တာချီလိတ်လေဆိပ်ကို လေယာဥ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တိုးချဲ့မည်
ယွန်း (NP News) - ဧပြီ ၃ဝ
တာချီလိတ်လေဆိပ်ကို လေယာဥ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တိုးချဲ့သွားရန် နစကဥက္ကဋ္ဌမှ အသိပေးပြောဆိုထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ (၂၉)ရက်တွင် တာချီလိတ်လေယာဥ်ကွင်းအဆင့်မြှင့်တင်မှုကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
တာချီလိတ်လေဆိပ်ကို လေယာဥ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တိုးချဲ့ရန်အတွက်လိုအပ်သည်များကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှ တိုက် တွန်းပြောဆိုခဲ့သည်။
ထို့ပြင် လက်ရှိဆောင်ရွက်နေသည့် လေယာဥ်ပြေးလမ်းအဆင့်မြှင့်တင်မှုနှင့် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင်ဆောင်ရွက်ရန် ၎င်းမှဆက် လက်ပြောဆိုထားသည်။
တာချီလိတ်မြို့သို့ မော်တော်ယာဥ်များ အပါအဝင် လေယာဥ်များဖြင့် ပြည်ပမှဝင်ရောက် လာသူများကိုလည်း စနစ်တကျမှတ်တမ်းတင်ရန် လိုအပ်ကြောင်း ၎င်းမှ ပြောဆိုခဲ့သည်။
အလားတူ မြို့အတွင်း၌ ယာဥ်စည်းကမ်း ထိန်းသိမ်းမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန်လိုပြီး လက်ရှိသည် သတ်မှတ်ထားသည့် ယာဥ်နံပါတ်များ တပ်ဆင်ရန်အတွက် ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သောကြောင့် ယာဥ်နံပါတ်များ စနစ်တကျ တပ်ဆင်ရေးကို ဆောင် ရွက်ပေးရန် နစကဥက္ကဋ္ဌမှ ဆိုထားသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ ပို့ကုန်များတင်ပို့နိုင်မှုကို မှတ်တမ်းတင်ထားရန်လိုပြီး ၎င်းမှတစ်ဆင့် သုတေသနပြု ဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြံပြုပြောဆိုထားသည်။
zawgyi version
တာခ်ီလိတ္ေလဆိပ္ကို ေလယာဥ္ႀကီးမ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တိုးခ်ဲ႕မည္
ယြန္း (NP News) - ဧၿပီ ၃ဝ
တာခ်ီလိတ္ေလဆိပ္ကို ေလယာဥ္ႀကီးမ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တိုးခ်ဲ႕သြားရန္ နစကဥကၠ႒မွ အသိေပးေျပာဆိုထားသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဧၿပီလ (၂၉)ရက္တြင္ တာခ်ီလိတ္ေလယာဥ္ကြင္းအဆင့္ျမႇင့္တင္မႈကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
တာခ်ီလိတ္ေလဆိပ္ကို ေလယာဥ္ႀကီးမ်ား ဆင္းသက္ႏိုင္သည္အထိ အဆင့္ျမႇင့္တိုးခ်ဲ႕ရန္အတြက္လိုအပ္သည္မ်ားကို ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ရန္ နစကဥကၠ႒မွ တိုက္ တြန္းေျပာဆိုခဲ့သည္။
ထို႔ျပင္ လက္ရွိေဆာင္႐ြက္ေနသည့္ ေလယာဥ္ေျပးလမ္းအဆင့္ျမႇင့္တင္မႈႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကိုလည္း သတ္မွတ္ခ်ိန္အတြင္းၿပီးစီးေအာင္ေဆာင္႐ြက္ရန္ ၎မွဆက္ လက္ေျပာဆိုထားသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ ေမာ္ေတာ္ယာဥ္မ်ား အပါအဝင္ ေလယာဥ္မ်ားျဖင့္ ျပည္ပမွဝင္ေရာက္ လာသူမ်ားကိုလည္း စနစ္တက်မွတ္တမ္းတင္ရန္ လိုအပ္ေၾကာင္း ၎မွ ေျပာဆိုခဲ့သည္။
အလားတူ ၿမိဳ႕အတြင္း၌ ယာဥ္စည္းကမ္း ထိန္းသိမ္းမႈမ်ားကိုလည္း စနစ္တက်ေဆာင္႐ြက္ရန္လိုၿပီး လက္ရွိသည္ သတ္မွတ္ထားသည့္ ယာဥ္နံပါတ္မ်ား တပ္ဆင္ရန္အတြက္ ပညာေပးကာလကုန္ဆုံးသြားၿပီျဖစ္ေသာေၾကာင့္ ယာဥ္နံပါတ္မ်ား စနစ္တက် တပ္ဆင္ေရးကို ေဆာင္ ႐ြက္ေပးရန္ နစကဥကၠ႒မွ ဆိုထားသည္။
ထို႔ျပင္ နယ္စပ္ကုန္သြယ္ေရးႏွင့္ပတ္သက္၍ ပို႔ကုန္မ်ားတင္ပို႔ႏိုင္မႈကို မွတ္တမ္းတင္ထားရန္လိုၿပီး ၎မွတစ္ဆင့္ သုေတသနျပဳ ေဆာင္႐ြက္၍ ကုန္သြယ္မႈလုပ္ငန္းမ်ားကို တိုးတက္ေအာင္ေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အႀကံျပဳေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဧရာဝတီမြစ်အတွင်းရေဆင်းချိုးသော အမျိုးသားတစ်ဦး ရေနစ်သေဆုံး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း