ရေချိုးခန်းအတွင်း အမျိုးသမီးတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေမှု အင်းစိန်မြို့နယ်တွင် ဖြစ်ပွား
Pearl (NP News) - မေ ၆
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ရေချိုးခန်းအတွင်း အမျိုးသမီးတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၅ရက်) ၊ ည(၈)နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်၊ မုဒိတာအိမ်ရာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမုဒိတာအိမ်ရာတွင် နေထိုင်သူ ဒေါ်သင်းသင်းညို၊ အသက်(၆၅)နှစ်ဝန်းကျင်ခန့်သည် ၎င်း၏နေအိမ် ရေချိုးခန်းအတွင်း သေဆုံးနေခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ ဆိုသည်။
"ရေချိုးခန်းထဲမှာ ဆုံးနေတာ တွေ့တာပေါ့နော်။ ပြင်ပဒဏ်ရာမတွေ့ဘူး။ ပါးစပ်ကတော့ အမြှုပ်နည်းနည်းထွက်နေတယ်။ သေဆုံးတာကတော့ ညနေ (၅)နာရီလောက်က ဆုံးတာလို့ ယူဆပါတယ်" ဟု တွဲလက်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
လက်ရှိတွင် အဆိုပါ ရုပ်အလောင်းအား အင်းစိန်ဆေးရုံ ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ေရခ်ိဳးခန္းအတြင္း အမ်ိဳးသမီးတစ္ဦး ျပင္ပဒဏ္ရာမရွိဘဲ ေသဆုံးေနမႈ အင္းစိန္ၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ေမ ၆
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ေရခ်ိဳးခန္းအတြင္း အမ်ိဳးသမီးတစ္ဦး ျပင္ပဒဏ္ရာမရွိဘဲ ေသဆုံးေနေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၅ရက္) ၊ ည(၈)နာရီခြဲအခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေနာက္၊ မုဒိတာအိမ္ရာတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါမုဒိတာအိမ္ရာတြင္ ေနထိုင္သူ ေဒၚသင္းသင္းညိဳ၊ အသက္(၆၅)ႏွစ္ဝန္းက်င္ခန႔္သည္ ၎၏ေနအိမ္ ေရခ်ိဳးခန္းအတြင္း ေသဆုံးေနခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအဖြဲ႕မွ ဆိုသည္။
"ေရခ်ိဳးခန္းထဲမွာ ဆုံးေနတာ ေတြ႕တာေပါ့ေနာ္။ ျပင္ပဒဏ္ရာမေတြ႕ဘူး။ ပါးစပ္ကေတာ့ အျမႇဳပ္နည္းနည္းထြက္ေနတယ္။ ေသဆုံးတာကေတာ့ ညေန (၅)နာရီေလာက္က ဆုံးတာလို႔ ယူဆပါတယ္" ဟု တြဲလက္လူမႈကူညီေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
လက္ရွိတြင္ အဆိုပါ ႐ုပ္အေလာင္းအား အင္းစိန္ေဆး႐ုံ ၊ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့ တရုတ်အစိုးရ ကတိပြု
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း