မြန်မာနိုင်ငံတွင် တစ်ရက်ထဲ၌ ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားသူ (၁၃ဝ)ဦးတွေ့ရှိခဲ့ပြီး သေဆုံးမှုများပါရှိလာ
စော (NP News) - ဧပြီ ၃ဝ
မြန်မာနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်မှု အတည်ပြုလူနာ (၁၃ဝ)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့ (ဧပြီလ ၂၉ ရက်)၊ ည(၈)နာရီတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ(၂၉)ရက် ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ ရောဂါ အတည် ပြုလူနာ(၁၃ဝ)ဦးကိုတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် (၁ ဒသမ ၁၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့အနက်မှ သေဆုံးသူ(၁)ဦးရှိခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ (၂၈)ရက်ကလည်း (၁)ဦးသေဆုံးခဲ့ရာ သင်္ကြန်ကာလအပြီးတွင် ကိုဗစ်(၁၉)ရောဂါကြောင့် သေဆုံးသူ(၂)ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
လက်ရှိဖြစ်ပွားနေသော ကိုဗစ်မျိုးကွဲသည် ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုမှာလည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သုသေသနထုတ်ပြန်ချက်များအရ ကိုဗစ် (၁၉)ရောဂါကာကွယ် ဆေးထိုးနှံသူများတွင် ရောဂါပြင်းထန်မှု ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကိုလျော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးထားပါက ပိုမိုလျော့ချနိုင်ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံတြင္ တစ္ရက္ထဲ၌ ကိုဗစ္ေရာဂါ ကူးစက္ျဖစ္ပြားသူ (၁၃ဝ)ဦးေတြ႕ရွိခဲ့ၿပီး ေသဆုံးမႈမ်ားပါရွိလာ
ေစာ (NP News) - ဧၿပီ ၃ဝ
ျမန္မာႏိုင္ငံတြင္ တစ္ရက္အတြင္း ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈ အတည္ျပဳလူနာ (၁၃ဝ)ဦး ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
က်န္းမာေရးဝန္ႀကီးဌာနမွ ယမန္ေန႔ (ဧၿပီလ ၂၉ ရက္)၊ ည(၈)နာရီတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
က်န္းမာေရးဝန္ႀကီးဌာန၏ ဧၿပီလ(၂၉)ရက္ ထုတ္ျပန္ခ်က္တြင္ ကိုဗစ္ ၁၉ ေရာဂါ အတည္ ျပဳလူနာ(၁၃ဝ)ဦးကိုေတြ႕ရွိခဲ့ၿပီး ေရာဂါပိုးေတြ႕ရွိမႈ ရာခိုင္ႏႈန္းသည္ (၁ ဒသမ ၁၄)ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔အနက္မွ ေသဆုံးသူ(၁)ဦးရွိခဲ့ၿပီး ၿပီးခဲ့သည့္ ဧၿပီလ (၂၈)ရက္ကလည္း (၁)ဦးေသဆုံးခဲ့ရာ သၾကၤန္ကာလအၿပီးတြင္ ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ေသဆုံးသူ(၂)ဦးရွိခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိျဖစ္ပြားေနေသာ ကိုဗစ္မ်ိဳးကြဲသည္ ကူးစက္မႈျမန္ဆန္ေသာ္လည္း ေရာဂါလကၡဏာမ်ားသည္ ပိုမိုျပင္းထန္မႈမရွိေၾကာင္း၊ ေဆး႐ုံတက္ေရာက္ကုသခံရမႈႏွင့္ ေသဆုံးမႈမွာလည္း ပိုမိုျမင့္မားျခင္းမရွိေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
က်န္းမာေရးဝန္ႀကီးဌာန၏ သုေသသနထုတ္ျပန္ခ်က္မ်ားအရ ကိုဗစ္ (၁၉)ေရာဂါကာကြယ္ ေဆးထိုးႏွံသူမ်ားတြင္ ေရာဂါျပင္းထန္မႈ ေဆး႐ုံတက္ေရာက္ကုသခံယူရမႈႏွင့္ ေသဆုံးမႈတို႔ကိုေလ်ာ့ခ်ႏိုင္ၿပီး ထပ္ေဆာင္းကာကြယ္ေဆးထိုးထားပါက ပိုမိုေလ်ာ့ခ်ႏိုင္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်လေဆိပ်ကို လေယာဥ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တိုးချဲ့မည်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ