Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆားဘီးယားနိုင်ငံမှာ စာသင်ကျောင်း တိုက်ခိုက်မှုပြီးနောက် ဒုတိယမြောက် အစုလိုက်အပြုံ လိုက်ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ရောင်နီ (NP News) - မေ ၅       

ဆားဘီးယားနိုင်ငံမှာ စာသင်ကျောင်း၌ အစုလိုက် အပြုံလိုက် တိုက်ခိုက်မှုပြီးနောက် တစ်ရက်အကြာ မြို့တော်တောင်ဘက်ရှိ မြို့တစ်မြို့မှာ လမ်းသွားလမ်းလာတွေကို သေနတ်သမားတစ်ဦးက အစုလိုက် အပြုံလိုက် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ (၈)ဦး သေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။        

အဆိုပါ ဖြစ်ရပ်ဟာ ဘက်လ်ဂရိတ် တောင်ဘက် ၅ဝ ကီလိုမီတာ ( ၃ဝ မိုင်) အကွာရှိ မဲလက်ဒီနိုဗက် မြို့အနီးမှာ ကြာသပတေးနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားအရ သိရပါတယ်။ တိုက်ခိုက်သူဟာ အသက် ၂၁ နှစ်ရှိ လူငယ်တစ်ဦးဖြစ်ပြီး လူတွေကို ကြုံရာကျပန်းပစ်သတ်ဖို့အလိုအလျောက် လက်နက်ကို အသုံးပြုခဲ့ပါတယ်။ ၎င်းဟာ အစုလိုက် အပြုံလိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ထွက်ပြေးခဲ့ကာ သောကြာနေ့ အစောပိုင်းမှာတော့ ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် RTS TV က ဖော်ပြခဲ့ပါတယ်။ 

ဆားဘီးယား ပြည်ထဲရေးဝန်ကြီး ဘရာတီစ်လက်ဂါဆစ်က ဒီပစ်ခတ်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ အဆိုပါ အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်များအပြင် အထူးရဲများနဲ့ ရဟတ်ယာဉ်များကိုလည်း ပို့ဆောင်ထားပါတယ်။ ယခုသီတင်းပတ်အတွင်း ဆားဘီးယားနိုင်ငံ ဘယ်လ်ဂရိတ် အလယ်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှာ အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးက ၎င်းရဲ့ကျောင်းနေဖက်ရှစ်ဦးနဲ့ လုံခြုံရေးအစောင့်တစ်ဦးတို့ကို ၎င်းရဲ့ ဖခင်ရဲ့ သေနတ်ကို အသုံးပြုကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီနောက် တစ်ရက်အကြာမှာ ယခုလို လမ်းသွားလမ်းလာတွေကို အစုလိုက်အပြုံလိုက် တိုက်ခိုက်မှု ထွက်ပေါ်လာခဲ့တာပါ။ စာသင်ကျောင်း တိုက်ခိုက်မှုမှာ သေဆုံးသူများထဲမှ ကလေးငယ်တစ်ဦးဟာ ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။      

နိုင်ငံဟာ တင်းကျပ်သော သေနတ်ဥပဒေများရှိပြီး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဟာ ၂ဝ၁၃ ခုနှစ်က နိုင်ငံအလယ်ပိုင်းရှိ ရွာတစ်ရွာမှာ နောက်ဆုံးဖြစ်ပွားခဲ့တာပါ။ အာဏာပိုင်တွေဟာ ကြာသပတေးနေ့က သေနတ်ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်ရန် ရွှေ့ဆိုင်းခဲ့ပြီး ရဲတပ်ဖွဲ့က နိုင်ငံသားများအနေနဲ့ ၎င်းတို့ရဲ့လက်နက်တွေကို သော့ခတ်ကာ ကလေးငယ်များနဲ့ ဝေးဝေးမှာ ထားကြဖို့ တိုက်တွန်းထားပါတယ်။

zawgyi version


ရောင်နီ (NP News) - မေ ၅






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တူရကီ သမ္မတ အာဒိုဂန်က ၎င်းရဲ့အတိုက်အခံ ခါမဲလ်ကီလက်ဒါရိုဟာ Gay ဖြစ်ကြောင်းဆို

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved