(၅)ရက်တာကာလအတွင်း ကိုဗစ်(၁၉) အတည်ပြုလူနာ (၈ဝဝ)နီးပါး တွေ့ရှိထားပြီး ကူးစက်မှုနှုန်းမြင့်တက်နေ
ယွန်း (NP News) - မေ ၆
မေလ(၁)ရက်မှ (၅)ရက်အထိ ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာ (၇၈၃)ဦး တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်ဖြစ်ပွားမှုသည် လတ်တလောကာလများ၌ ပိုမိုဆိုးရွားလာခဲ့ပြီး ကူးစက်မှုနှုန်းမှာလည်း ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော ကိုဗစ်မျိုးကွဲသည် ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုမှာလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် သင်္ကြန်ကာလအပြီးမှစ၍ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက မေလ(၅)ရက် ည(၈)နာရီထုတ်ပြန်ချက်တွင် ကိုဗစ်(၁၉) အတည်ပြုလူနာ (၂ဝ၈)ဦးရှိခဲ့ပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁ ဒသမ ၈၈) ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ပွားမှုများတွင် ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB 1.16(Arcturus) ကူးစက်ဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူအများစုတွင် မျက်စိနာခြင်း၊ နားကိုက်ခြင်းများဖြစ်ပေါ်ကြသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
zawgyi version
(၅)ရက္တာကာလအတြင္း ကိုဗစ္(၁၉) အတည္ျပဳလူနာ (၈ဝဝ)နီးပါး ေတြ႕ရွိထားၿပီး ကူးစက္မႈႏႈန္းျမင့္တက္ေန
ယြန္း (NP News) - ေမ ၆
ေမလ(၁)ရက္မွ (၅)ရက္အထိ ကိုဗစ္(၁၉)ေရာဂါ အတည္ျပဳလူနာ (၇၈၃)ဦး ေတြ႕ရွိထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ ကိုဗစ္(၁၉)ေရာဂါ ကူးစက္ျဖစ္ပြားမႈသည္ လတ္တေလာကာလမ်ား၌ ပိုမိုဆိုး႐ြားလာခဲ့ၿပီး ကူးစက္မႈႏႈန္းမွာလည္း ပိုမိုျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိျဖစ္ပြားေနေသာ ကိုဗစ္မ်ိဳးကြဲသည္ ကူးစက္မႈျမန္ဆန္ေသာ္လည္း ေရာဂါလကၡဏာမ်ားသည္ ပိုမိုျပင္းထန္မႈမရွိေၾကာင္း၊ ေဆး႐ုံတက္ေရာက္ကုသခံရမႈႏွင့္ ေသဆုံးမႈမွာလည္း ပိုမိုျမင့္မားျခင္းမရွိေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံတြင္ သၾကၤန္ကာလအၿပီးမွစ၍ ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမႈ ျပန္လည္ျမင့္တက္လာခဲ့သည္။
က်န္းမာေရးဝန္ႀကီးဌာနက ေမလ(၅)ရက္ ည(၈)နာရီထုတ္ျပန္ခ်က္တြင္ ကိုဗစ္(၁၉) အတည္ျပဳလူနာ (၂ဝ၈)ဦးရွိခဲ့ၿပီး ပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းမွာ (၁ ဒသမ ၈၈) ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္ပြားမႈမ်ားတြင္ ကိုဗစ္(၁၉)မ်ိဳး႐ိုးဗီဇေျပာင္း ေရာဂါပိုး XBB 1.16(Arcturus) ကူးစက္ျဖစ္ပြားမႈမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
ေရာဂါပိုးေတြ႕ရွိသူအမ်ားစုတြင္ မ်က္စိနာျခင္း၊ နားကိုက္ျခင္းမ်ားျဖစ္ေပၚၾကသည္ကို ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ဘက်က သတိပေးမှုများရှိနေချိန်တွင် အမေရိကန်က ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာသန်း(၅ဝဝ)တန်ဖိုးရှိ စစ်လက်နက်များကူညီပေးရန် စီစဥ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ