မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မေလ(၉)ရက်မှစတင်ကာ မိုးသက်လေပြင်းကျ၍ လှိုင်းကြီးနိုင်ကြောင်း မိုးဇလဆို
ယွန်း (NP News) – မေ ၅
မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မေလ(၉)ရက်မှစတင်ကာ မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(မေလ ၅ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလမှ နေ့လည်(၁)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လာမည့်(မေလ ၇ ရက်)တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မေလ(၈)ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မေလ(၁ဝ)ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
မိုးဇလ၏ ခန့်မှန်းချက်များအရ အဆိုပါဖြစ်စဥ်များကြောင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် လာမည့်(မေလ ၉ ရက် နေ့) မှ မေလ(၁၃)ရက်အထိ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅ဝ)မှ မိုင်(၆ဝ)ခန့်အထိ တိုက်ခိုက်နိုင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက် ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
သို့သော် လက်ရှိသည် မုန်တိုင်းစတင်အစပျိုးခြင်းမရှိသေးပါသဖြင့် ခန့်မှန်းချက်များသည် ပြောင်းလဲနိုင်ကြောင်း မိုးဇလမှ ဆက်လက်ထုတ်ပြန်ထားသည်။
zawgyi version
ျမစ္ဝကြၽန္းေပၚေဒသႏွင့္ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားတြင္ ေမလ(၉)ရက္မွစတင္ကာ မိုးသက္ေလျပင္းက်၍ လႈိင္းႀကီးႏိုင္ေၾကာင္း မိုးဇလဆို
ယြန္း (NP News) – ေမ ၅
ျမစ္ဝကြၽန္းေပၚေဒသႏွင့္ ရခိုင္ကမ္း႐ိုးတန္းေဒသမ်ားတြင္ ေမလ(၉)ရက္မွစတင္ကာ မိုးသက္ေလျပင္းက်ေရာက္ႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ေမလ ၅ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလမွ ေန႔လည္(၁)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ လာမည့္(ေမလ ၇ ရက္)တြင္ ေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။
အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းလာကာ ေမလ(၈)ရက္တြင္ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိကာ ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားၿပီး ေမလ(၁ဝ)ရက္တြင္ ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထုတ္ျပန္ထားသည္။
မိုးဇလ၏ ခန႔္မွန္းခ်က္မ်ားအရ အဆိုပါျဖစ္စဥ္မ်ားေၾကာင့္ ျမစ္ဝကြၽန္းေပၚေဒသႏွင့္ ရခိုင္ကမ္း႐ိုးတန္းေဒသတို႔တြင္ လာမည့္(ေမလ ၉ ရက္ ေန႔) မွ ေမလ(၁၃)ရက္အထိ မိုးသက္ေလျပင္းမ်ားက်ေရာက္ႏိုင္ၿပီး လႈိင္းႀကီးႏိုင္ေၾကာင္း သိရသည္။
အဆိုပါ ကာလအတြင္း ေရျပင္၊ ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၅ဝ)မွ မိုင္(၆ဝ)ခန႔္အထိ တိုက္ခိုက္ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါျဖစ္ေပၚလာႏိုင္သည့္ ဆိုင္ကလုန္းမုန္တိုင္း၏ အရွိန္ေၾကာင့္ ေလျပင္းတိုက္ ခတ္ျခင္း၊ မိုးႀကီးျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္း ႏွင့္ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။
သို႔ေသာ္ လက္ရွိသည္ မုန္တိုင္းစတင္အစပ်ိဳးျခင္းမရွိေသးပါသျဖင့္ ခန႔္မွန္းခ်က္မ်ားသည္ ေျပာင္းလဲႏိုင္ေၾကာင္း မိုးဇလမွ ဆက္လက္ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆားဘီးယားနိုင်ငံမှာ စာသင်ကျောင်း တိုက်ခိုက်မှုပြီးနောက် ဒုတိယမြောက် အစုလိုက်အပြုံ လိုက်ပစ်ခတ်မှု ထပ်မံဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း