ရုရှား၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်မယ်လို့ တရုတ်အစိုးရ ကတိပြု
ရောင်နီ (NP News) - မေ ၆
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက တရုတ်နိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနှစ်နိုင်ငံနဲ့ စည်းလုံးညီညွတ်မှုပြသမှုအဖြစ် “ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု” ပိုမိုအား ကောင်းလာအောင်လုပ်ဆောင်မယ်လို့ ကတိပြုလိုက်သလို ရုရှား၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေး နက်ရှိုင်းလာမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်အပါအဝင်အနောက်နိုင်ငံများအပြင် ဒေသအတွင်းနိုင်ငံများနဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
တရုတ်နိုင်ငံဟာ ယူကရိန်းအပေါ် ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုကို ပြစ်တင်ရှုတ်ချဖို့ ငြင်းဆန်ထားပေမယ့် ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ တိုက်တွန်းတောင်းဆိုလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား-ယူကရိန်း စစ်ပွဲစတင်ခဲ့ပြီးနောက် ပိုင်း ပထမဆုံး အကြိမ်အဖြစ် ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီးနဲ့ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်နဲ့တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲကို ပြေ လည်မှုရရှိအောင်ထင်သာမြင်သာရှိတဲ့ ပံ့ပိုးကူညီမှုများပြုလုပ်ဖို့ ရုရှားနဲ့ ဆက်သွယ်မှု ပေါင်း စပ်ညှိနှိုင်းမှုကိုလည်း ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။
အခြား SCO အဖွဲ့ဝင်နိုင်ငံများနဲ့ ဆက်သွယ်ရေး ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းစေဖို့ နဲ့ အဖွဲ့ရဲ့ “စည်းလုံးညီညွတ်မှု” ကို ထိန်းသိမ်းဖို့ သဘောတူခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိ SCO အုပ်စုမှာ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်တို့အပြင် ဗဟိုအာရှနိုင်ငံ လေးနိုင်ငံဖြစ်တဲ့ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့က တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိနေကြောင်းသိရပါတယ်။
အီရန်နဲ့ ဘီလာရုစ် နိုင်ငံကိုလည်း ဇူလိုင်လအတွင်း နယူးဒေလီမြို့မှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ SCO အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။ အိန္ဒိယ နိုင်ငံခြား ရေးဝန်ကြီး ဆပ်ဘရက်မန်ယန် ဂျာချန်ကာ နဲ့ သီးခြားတွေ့ဆုံမှုမှာလည်း အိန္ဒိယနဲ့ နိုင်ငံ တကာ ဒေသဆိုင်ရာ ကိစ္စရပ်များမှာ “ပူးပေါင်းဆောင်ရွက်မှု” ကို နက်နက်ရှိုင်းရှိုင်း လုပ် ဆောင်လိုကြောင်းနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပြန်လည်ပို့ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ အငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်နဲ့ အိန္ဒိယတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂ဝ၂ဝ ခုနှစ်မှစတင်ပြီး အိန္ဒိယနဲ့ တရုတ်ရဲ့ ဆက်ဆံရေး ယိုယွင်းလာခဲ့ကြောင်းသိရပါတယ်။
zawgyi version
႐ုရွား၊ အိႏၵိယႏိုင္ငံတို႔နဲ႔ ဆက္ဆံေရး ပိုမိုနက္ရႈိင္းလာေစဖို႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္မယ္လို႔ တ႐ုတ္အစိုးရ ကတိျပဳ
ေရာင္နီ (NP News) - ေမ ၆
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ခ်င္ကန္းက တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးဆုံးအိမ္နီးခ်င္းႏွစ္ႏိုင္ငံနဲ႔ စည္းလုံးညီၫြတ္မႈျပသမႈအျဖစ္ “ညႇိႏႈိင္းေဆာင္႐ြက္မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ” ပိုမိုအား ေကာင္းလာေအာင္လုပ္ေဆာင္မယ္လို႔ ကတိျပဳလိုက္သလို ႐ုရွား၊ အိႏၵိယႏိုင္ငံတို႔နဲ႔ ဆက္ဆံေရး နက္ရႈိင္းလာမယ္လို႔ ယုံၾကည္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ အိႏၵိယႏိုင္ငံမွာက်င္းပတဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးတက္ေရာက္ခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္အပါအဝင္အေနာက္ႏိုင္ငံမ်ားအျပင္ ေဒသအတြင္းႏိုင္ငံမ်ားနဲ႔ တည္ၿငိမ္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းဖို႔ ဆႏၵရွိေနတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ယူကရိန္းအေပၚ ႐ုရွားရဲ႕စစ္ေရးလႈပ္ရွားမႈကို ျပစ္တင္ရႈတ္ခ်ဖို႔ ျငင္းဆန္ထားေပမယ့္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔ တိုက္တြန္းေတာင္းဆိုလ်က္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ဟာ ႐ုရွား-ယူကရိန္း စစ္ပြဲစတင္ခဲ့ၿပီးေနာက္ ပိုင္း ပထမဆုံး အႀကိမ္အျဖစ္ ယူကရိန္းႏိုင္ငံ သမၼတ ဇီလန္စကီးနဲ႔ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးအတြင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္နဲ႔ေတြ႕ဆုံခဲ့ၿပီး ယူကရိန္းစစ္ပြဲကို ေျပ လည္မႈရရွိေအာင္ထင္သာျမင္သာရွိတဲ့ ပံ့ပိုးကူညီမႈမ်ားျပဳလုပ္ဖို႔ ႐ုရွားနဲ႔ ဆက္သြယ္မႈ ေပါင္း စပ္ညႇိႏႈိင္းမႈကိုလည္း ဆက္လက္ထိန္းသိမ္းထားဖို႔ ဆႏၵရွိေနတယ္လို႔ဆိုပါတယ္။
အျခား SCO အဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ ဆက္သြယ္ေရး ေပါင္းစပ္ညႇိႏႈိင္းမႈမ်ား အားေကာင္းေစဖို႔ နဲ႔ အဖြဲ႕ရဲ႕ “စည္းလုံးညီၫြတ္မႈ” ကို ထိန္းသိမ္းဖို႔ သေဘာတူခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ လက္ရွိ SCO အုပ္စုမွာ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ပါကစၥတန္တို႔အျပင္ ဗဟိုအာရွႏိုင္ငံ ေလးႏိုင္ငံျဖစ္တဲ့ ကာဇက္စတန္၊ ကာဂ်စၥတန္၊ တာဂ်စ္ကစၥတန္နဲ႔ ဥဇဘက္ကစၥတန္တို႔က တင္းျပည့္အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္လ်က္ရွိေနေၾကာင္းသိရပါတယ္။
အီရန္နဲ႔ ဘီလာ႐ုစ္ ႏိုင္ငံကိုလည္း ဇူလိုင္လအတြင္း နယူးေဒလီၿမိဳ႕မွာက်င္းပမယ့္ ထိပ္သီးအစည္းအေဝးမွာ SCO အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ခြင့္ေပးဖို႔ စီစဥ္ေနပါတယ္။ အိႏၵိယ ႏိုင္ငံျခား ေရးဝန္ႀကီး ဆပ္ဘရက္မန္ယန္ ဂ်ာခ်န္ကာ နဲ႔ သီးျခားေတြ႕ဆုံမႈမွာလည္း အိႏၵိယနဲ႔ ႏိုင္ငံ တကာ ေဒသဆိုင္ရာ ကိစၥရပ္မ်ားမွာ “ပူးေပါင္းေဆာင္႐ြက္မႈ” ကို နက္နက္ရႈိင္းရႈိင္း လုပ္ ေဆာင္လိုေၾကာင္းနဲ႔ ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ ဖြံ႕ၿဖိဳးတိုးတက္မႈလမ္းေၾကာင္းကို ျပန္လည္ပို႔ေဆာင္ဖို႔ ဆႏၵရွိေနတယ္လို႔ ဆိုပါတယ္။ အျငင္းပြားေနတဲ့ ဟိမဝႏၲာနယ္စပ္မွာ တ႐ုတ္နဲ႔ အိႏၵိယတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ၂ဝ၂ဝ ခုႏွစ္မွစတင္ၿပီး အိႏၵိယနဲ႔ တ႐ုတ္ရဲ႕ ဆက္ဆံေရး ယိုယြင္းလာခဲ့ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၅)ရက်တာကာလအတွင်း ကိုဗစ်(၁၉) အတည်ပြုလူနာ (၈ဝဝ)နီးပါး တွေ့ရှိထားပြီး ကူးစက်မှုနှုန်းမြင့်တက်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ