အောင်မြင့်မိုရ် နှင့် သီလဝါအိမ်ရာများ၌ အိမ်ခန်းလျှောက်ထားသူ(၇ဝဝ)နီးပါးအနက်မှ (၂ဝဝ)ကျော်ကို ယခုရက်ပိုင်းအတွင်း မဲနှိုက်ရွေးချယ်မည်
ယွန်း (NP News) - မေ ၄
အောင်မြင့်မိုရ်အိမ်ရာ နှင့် သီလဝါအိမ်ရာများတွင် အိမ်ခန်းလျှောက်ထားသူများအနက်မှ (၂ဝဝ)ကျော်ကို ယခုရက်ပိုင်းအတွင်း မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှတည်ဆောက်ထားသည့် ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း နှင့် သန်လျင်- ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာစီမံကိန်းတို့၏ တန်ဖိုးနည်း၊ တန်ဖိုးသင့်အခန်း(၂ဝ၄)ခန်းကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် အိမ်ခန်းများကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့်လပိုင်းက ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။
ထိုသို့ရောင်းချရာ၌ CHID ဘဏ်တွင် ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်အထိ အိမ်ရာစုဆောင်းငွေကျပ်သိန်း(၃ဝ)နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ(၂၇၈၈)ဦး စာရင်းအနက် ပါဝင်သူများကိုသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ဝယ်ယူရန်စာရင်းပေးထားသူမှာ (၆၉၉)ဦးရှိခဲ့ပြီး ၎င်းတို့အား လာမည့် မေလ (၉)ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ (ရန်ကုန်တိုင်းဒေသကြီးရုံး) စုဝေးခန်းမတွင် မဲနှိုက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မဲနှိုက်ရွေးချယ်ရာတွင် ကိုဗစ်(၁၉)လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရန်အတွက် အိမ်ခန်းဝယ်ယူရန် စာရင်းပေးထားသူများအားလုံးကို အခမ်းအနားသို့ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ တက်ရောက်လိုကြောင်း ပထမဦးစွာစာရင်းပေးထားသည့် (၂၅)ဦးကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
zawgyi version
ေအာင္ျမင့္မိုရ္ ႏွင့္ သီလဝါအိမ္ရာမ်ား၌ အိမ္ခန္းေလွ်ာက္ထားသူ(၇ဝဝ)နီးပါးအနက္မွ (၂ဝဝ)ေက်ာ္ကို ယခုရက္ပိုင္းအတြင္း မဲႏႈိက္ေ႐ြးခ်ယ္မည္
ယြန္း (NP News) - ေမ ၄
ေအာင္ျမင့္မိုရ္အိမ္ရာ ႏွင့္ သီလဝါအိမ္ရာမ်ားတြင္ အိမ္ခန္းေလွ်ာက္ထားသူမ်ားအနက္မွ (၂ဝဝ)ေက်ာ္ကို ယခုရက္ပိုင္းအတြင္း မဲႏႈိက္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿမိဳ႕ျပအိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပ ႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွတည္ေဆာက္ထားသည့္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ရွိ ေအာင္ျမင့္မိုရ္အိမ္ရာစီမံကိန္း ႏွင့္ သန္လ်င္- ေက်ာက္တန္းၿမိဳ႕နယ္ရွိ သီလဝါအိမ္ရာစီမံကိန္းတို႔၏ တန္ဖိုးနည္း၊ တန္ဖိုးသင့္အခန္း(၂ဝ၄)ခန္းကို ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက အတိုးႏႈန္းသက္သာေသာ ေခ်းေငြစနစ္ျဖင့္ အိမ္ခန္းမ်ားကို ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းကို ၿပီးခဲ့သည့္လပိုင္းက ထုတ္ျပန္ထားခဲ့ၿပီးျဖစ္သည္။
ထိုသို႔ေရာင္းခ်ရာ၌ CHID ဘဏ္တြင္ ၂ဝ၂၃ ခုႏွစ္၊ ဒီဇင္ဘာလ(၃၁)ရက္အထိ အိမ္ရာစုေဆာင္းေငြက်ပ္သိန္း(၃ဝ)ႏွင့္အထက္ ျပည့္မီေအာင္ စုေဆာင္းထားသူ(၂၇၈၈)ဦး စာရင္းအနက္ ပါဝင္သူမ်ားကိုသာ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထိုသို႔ ထုတ္ျပန္ၿပီးေနာက္ ဝယ္ယူရန္စာရင္းေပးထားသူမွာ (၆၉၉)ဦးရွိခဲ့ၿပီး ၎တို႔အား လာမည့္ ေမလ (၉)ရက္၊ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းရွိ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၊ (ရန္ကုန္တိုင္းေဒသႀကီး႐ုံး) စုေဝးခန္းမတြင္ မဲႏႈိက္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
မဲႏႈိက္ေ႐ြးခ်ယ္ရာတြင္ ကိုဗစ္(၁၉)လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ လူစုလူေဝးမျဖစ္ေစရန္အတြက္ အိမ္ခန္းဝယ္ယူရန္ စာရင္းေပးထားသူမ်ားအားလုံးကို အခမ္းအနားသို႔ တက္ေရာက္ခြင့္ျပဳမည္မဟုတ္ဘဲ တက္ေရာက္လိုေၾကာင္း ပထမဦးစြာစာရင္းေပးထားသည့္ (၂၅)ဦးကိုသာ လက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးဌာန(၂)ခုမှ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားပေးမည့် ကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း