ပွဲစားမှ လိမ်လည်ခဲ့ခြင်းကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသား(၂)ဦး တောထဲတွင် ဒုက္ခရောက်ခဲ့ရ
စော (NP News) - မေ ၄
မလေးရှားနိုင်ငံ၊ ကလန်းမြို့နယ်ရှိ ပွဲစားမှလိမ်လည်သွားခြင်းကြောင့် တောထဲတွင် (၂)ရက်ကြာ ဒုက္ခ ရောက်နေသည့် မြန်မာနိုင်ငံသား (၂)ဦးကို ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ ယမန်နေ့ (မေလ ၃ ရက်)တွင် ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးကို ပွဲစားမှ တစ်ဦးလျှင် ရင်းဂစ် (၃ဝဝ)ယူပြီး လမ်းဘေးတစ်နေရာ၌ စောင့်နေရန်ပြောပြီး ပြန်မလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့(၂)ဦးသည် ရဲဖမ်းမည်ကြောက်သည့်အတွက် တောထဲတွင် (၂)ရက်တိတိ ဒုက္ခရောက်ခဲ့ရပြီး ၎င်းတို့အဖွဲ့အား အကူအညီတောင်းခံလာသဖြင့် သွားရောက်ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးသည် နေပြည်တော်မှတစ်ဦး နှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှတစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လာရောက်လုပ်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိအချိန်သည် အလုပ်ရှားပါးသည့်အတွက် လူလိမ်ပွဲစားများကို အထူးသတိထားရန်လိုကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ အသိပေးပြောဆိုထားသည်။
zawgyi version
ပြဲစားမွ လိမ္လည္ခဲ့ျခင္းေၾကာင့္ မေလးရွားႏိုင္ငံသို႔ အလုပ္သြားလုပ္မည့္ ျမန္မာႏိုင္ငံသား(၂)ဦး ေတာထဲတြင္ ဒုကၡေရာက္ခဲ့ရ
ေစာ (NP News) - ေမ ၄
မေလးရွားႏိုင္ငံ၊ ကလန္းၿမိဳ႕နယ္ရွိ ပြဲစားမွလိမ္လည္သြားျခင္းေၾကာင့္ ေတာထဲတြင္ (၂)ရက္ၾကာ ဒုကၡ ေရာက္ေနသည့္ ျမန္မာႏိုင္ငံသား (၂)ဦးကို ကူညီကယ္ဆယ္ခဲ့ေၾကာင္း သိရသည္။
ႏွလုံးလွပရဟိတလူငယ္မ်ားေသြးလႉရွင္အဖြဲ႕ (ကြာလာလမ္ပူ-မေလးရွား)မွ ယမန္ေန႔ (ေမလ ၃ ရက္)တြင္ ကူညီကယ္ဆယ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
အဆိုပါျမန္မာႏိုင္ငံသားႏွစ္ဦးကို ပြဲစားမွ တစ္ဦးလွ်င္ ရင္းဂစ္ (၃ဝဝ)ယူၿပီး လမ္းေဘးတစ္ေနရာ၌ ေစာင့္ေနရန္ေျပာၿပီး ျပန္မလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔(၂)ဦးသည္ ရဲဖမ္းမည္ေၾကာက္သည့္အတြက္ ေတာထဲတြင္ (၂)ရက္တိတိ ဒုကၡေရာက္ခဲ့ရၿပီး ၎တို႔အဖြဲ႕အား အကူအညီေတာင္းခံလာသျဖင့္ သြားေရာက္ကယ္တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသားႏွစ္ဦးသည္ ေနျပည္ေတာ္မွတစ္ဦး ႏွင့္ ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕မွတစ္ဦးျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မေလးရွားႏိုင္ငံတြင္ အလုပ္လာေရာက္လုပ္ၾကမည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ လက္ရွိအခ်ိန္သည္ အလုပ္ရွားပါးသည့္အတြက္ လူလိမ္ပြဲစားမ်ားကို အထူးသတိထားရန္လိုေၾကာင္း ႏွလုံးလွပရဟိတလူငယ္မ်ားေသြးလႉရွင္အဖြဲ႕ (ကြာလာလမ္ပူ-မေလးရွား)မွ အသိေပးေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနှင့်ထိုင်းသို့ MOU စနစ်ဖြင့် သွားရောက်မည့်သူများအတွက် ကျန်းမာရေးဆေးစစ်ရန် ဆေးရုံ၊ ဆေးခန်း(၈)ခုနှင့် MOEAF တို့စာချုပ်ချုပ်ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း