ဝန်ကြီးဌာန(၂)ခုမှ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားပေးမည့် ကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူ
စော (NP News) - မေ ၄
စက်မှု ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်း ကျောင်းများ နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများအတွက် သင်တန်းသားအသစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းများအတွက် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အခြေခံအထက်တန်းကျောင်း နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း စုစုပေါင်း (၅၁)ကျောင်း နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက အခြေခံအထက်တန်းကျောင်း နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း စုစုပေါင်း (၆၅) ကျောင်းတွင် တက်ရောက်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် အခြေခံပညာအလယ်တန်းအဆင့်(Grade -9) အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းဝင်ခွင့်လျှောက်လွှာများကို စက်မှု ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင်မေလ(၅)ရက်တွင် စတင်ထုတ်ယူနိုင်ပြီး မေလ(၁၈)ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တက်ရောက်ခွင့်ရရှိသူများကို ပညာသင်ထောက်ပံ့ကြေးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
zawgyi version
ဝန္ႀကီးဌာန(၂)ခုမွ စက္မႈ၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးပညာရပ္မ်ား တြဲဖက္သင္ၾကားေပးမည့္ ေက်ာင္းမ်ားအတြက္ သင္တန္းသားသစ္မ်ား ေခၚယူ
ေစာ(NP News)-ေမ ၄
စက္မႈ ၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးပညာရပ္မ်ား တြဲဖက္သင္ၾကားေပးမည့္ အေျခခံပညာအထက္တန္း ေက်ာင္းမ်ား ႏွင့္ အစိုးရနည္းပညာ အထက္တန္းေက်ာင္းမ်ားအတြက္ သင္တန္းသားအသစ္မ်ား ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်ာင္းမ်ားအတြက္ စိုက္ပ်ိဳးေရး ၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ႏွင့္ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနတို႔မွ ယေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက အေျခခံအထက္တန္းေက်ာင္း ႏွင့္ အစိုးရနည္းပညာအထက္တန္းေက်ာင္း စုစုေပါင္း (၅၁)ေက်ာင္း ႏွင့္ သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာနက အေျခခံအထက္တန္းေက်ာင္း ႏွင့္ အစိုးရနည္းပညာအထက္တန္းေက်ာင္း စုစုေပါင္း (၆၅) ေက်ာင္းတြင္ တက္ေရာက္ရန္ ေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ အေျခခံပညာအလယ္တန္းအဆင့္(Grade -9) ေအာင္ျမင္ၿပီးသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းဝင္ခြင့္ေလွ်ာက္လႊာမ်ားကို စက္မႈ ၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးပညာရပ္မ်ား တြဲဖက္သင္ၾကားေပးမည့္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားႏွင့္ အစိုးရနည္းပညာ အထက္တန္းေက်ာင္းမ်ားတြင္ေမလ(၅)ရက္တြင္ စတင္ထုတ္ယူႏိုင္ၿပီး ေမလ(၁၈)ရက္ ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
တက္ေရာက္ခြင့္ရရွိသူမ်ားကို ပညာသင္ေထာက္ပံ့ေၾကးေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးပွိုင့်ရှိ ရဲလုံခြုံရေးကင်းအား လက်နက်ငယ် အပါအဝင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း