ကယားပြည်နယ်ရှိ ယာယီစခန်း(၂)ခု၌ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေ
ယွန်း (NP News) - မေ ၄
ကယားပြည်နယ်ရှိ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များရှိ ယာယီစခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
UNOCHA MYANMAR မှ မေလ(၃)ရက်၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း နှင့် အရှေ့တောင်ပိုင်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးမှုများလည်း ဆက်လက်မြင့်တက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ(၂၄)ရက်အထိ ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေ (၁ ဒသမ ၈)သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA ကပြီးခဲ့သည့် ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
ထို့ပြင် ကယားပြည်နယ် ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်များရှိ ယာယီစခန်းများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ အချို့ဒေသများတွင်လည်း လေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်နှင့် အဆောက်အဦများပျက်စီးခဲ့ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
zawgyi version
ကယားျပည္နယ္ရွိ ယာယီစခန္း(၂)ခု၌ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါမ်ား ျဖစ္ပြားလ်က္ရွိၿပီး လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ား လိုအပ္ေန
ယြန္း (NP News) - ေမ ၄
ကယားျပည္နယ္ရွိ ဒီးေမာ့ဆိုႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္မ်ားရွိ ယာယီစခန္းမ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။
UNOCHA MYANMAR မွ ေမလ(၃)ရက္၊ နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္း ႏွင့္ အေရွ႕ေတာင္ပိုင္တို႔တြင္ လက္နက္ကိုင္တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး အိုးအိမ္စြန႔္ခြာထြက္ေျပးမႈမ်ားလည္း ဆက္လက္ျမင့္တက္ေနေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဧၿပီလ(၂၄)ရက္အထိ ကုလသမဂၢ၏ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ ျမန္မာႏိုင္ငံတစ္ဝန္း ျပည္တြင္းေနရပ္စြန႔္ခြာထြက္ေျပးေနရသူ ဦးေရ (၁ ဒသမ ၈)သန္းေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း UNOCHA ကၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားၿပီးျဖစ္သည္။
ထို႔ျပင္ ကယားျပည္နယ္ ဒီးေမာ့ဆို ႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္မ်ားရွိ ယာယီစခန္းမ်ားတြင္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ အခ်ိဳ႕ေဒသမ်ားတြင္လည္း ေလဆင္ႏွာေမာင္းႏွင့္ ေလျပင္းတိုက္ခတ္မႈမ်ားေၾကာင့္ ေနအိမ္ႏွင့္ အေဆာက္အဦမ်ားပ်က္စီးခဲ့ရၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လိုအပ္ခ်က္မ်ား ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပွဲစားမှ လိမ်လည်ခဲ့ခြင်းကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသား(၂)ဦး တောထဲတွင် ဒုက္ခရောက်ခဲ့ရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ