Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တူရကီ သမ္မတ အာဒိုဂန်က ၎င်းရဲ့အတိုက်အခံ ခါမဲလ်ကီလက်ဒါရိုဟာ Gay ဖြစ်ကြောင်းဆို

ရောင်နီ (NP News) - မေ ၅

        တူရကီသမ္မတ ရစ်ဆက်တေးရစ်အာဒိုဂန်က လာမယ့်သီတင်းပတ် ရွေးကောက်ပွဲများ မတိုင်ခင် ၎င်းရဲ့နိုင်ငံရေးပြိုင်ဘက် ခါမဲလ်ကီလက်ဒါရိုကို “LGBT” ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အာဒိုဂန်ရဲ့အစိုးရဟာ LGBT သဘောတရားကို တူရကီကျင့်ဝတ်နဲ့ ခြားနားသော အမေရိကန်နဲ့ ဥရောပ “ဘာသာတရား” အဖြစ် ရှုမြင်ပါတယ်။ 

       "မစ္စတာ ခါမဲလ်ဟာ LGBT တစ်ဦးဖြစ်တယ်လို့ ကျွန်ုပ်တို့ သိရပါတယ်” လို့ အာဒိုဂန်က ဂီရီဆန်မြို့မှာ ပြုလုပ်တဲ့ ကြာသပတေးနေ့က စုဝေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။ "CHP ဟာ LGBT၊ IYI ပါတီဟာ LGBT ဖြစ်ပြီး HDP ဟာလည်း LGBT ဖြစ်တယ်" လို့ ခါမဲလ ရဲ့ခြောက်ပါတီ အမျိုးသားမဟာမိတ်အဖွဲ့မှ နိုင်ငံရေးအုပ်စုခွဲများစာရင်းများကို LGBT ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ 

“ပြည်သူ့ မဟာမိတ်အဖွဲ့အနေနဲ့ ဒါကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်”  “မိသားစုက ကျွန်တော်တို့အတွက် မြင့်မြတ်တယ်၊ ခိုင်မာတဲ့ မိသားစုဟာ ခိုင်မာတဲ့ လူမျိုးဖြစ်ရမယ်" လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ခါမဲလ်ဟာ လိင်တူချစ်သူအခွင့်အရေးများကို ပြတ်ပြတ်သားသား ထောက်ခံသူမဟုတ်သော်လည်း ရွေးချယ်ခံရပါက Istanbul ကွန်ဗင်းရှင်းကို ပြန်လည်အသက်သွင်းမယ်လို့ ကတိပြုထားပါတယ်။  

ပြီးခဲ့သည့်လက ရေဒီယိုအင်တာဗျူးတစ်ခုမှာ တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်းလု က LGBT အယူဝါဒကို “ဘာသာတရား” အဖြစ် ဖော်ပြခဲ့ပြီး LGBT တက်ကြွလှုပ်ရှားသူများဟာ “အမေရိကနဲ့ ဥရောပရဲ့ ထိန်းချုပ်မှုအောက် လုံးလုံးလျားလျား ဝင်ရောက်သူများ" အဖြစ် ဆက်လက်ဖော်ပြခဲ့ပါတယ်။ 

       ခါမဲလ်ဟာ အာဒိုဂန် နဲ့ ဆွိုင်းလု တို့ရဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများကို ရှောင်လွှဲခဲ့ပြီး ၎င်းရဲ့ မိန့်ခွန်းများမှာ အနောက်တိုင်းလိုလားသော စကားလုံးများ အပြင်းအထန်အသုံးပြုခဲ့ပါတယ်။ အသက် (၇၄)နှစ်ရှိ အစိုးရဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တဲ့ ခါမဲလ်ဟာ ရွေးကောက်ခံရပါက အီးယူအဖွဲ့ဝင်နိုင်ငံများဆိုင်ရာ ဆွေးနွေးပွဲများကို ချက်ချင်းပြန်လည်စတင်ရန်နဲ့ ဘရပ်ဆဲလ်မှ တောင်းဆိုထားတဲ့ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ရန် ကတိပြုထားပါတယ်။

zawgyi version

တူရကီ သမၼတ အာဒိုဂန္က ၎ရဲ႕အတိုက္အခံ ခါမဲလ္ကီလက္ဒါ႐ိုဟာ Gay ျဖစ္ေၾကာင္းဆို 

ေရာင္နီ (NP News) - ေမ ၅        

တူရကီသမၼတ ရစ္ဆက္ေတးရစ္အာဒိုဂန္က လာမယ့္သီတင္းပတ္ ေ႐ြးေကာက္ပြဲမ်ား မတိုင္ခင္ ၎ရဲ႕ႏိုင္ငံေရးၿပိဳင္ဘက္ ခါမဲလ္ကီလက္ဒါ႐ိုကို “LGBT” ျဖစ္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။ အာဒိုဂန္ရဲ႕အစိုးရဟာ LGBT သေဘာတရားကို တူရကီက်င့္ဝတ္နဲ႔ ျခားနားေသာ အေမရိကန္နဲ႔ ဥေရာပ “ဘာသာတရား” အျဖစ္ ရႈျမင္ပါတယ္။ 

       "မစၥတာ ခါမဲလ္ဟာ LGBT တစ္ဦးျဖစ္တယ္လို႔ ကြၽႏ္ုပ္တို႔ သိရပါတယ္” လို႔ အာဒိုဂန္က ဂီရီဆန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ ၾကာသပေတးေန႔က စုေဝးပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။ "CHP ဟာ LGBT၊ IYI ပါတီဟာ LGBT ျဖစ္ၿပီး HDP ဟာလည္း LGBT ျဖစ္တယ္" လို႔ ခါမဲလ ရဲ႕ေျခာက္ပါတီ အမ်ိဳးသားမဟာမိတ္အဖြဲ႕မွ ႏိုင္ငံေရးအုပ္စုခြဲမ်ားစာရင္းမ်ားကို LGBT ျဖစ္ေၾကာင္း ၎က ဆက္လက္ ေျပာၾကားခဲ့ပါတယ္။ 

“ျပည္သူ႔ မဟာမိတ္အဖြဲ႕အေနနဲ႔ ဒါကို ကြၽန္ေတာ္တို႔ ကန႔္ကြက္ပါတယ္”  “မိသားစုက ကြၽန္ေတာ္တို႔အတြက္ ျမင့္ျမတ္တယ္၊ ခိုင္မာတဲ့ မိသားစုဟာ ခိုင္မာတဲ့ လူမ်ိဳးျဖစ္ရမယ္" လို႔ ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ ခါမဲလ္ဟာ လိင္တူခ်စ္သူအခြင့္အေရးမ်ားကို ျပတ္ျပတ္သားသား ေထာက္ခံသူမဟုတ္ေသာ္လည္း ေ႐ြးခ်ယ္ခံရပါက Istanbul ကြန္ဗင္းရွင္းကို ျပန္လည္အသက္သြင္းမယ္လို႔ ကတိျပဳထားပါတယ္။  

ၿပီးခဲ့သည့္လက ေရဒီယိုအင္တာဗ်ဴးတစ္ခုမွာ တူရကီျပည္ထဲေရးဝန္ႀကီး ဆူေလမန္ဆြိဳင္းလု က LGBT အယူဝါဒကို “ဘာသာတရား” အျဖစ္ ေဖာ္ျပခဲ့ၿပီး LGBT တက္ႂကြလႈပ္ရွားသူမ်ားဟာ “အေမရိကနဲ႔ ဥေရာပရဲ႕ ထိန္းခ်ဳပ္မႈေအာက္ လုံးလုံးလ်ားလ်ား ဝင္ေရာက္သူမ်ား" အျဖစ္ ဆက္လက္ေဖာ္ျပခဲ့ပါတယ္။ 

       ခါမဲလ္ဟာ အာဒိုဂန္ နဲ႔ ဆြိဳင္းလု တို႔ရဲ႕ ပုဂၢိဳလ္ေရး တိုက္ခိုက္မႈမ်ားကို ေရွာင္လႊဲခဲ့ၿပီး ၎ရဲ႕ မိန႔္ခြန္းမ်ားမွာ အေနာက္တိုင္းလိုလားေသာ စကားလုံးမ်ား အျပင္းအထန္အသုံးျပဳခဲ့ပါတယ္။ အသက္ (၇၄)ႏွစ္ရွိ အစိုးရဝန္ထမ္းေဟာင္းတစ္ေယာက္ျဖစ္တဲ့ ခါမဲလ္ဟာ ေ႐ြးေကာက္ခံရပါက အီးယူအဖြဲ႕ဝင္ႏိုင္ငံမ်ားဆိုင္ရာ ေဆြးေႏြးပြဲမ်ားကို ခ်က္ခ်င္းျပန္လည္စတင္ရန္နဲ႔ ဘရပ္ဆဲလ္မွ ေတာင္းဆိုထားတဲ့ ျပဳျပင္ေျပာင္းလဲမႈမ်ားကို အေကာင္အထည္ေဖာ္ရန္ ကတိျပဳထားပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကျဉ်းသား(၃၈)ဦးကို သေဒဏ်မှလွတ်ငြိမ်းခွင့်ပြုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်မှုဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန် လူ့အခွင့်အရေးကော်မရှင်မျှော်လင့်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved