရှိပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်များသည် ယင်းခြံဝင်းနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်အာဏာပိုင်များကို သတင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တရားမဝင်သော လုပ်ငန်းများကို အွန်လိုင်းလိမ်လည်မှုစက်ရုံများဟုခေါ်ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့အပါအဝင် အရှေ့ တောင်အာရှရှိ နိုင်ငံအများအပြားတွင် ခြေရာခံနိုင်ခဲ့ကြောင်းသိရသည်။ လူကုန်ကူးခံရသူ သောင်းနှင့်ချီရှိသော ယင်းလုပ်ငန်းသည် ဒေါ်လာဘီလျံပေါင်းများစွာတန်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

လူကုန်ကူးခံရသူများသည် တက္ကသိုလ်ပညာတတ်များ၊ ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း အလုပ်ပြုတ်ပြီး အလုပ်ရှာနေသော သူများဖြစ်ကြောင်းသိရသည်။ ထို့ပြင် အင်္ဂလိပ်နှင့်တရုတ်စကားပြောနိုင်သော လိမ်လည်လှည့်ဖျားသူများကို ယင်းလုပ်ငန်းတွင် ပိုမိုလိုအပ်ကြောင်း Global Anti-Scam Organization က ပြောကြားခဲ့သည်။ လိမ်လည်မှုဆိုင်ရာ လုပ်ငန်းများသည် ဝေးလံခေါင်သီသော ဒေသများတွင် မကြာခဏရှိနေသော်လည်း အချို့လုပ်ငန်းများသည် မြို့ပြများတွင်ရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်များကပြောကြားခဲ့သည်။

zawgyi version

ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ လူကုန္ကူးခံရသူ(၁ဝဝဝ)ေက်ာ္ကို ကယ္တင္ေပးႏိုင္ခဲ့ေၾကာင္း  ဖိလစ္ပိုင္အာဏာပိုင္မ်ားေျပာ

Pika (NP News) - ေမ ၆

ဖိလစ္ပိုင္အာဏာပိုင္မ်ားသည္ မတ္လ(၄)ရက္ ႏွင့္ (၅)ရက္က ၿခံဝင္းတစ္ခုကိုဝင္ေရာက္စီးနင္းမႈအတြင္း လူကုန္ကူးခံရသူ(၁ဝဝဝ)ေက်ာ္ကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

လူကုန္ကူးခံရသူမ်ားသည္ ဒီဂ်စ္တယ္ေငြေၾကး လိမ္လည္လွည့္ျဖားရန္အတြက္ တစ္ရက္လွ်င္(၁၈)နာရီအထိ အတင္းအဓမၼအလုပ္ခိုင္းခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။ မနီလာၿမိဳ႕မွ ႏွစ္နာရီခန႔္ကားေမာင္းရေသာ Mabalacat ၿမိဳ႕ရွိ ၿခံဝင္းတစ္ခုကို ဝင္ေရာက္စီးနင္းမႈအတြင္း ယင္းကဲ့သို႔ ကယ္ဆယ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ အမ်ိဳးသားဆိုက္ဘာရာဇဝတ္မႈ တိုက္ဖ်က္ေရးအဖြဲ႕မွ ဗိုလ္ႀကီး မီခ်ယ္လီဆာဘီႏို က"ဒီလူေတြဟာ ေဖ့စ္ဘုတ္နဲ႔ dating app ေတြမွာ သူတို႔ လိမ္လည္လွည့္ဖ်ားႏိုင္မယ့္ လူေတြနဲ႔ ေတြ႕ၾကပါတယ္။ ၿပီးေတာ့မွ သူတို႔ကိုခ်စ္ခ်င္ေယာင္ေဆာင္ၿပီး ရွိသမွ်ပိုက္ဆံအားလုံးကို ရေအာင္ယူၾကတာပါ"ဟုေျပာဆိုခဲ့သည္။

လူကုန္ကူးခံရသူမ်ားမွာ  ဗီယက္နမ္၊ တ႐ုတ္၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ နီေပါ၊ မေလးရွား၊ ျမန္မာ၊ ထိုင္းႏွင့္ ထိုင္ဝမ္တို႔မွျဖစ္ေၾကာင္းသိရသည္။ အဆိုပါလုပ္ငန္းထဲတြင္ ပိတ္မိေနေသာ အင္ဒိုနီးရွားႏိုင္ငံသားမ်ားဆီမွ အကူအညီေတာင္းခံသည့္ မက္ေဆ့ခ်္မ်ားကို လက္ခံရရွိၿပီးေနာက္ အင္ဒိုနီးရွားအာဏာပိုင္မ်ားသည္ ယင္းၿခံဝင္းႏွင့္ပတ္သက္ၿပီး ဖိလစ္ပိုင္အာဏာပိုင္မ်ားကို သတင္းေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ တရားမဝင္ေသာ လုပ္ငန္းမ်ားကို အြန္လိုင္းလိမ္လည္မႈစက္႐ုံမ်ားဟုေခၚၿပီး ျမန္မာ၊ လာအိုႏွင့္ ကေမာၻဒီးယားတို႔အပါအဝင္ အေရွ႕ ေတာင္အာရွရွိ ႏိုင္ငံအမ်ားအျပားတြင္ ေျခရာခံႏိုင္ခဲ့ေၾကာင္းသိရသည္။ လူကုန္ကူးခံရသူ ေသာင္းႏွင့္ခ်ီရွိေသာ ယင္းလုပ္ငန္းသည္ ေဒၚလာဘီလ်ံေပါင္းမ်ားစြာတန္သည့္ လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။ 

လူကုန္ကူးခံရသူမ်ားသည္ တကၠသိုလ္ပညာတတ္မ်ား၊ ကိုဗစ္(၁၉)ကပ္ေရာဂါကာလအတြင္း အလုပ္ျပဳတ္ၿပီး အလုပ္ရွာေနေသာ သူမ်ားျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ အဂၤလိပ္ႏွင့္တ႐ုတ္စကားေျပာႏိုင္ေသာ လိမ္လည္လွည့္ဖ်ားသူမ်ားကို ယင္းလုပ္ငန္းတြင္ ပိုမိုလိုအပ္ေၾကာင္း Global Anti-Scam Organization က ေျပာၾကားခဲ့သည္။ လိမ္လည္မႈဆိုင္ရာ လုပ္ငန္းမ်ားသည္ ေဝးလံေခါင္သီေသာ ေဒသမ်ားတြင္ မၾကာခဏရွိေနေသာ္လည္း အခ်ိဳ႕လုပ္ငန္းမ်ားသည္ ၿမိဳ႕ျပမ်ားတြင္ရွိေၾကာင္း ဖိလစ္ပိုင္အာဏာပိုင္မ်ားကေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရေချိုးခန်းအတွင်း အမျိုးသမီးတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေမှု အင်းစိန်မြို့နယ်တွင် ဖြစ်ပွား

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved